Film & Music   |   Posted on Dec 27, 2016 by kiki

2016 ရဲ့စတိုင်အကျဆုံး ဂီတဗီဒီယို ၁၅ ခု


ဂီတနဲ့ ဖက်ရှင်ကို တစ်ပေါင်းတစ်စည်းတည်းမြင်တွေ့နိုင်မယ့် ဖန်တီးမှုလက်ရာများဖြစ်ပါတယ်

Share this article

Music videos ဆိုတာ နောက်ထပ်အနုပညာရဲ့ဖန်တီးမှု လက်ရာတစ်ခုဖြစ်ပါတယ်။ ဂီတရဲ့ပြောပြချင်တဲ့ စကားသံတွေကို MV ကနေဖော်ပြခဲ့ရမှာ ခုဆို Music Video များရဲ့လွှမ်းမိုးမှုက အနုပညာပိုင်းမှာတင်မက စီးပွားရေးပိုင်းမှာပါ ပိုကျယ်ပြန့်လာပါတယ်။ ၂၀၁၆ အတွင်းမှာ သီချင်းဖန်တီးမှုအသစ်တွေ၊ အနုပညာရှင်များစွာရဲ့ ဂီတအပေါ်တင်ပြမှုတွေပိုများပြားလာသလို ဂီတပညာရှင်အသစ်တွေကို အမိုက်စားMV ဖန်တီးမှုတွေနဲ့ မြင်တွေ့ရပြီး ပရိသတ်များအနေနဲ့ သီချင်းအသစ်ဖန်တီးမှုကိုသာမက သူတို့တင်ဆက်မယ့် music video ဖန်တီးမှုကိုပါ စောင့်မျှော်လာကြပါပြီ။ 

Queen B ရဲ့ အမိုက်စား အ၀ါရောင်ဝတ်စုံကြီးနဲ့ Lemonade သီချင်းခွေက ဂီတပိုင်းမှာရော တင်ဆက်မှုပိုင်းဆိုင်ရာမှာ အနုပညာဆန်လွန်းတာကြောင့် ပရိသတ်တွေဆီကို အတော်လွှမ်းမိုးနိုင်တဲ့ သီချင်းခွေတစ်ချပ်ဖြစ်ခဲ့တာကို ကြည့်တာနဲ့သိနိုင်ပါတယ်။ ဒါဖြင့် နိုင်ငံတကာမှာ ဖက်ရှင်အမိုက်စားနဲ့ ဂီတဗီဒီယိုတွေကို အပြိုင်အဆိုင် တင်ပြနေတဲ့ ဒီနှစ်အတွင်းမှာ ဘယ်ဟာတွေက ကျွန်မတို့ကို အဖမ်းစားနိုင်ဆုံးဖြစ်ခဲ့သလဲ။ ဘယ်ဟာတွေက ဗီဒီယိုထက်ပိုတဲ့ အနုပညာရသတွေကို ပြသနိုင်ခဲ့သလဲ။ ခုကျွန်မစုစည်းပေးထားတဲ့ ဗီဒီယို ၁၅ ခုကို ကြည့်လိုက်ပါ။ သင်မကြည့်ရသေးတာတွေများပါလာမလားလို့ ..။

ANOHNI, "Drone Bomb Me"

Director: Nabil Elderkin

အာဖဂန်ကကောင်မလေးတစ်ယောက်ရဲ့ မိသားစုဗုံးပေါက်ကွဲတဲ့အထဲပါသွားတဲ့ အကြောင်းကို ရေးထားတဲ့ သီချင်းအတွက် ဗီဒီယို ဖန်တီးတဲ့အခါ အတော်လေးအကျပ်ရိုက်နိုင်တဲ့ အခြေအနေပါပဲ။ ၉၀ ခုနှစ်စူပါမော်ဒယ်ဟောင်း Naomi Campbell ရဲ့ Lip sync သရုပ်ဆောင်ချက်တွေက သီချင်းရဲ့စာသားတွေထက် သူမရဲ့ သရုပ်ဆောင်ချက်တွေက ပိုဆွဲဆောင်မှုရှိလွန်းခဲ့ပါတယ်။ သရုပ်ဆောင်-မော်ဒယ်ဟောင်းက ဒီဗီဒီယိုရိုက်ကူးတဲ့အချိန် သူမမျက်ရည်တောင် ၀ဲခဲ့ရဖူးတယ်လို့ ၀န်ခံထားဖူးပါတယ်။ Givenchy ဒီဇိုင်နာ Riccardo Tisci က အနုပညာညွှန်ကြားခြင်းပိုင်းမှာ တာဝန်ယူးပေးထားပြီး ဖက်ရှင်စတိုင်လ်တစ်ခုသည် စကားလုံးအများကြီးကို ဖော်ပြနိုင်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။

Benjamin Clementine, "I Can't Complain"

Director: Craig McDean

ဖက်ရှင်ဓါတ်ပုံဆရာ Craig McDean ဟာ ဓါတ်ပုံလောကမှ ဂီတဗီဒီယိုတွေကို ညွှန်ကြားတဲ့အပိုင်းကို ဒီနှစ်ထဲမှာ ပြောင်းဝင်လာတာဖြစ်ပါတယ်။ သူ့ရိုက်ကူးပေးထားတဲ့ Rihanna ရဲ့ Kiss It Better သီချင်းက မှတ်တိုင်တစ်ခုလို့ဆိုနိုင်ပေမယ့် ကျွန်မတို့ကတော့ အင်္ဂလိပ် သီချင်းရေးဆရာ-အဆိုတော်  Benjamin Clementine ရဲ့ I Can't Complain ကိုပိုသဘောကျတယ်လို့ ပြောပါရစေ။

Beyoncé, Lemonade

Directors: Beyoncé Knowles, Kahlil Joseph, et al.

ဒီဗီဒီယိုသည် တစ်နှစ်တာလုံးအတွက် အကောင်းဆုံး သီချင်းဖန်တီးမှုဖြစ်သလို ဖက်ရှင်ပိုင်းဆိုင်ရာမှာလည်း အမိုက်ဆုံးတင်ဆက်နိုင်သော ဂီတဗီဒီယိုတစ်ခု ဆိုတာလုံးဝကို သံသယ၀င်စရာမလိုပါဘူး။ Bey တစ်ယောက် Cavalli ရဲ့အ၀ါရောင်ဝတ်စုံကြီးကို အံ့သြမင်သက်စရာကောင်းလောက်တဲ့နည်းနဲ့ ၀တ်ဆင်ထားတဲ့ ဒီဗီဒီယိုဟာ ၂၀၁၆ ဟောလိုးဝင်းရဲ့ တုပလိုက်ဝတ်ဆုံး ၀တ်စုံတစ်စုံဖြစ်လာပါတယ်။

Francis and the Lights ft. Kanye West and Bon Iver, "Friends

Director: Jake Schreier

တစ်ကယ့်အရှိန်အ၀ါကြီးမားတဲ့အနုပညာရှင်တွေကိုသာ စုစည်းတင်ပြထားတဲ့ ဒီဗီဒီယိုက တစ်နှစ်တာအတွက် အကောင်းဆုံးလို့ ဆိုရမလားပဲ။ Francis Farewell Starlite နဲ့ Bon Iver မှ Justin Vernon တို့ရဲ့ ပေါတောတောဆိုပေငြား မျက်စိမလွှဲချင်မိလောက်တဲ့ ကကွက်တွေကို ဒီဗီဒီယိုမှာ တွေ့ရမှာဖြစ်ပါတယ်။

Grimes, "Kill V Maim"

Director: Claire Boucher and Mac Boucher

Grimes  ရဲ့ သီချင်းက အနည်းငယ်အကြမ်းအရမ်းဆန်နေပေမယ့် ဗီဒီယိုတစ်ခုလုံးမှာ ပါဝင်ထားတဲ့သူတိုင်းရဲ့ ဖက်ရှင်တွေက စွန်အထာကျနေတာကိုတော့ မငြင်းနိုင်ပါဘူး။

Gwen Stefani, "Misery"

Director: Sophie Muller

တစ်ကယ်လို့သင့်ရဲ့စိတ်ကူးထဲက music videos ဟာ ခေါင်းအစခြေအဆုံး ထိပ်သီးဒီဇိုင်နာလက်ရာများနဲ့ ပြင်သစ်ရေမွှေးကြော်ငြာတစ်ခုလို ဆွဲဆောင်မှုပြင်းနေတယ်ဆိုရင် Gwen Stefani ရဲ့ဒီဗီဒီယိုက သင့်အတွက်ပါပဲ။

Kanye West, "Fade"

Director: Eli Linnetz

ကျေးဇူးတင်ရမှာတစ်ခုက ဒီဗီယိုကြောင့် ကျွန်မတို့အားလုံး နောက်ထပ် အမိုက်စားမော်ဒယ်Teyana Taylor ကိုသိခွင့်ရခဲ့တာပါ။ ဒီဗီဒီယိုမှာ သူမသိပ်ဝတ်ဆင်မပြထားပေမယ့် ဗီဒီယိုထွက်ရှိပြီး တစ်ပတ်လည်းကြာရော New York Fashion Week ရဲ့ထိပ်ဆုံးခုံတန်းမှာ ထိုင်ခွင့်ရသူတစ်ယောက်ဖြစ်လာတော့တာပါပဲ။

Mary Kamosa, "Lost Me"

Director: Jan Komasa

သူမငယ်စဉ်တုန်းက ပိုလန်သူအဆိုတော်-သီချင်းရေးဆရာမလေး Mary Kamosa က ပဲရစ်ကိုပြောင်းနေပြီး မော်ဒယ်လုပ်လိုက်ပါသေးတယ်။ ဒီအတွေ့အကြုံကို သူမရဲ့ Lost Me မှာထည့်သွင်းခဲ့ပြီး ဗီဒီယိုတစ်ခုလုံးကို ဖက်ရှင်လျှောက်လမ်းအကြောင်း ရိုးရိုးစင်းစင်းနဲ့ လူသားဆန်မှုအကြောင်းကို ပြောပြသွားပါတယ်။

Mykki Blanco ft. Jean Deaux, "Loner"

Directors: Anthony&Alex

Lady Gaga ရဲ့စတိုင်လစ်ဟောင်း Nicola Formichetti က Mykki Blanco ရဲ့ Loner အတွက် အနုပညာညွှန်ကြားမှုကို ကူညီခဲ့ပြီး ရက်ပါဝတ်စုံအမိုက်စားကို ဆင်ယင်ပေးခဲ့ပါတယ်။

Pussy Riot ft. Desi Mo & Leikeli47, "Straight Outta Vagina"

Director: Phillip R Lopez

 

ဒီလောကမှာ ဒီအဖွဲ့လောက်သီချင်းနဲ့ နိုင်ငံရေးကို ဖော်ပြတဲ့အဖွဲ့လောလောဆယ်မှာ ရှိမယ်မထင်ဘူး။ သူတို့ရဲ့သီချင်းတွေနဲ့ Vladimir Putin ကိုတိုက်ခိုက်ခဲ့သလို ခုလည်း Putin ရဲ့အချစ်ဆုံးသူငယ်ချင်း အမျိုးသမီးဝါဒဆန့်ကျင်သူ Donald Trump ရဲ့လိင်ခွဲခြားမှုအမြင်တွေကို ဒီဗီဒီယိုနဲ့ လှောင်လိုက်ပါတယ်။

Rihanna, "Needed Me"

Director: Harmony Korine

လုံးဝကို အပြောင်ပါးလွှာလွန်းတဲ့ ကြိုးပတ်ဝတ်စုံရှည်နဲ့ Biscayne Bay မှာနိုးထလာတဲ့ Rihanna ရဲ့ဖက်ရှင်နဲ့ကိုယ်လုံးအသားပေး ဗီဒီယိုကို Spring Breakers ဒါရိုက်တာ Harmony Korine ကပုံဖော်ပေးထားပါတယ်။

Sevdaliza, "Marilyn Monroe"

Director: Hirad Sab

Iran မှာမွေး Netherlands မှာကြီးပြင်းတဲ့ Sevdaliza ဟာ တောက်ပနေတဲ့ basketball ကစားသမားဘ၀ကိုစွန့်လွှတ်ပြီး အမိုက်စား R&B ဘုရင်မဘ၀ကို ရွေးချယ်ခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာ ခေတ်ရှေ့လွန်နေတဲ့၊ အနာဂတ်ဝတ်စုံများနဲ့ သူမကိုယ်သူမ စက်ရုပ်ဘုရင်မတစ်ပါးအလား ပုံဖော်ခဲ့ပါတယ်။

SHINee, "1 of 1"

K-Pop ယောက်ျားလေးအဖွဲ့တစ်ခုဖြစ်တဲ့ SHINee ရဲ့တစ်ကိုယ်တော် 1 of 1 က Justin Bieber ရဲ့ Sorry လိုမျိုး အရောင်အသွေးစုံတဲ့ ၀တ်စုံတွေ၊ နောက်ခံတီးလုံးအညီကကွက်အလှတွေကို ထည့်သွင်းထားပေမယ့် နောက်ခံအရောင်ကို အဖြူပဲထားလိုက်ခြင်းက သူတို့ကို ပိုကြွရွသွားစေပါတယ်။ ချိုချဉ်ရောင်ဝတ်စုံတွေကို ချိုချဉ်လိုသီချင်းမျိုးနဲ့ပေါင်းစပ်ထားတဲ့ မျက်စိပဒေသာရှိစေတဲ့ ဗီဒီယိုကောင်းတစ်ပုစ်ဖြစ်ပါတယ်။

Solange, "Cranes In The Sky"

Directors: Solange and Alan Ferguson

ဒီသီချင်းရဲ့ ဗီဒီယိုသည် haute couture ရဲ့ လက်ရာမြောက်အလှတွေကို ပညာသားပါပါဖော်ပြသွားတဲ့ ဗီဒီယိုတစ်ပုဒ်ဖြစ်ပါတယ်။

Years & Years ft. Tove Lo, "Desire"

Director: Fred Rowson

ဒီဗီဒီယိုမှာ Frontman Olly Alexander ဟာ ပန်းဆီဖျော့ရောင်ကုတ်ကို အပြာဖျော့ရောင် suit နဲ့တွဲဝတ်ထားပြီး အဲ့ဒီနှစ်ရောင်စလုံးသည် Pantone ရဲ့ ၂၀၁၆ အရောင် Tumblr pink and blue အဖြစ် အသိများပါတယ်။ နောက်ပိုင်းမှာဝင်လာတဲ့ အကသမားတွေကိုကြည့်ရတာ Yeezy Season 3 ကနေတစ်ခါတည်းရောက်ချလာတဲ့မော်ဒယ်တွေလိုဆင်ယင်ထားတာမြင်ရမှာပါ။ မူလက ၂၀၁၄ တုန်းက ဖြန့်ချီခဲ့တယ်ဆိုပေမယ့် ခုကပြန်မွမ်းမံရိုက်ကူးထားတာဖြစ်ပါတယ်။



Share this article

TOP 5 ARTICLES


Skin   |   Posted on Dec 13, 2017

Super Model Kendall Jenne...


Parties & Events   |   Posted on Dec 13, 2017

Yum Yum ပုဇွန်ချဉ်စပ်ရဲ့ပ...


Celebrity News   |   Posted on Dec 13, 2017

Top 10 Sexiest Male Model...


Fashion News   |   Posted on Dec 12, 2017

သင့်ကို Galaxy ထဲခေါ်ဆောင်...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.