Nails   |   Posted on Nov 21, 2016 by Elijah htang

2016ရဲ့ Fallမှာ ခေတ်စားလာဦးမယ့် လက်သည်းအလှပုံရိပ်များ


ဖက်ရှင်အသားပေးခေတ်မှာ ချက်ချင်းSpaကို သွားပြီး အလှဆင်ချင်စိတ်ပေါက်လာအောင် ဆွဲဆောင်နိုင်ဦးမယ့် Fall လက်သည်းဒီဇိုင်းတွေကို သင်သိထားဖို့လိုတယ်နော်။

Share this article

လက်သည်းတွေနဲ့ပတ်သက်လာရင် လူငယ်အများစုဟာ သစ်ဆန်းခေတ်မှီတာပဲ လိုချင်ကြပါတယ်။မိန်းကလေးတွေဟာ ပုံစံအထူးအဆန်းလေးတွေဆိုရင် စိတ်ဝင်စားပြီးသားပါ။ဒါပေမယ့် ဘယ်လိုမျိုးလေးတွေခေတ်စားနေလဲဆိုတာ ခေတ်နဲ့အညီ တပြေးတည်းဖြစ်နေဖို့တော့ လိုအပ်ပါတယ်နော်။အ၀တ်အစားတွေ ဖိနပ်တွေသာမကပဲ လက်သည်းအလှဆင်ခြင်းဟာလည်း ဒီနှစ်ပိုင်းတွေမှာတအားခေတ်စားလာတဲ့အတွက် လေ့လာကြည့်လို့ရအောင်ဖော်ပြပေးလိုက်ရပါတယ်နော်။

လက်သည်းပုံစံတွေထဲမှာ ထိပ်အ၀ိုင်း ဘဲဥပုံ၊လေးထောင့်နဲ့ လေးထောင့်ပုံစံထောင့်ဝိုင်းတွေဟာ ခေတ်အစားဆုံးပုံစံတွေပါ။

1-Darkest of Dark Polishes

နှုတ်ခမ်းနီအမည်းရောင်တွေဆိုးတာ ခေတ်စားလာတာနဲ့အညီ လက်သည်းကို အနက်ရောင်ရင့်ရင့် ဆိုးတာတွေဟာ လူငယ်တွေကြားရေပန်းစားတဲ့ပုံစံဖြစ်လာပါတယ်။

ခရမ်းရောင်ရင့်ပုပ်ပုပ်၊ခဲရောင်အရင့်ဆုံးတွေနဲ့အနက်ရောင်တွေပါဝင်ပါတယ်။

 

2-Sliver of Silver

ငွေရောင်တွေဟာ Fall Nail Trendအတွက် အကြီးမားဆုံးအရောင်ထဲမှာပါဝင်ပြီး လက်သည်းတိုတိုပေါ်မှာ ငွေရောင်ဆိုးတာတွေ၊Metallic Silverဆိုးတာတွေဟာ Fashion Runwayထဲမှာပါ ပါဝင်ခဲ့ပါတယ်။

3-Swarvoski & Rhinestone Embellishments

အခုနောက်ပိုင်းမှာဆိုရင် Swarvoski Crystalတွေကို ကျန်းမာရေးအတွက်ရော ဇိမ်ခံပစည်းတစ်ခုအနေနဲ့ပါ လက်သည်းကို အလှဆင်လာကြပါတယ်။ရိုးရှင်းတဲ့ လက်သည်းပေါ်မှာ ခရစ်စတယ်ပုံစံတွေကို ပေါင်းစပ်အလှဆင်တာတွေဟာ Fallအတွက် ခေတ်စားတဲ့ လက်သည်းအလှပုံစံတစ်မျိုးဖြစ်လာပါတယ်။

 

4-Glitter Bomb

၂၀၁၆မှာ တောက်ပတဲ့ ဘော်ကြယ်တွေဟာ နေရာအတော်ယူထားပါတယ်။ မိတ်ကပ်ပုံစံ၊အ၀တ်အစားတွေမှာသာမက အိတ်တွေအပြင် လက်သည်းပေါ်မှာပါ နေရာယူလာကြပါတယ်။လက်သည်းထိပ်မှာသာမက လက်သည်းတစ်ပြင်လုံးပေါ်မှာပါ တော်ပတဲ့ ဘော်ကြယ်တွေကိုသုံးပြီးအလှဆင်နေကြပါပြီ။

 

 

5-Add in Somelines

အရိုးရှင်းဆုံးဟာ အဆန်းပြားဆုံးဖြစ်တယ်ဆိုတဲ့အတိုင်းပဲ အရောင်အောက်ခံတစ်ထပ်ဆိုးထားတဲ့ အပေါ်မှာ လိုင်းနှစ်ကြောင်း၊သုံးကြောင်းဒါမှမဟုတ် တစ်ကြောင်းကို ခပ်ပါးပါးလေးဆွဲထားတဲ့ပုံစံဟာ Trendတစ်ခုဖြစ်လာပါတယ်။

6-Dual Tone Manicures

အရောင်တစ်ထပ်တည်းဆိုးတာက ချစ်စရာကောင်းပေမယ့်လက်သည်းထိပ်မှာ ဆန့်ကျင်ဘက်အရောင်လေးတွေ အရောင်ဆန်းဆန်းလေးတွေ ကွပ်ပြီးလည်း ဆိုးလို့ရပါတယ်။ဒီအပြင်အဆင်ဟာခေတ်စားခဲ့တာကြာပြီဆိုပေမယ့် ယနေ့ထိ ထိပ်တန်းလက်သည်းအပြင်အဆင်တွေထဲမှာ ပါဝင်နေတုန်းပါပဲ။

7-Funky Nails

ရိုးရှင်းတဲ့အရာတွေကို ငြီးငွေ့လာပြီဆိုရင်တော့ Funky Nailတွေက ကူညီပါလိမ့်မယ်။Runwayမှာ ဒီဇိုင်နာတွေရဲ့ လိုဂိုတွေနဲ့ အလှဆင်ကြသလို သိုးမွှေးလေးတွေ၊ထူးဆန်းတဲ့ မျက်လုံးပုံစံတွေကို အပေါ်ကကပ်ပြီး အလှဆင်ကြပါတယ်။သူများနဲ့မတူ ထူးဆန်းချင်ရင်တော့ လုပ်ကြည့်သင့်တယ်နော်။

8-Metallic Bold

လက်သည်းနီဗြောင်ကိုမှ သတ္တု ကြွအချပ်လိုက်ပုံစံဖြစ်ပြီး ငွေရောင်၊ရွှေရောင်တွေဟာ ဆယ်လီတွေကြားမှာပါတော်တော်ရေပန်းစားခဲ့ပါတယ်။စစချင်းမှာတော့ဈေးကွက်ထဲမှာ ၀ယ်ရတယခက်ခဲပေမယ့် အခုတော့ Salonတွေ Spaတွေမှာ အလွယ်တကူလုပ်လို့ရနေပါပြီ

www.fashionisers.com

Su Yi Htet

 

 



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Jul 22, 2017

Kylie Jenner နဲ့ လမ်းခွဲရ...


Fashion News   |   Posted on Jul 21, 2017

Dior Bra နဲ့ Mini Skirt ပ...


Celebrity News   |   Posted on Jul 21, 2017

ပြင်သစ် ဖက်ရှင်ကုမ္ပဏီ Bal...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.