Sex & Relationships   |   Posted on Dec 22, 2016 by Elijah htang

2017 မှာ Dating လုပ်ဖို့ ဆက်စဉ်းစားနေသေးလား


Single သမားတွေ 2017 မှာ Date လုပ်မယ်လို့ စဉ်းစားရင် ဒါလေးအရင်ဖတ်လိုက်အုန်းနော် . . .

Share this article

အချစ်တစ်ခု ၊ဘဝတစ်ခုအတွက် ချိန်းတွေ့ ခြင်းဆိုတာ တချိန်တခါကအရေးပါအရာရောက်တဲ့ ကဏ္ဍတစ်ခုမှာ အရေးပါပေမယ့် ဒီဘက်ခေတ်မှာတော့ ဒီအရာဟာ ဘာမဟုတ်တဲ့ကိစ္စတစ်ခုအဖြစ် လက်ခံရမယ့်အခြေအနေကိုရောက်ရှိလာပါပြီ။ဘာကြောင့်လဲဆိုတော့

(၁) Dating app များပေါ်လာခြင်းပါ။

ဒီခေတ်လူငယ်တွေအများစုဟာ သူတို့ ရဲ့ ကိုယ့်ပိုင်အချိန်အများစုကို အွန်လိုင်းပေါ်မှာသာအချိန်လာကြပါတယ်။သူတို့ အချိန်ကုန်နေတဲ့ အွန်လိုင်းပေါ်မှာ Dating App တွေ၊ဝက်ဘ်ဆိုက်တွေဆိုတာ တကယ့်ကိုမရေမတွက်နိုင်အောင်များပြားလာတဲအချိန် လူတွေဟာဘဝတစ်ခုအတွက် ထာဝရဆိုတဲ့အရာကိုတွယ်တာရမယ့်အစား လက်ရှိကိုယ်အာသာပြေဖို့  အလွယ်တကူစဉ်းစားတတ်ကြပါတယ်။ ချိန်းတွေ့ ပြီးအချိန်ကုန်မယ့်အစားလို့ တွေးတောမူများလာတဲ့အချိန်မှာ Dating App တွေဟာ Single တွေရဲ့ ဘဝကိုပါအကောင်းဆုံးသိမ်းသွင်းနိုင်တဲ့ ယန္တယားစက်တစ်ခုဖြစ်လာပါတယ်။

(၂) လိင်ဆိုတာဟာ တကယ့်အလွယ်တကူရနိုင်တဲ့အရာတစ်ခုဖြစ်လာပါတယ်။

ဒါကို အလွယ်မရနိုင်ဘူးလို့ သင်ငြင်းရင် သင်ရူံးသွားပါလိမ့်မယ်။ဖုန်းတချက်တောက်လိုက်တာနဲ့ ကိုယ်ဟာဘယ်လိုမျိုးပုံစံကိုသဘောကျတယ်ဆိုတဲ့ အရာနှင့်လိုက်ရှာတာနဲ့ တင် ချက်ချင်းရှာဖွေဖို့ လွယ်ကူတာပါ။ဒါပေမယ့် ဒီအတွက်ငွေများကြီးဖြုန်းရမယ်လို့ သင့်စဉ်းစားခဲ့မယ်ဆိုရင်လည်း သင်မှားပါတယ်။ကိုယ်သဘောကျတဲ့အရာကိုမရပေမယ့် အာသာပြေမယ့်အရာအတွက် ဈေးချိုတဲ့မုန့် တစ်ခုတော့ရှိစမြဲပါ။

(၃) အိမ်ထောင်ပြုခြင်း တန်ဖိုးလျှော့ကျလာခြင်းပါ။

ဒီဘက်ခေတ်လူငယ်တွေဟာ ချက်ခြင်းယူ ချက်ခြင်းကွဲဆိုတဲ့လူနေမူပုံစံများပြားလာတဲ့အချိန် အိမ်ထောင်ပြုထိမ်းမြှားခြင်းရဲ့ တန်ဖိုးကလည်းတဖြည်းဖြည်းလျှော့ကျလာပါတယ်။လက်ရှိ Single ဖြစ်နေတဲ့လူတွေအတွက်ဆို ဒီအရာက ချိန်းတွေ့ ဖို့ ကို တွန်းအားမပေးတဲ့အခြေအနေတစ်ခုဖြစ်သလို အိမ်ထောင်ပြုရမှာကို စိတ်ညစ်စေတဲ့အချက်ဖြစ်လာစေပါတယ်။

(၄) ချိန်းတွေ့ ခြင်းရဲ့ အဓိပ္ပါယ်ကို နားမလည်ခြင်းပါ။

လူ(၁၀) ယောက်ကိုခေါ်ပြီး ချိန်းတွေ့ တယ်ဆိုတာဘယ်လိုလဲလို့ မေးရင် အဖြေကအားလုံးပုံစံကွဲနှင့်ထွက်လာမှာ သေချာပါတယ်။ဟုတ်ပါတယ် ဒီမေးခွန်းကိုဖြေရမယ်ဆို အရိုးရှင်းဆုံးက ချိန်းတွေ့ တယ်ဆိုတာ လူနှစ်ယောက်စိတ်ကူးယဉ်အိမ်လေးကို လေထဲမှာအတူတည်ဆောက်ချင်တဲ့အကြောင်းတွေပြောမယ် ၊ပြီးတော့ စိတ်ဝင်စားစရာကောင်းပြီး Romantic ဆန်ဆန်အနမ်းလေးတွေဖလှယ်ကြတယ် လို့ ဘဲအဓိပ္ပါယ်ဖွင့်မိမှာပါ။

(5)ယုံကြည်မူတွေလျှော့နည်းလာတာပါ။

ဆိုရှယ်မီဒီယာဆိုတဲ့ ကွန်ယက်ကျယ်ပြန့် လာတဲ့အချိန်မှာ လူတွေတယောက်နှင့် တယောက်ဘယ်လောက်ဘဲချစ်နေပါစေ သံသယစိတ်လေးအနည်းငယ်စီတော့ရှိနေကြပါတယ်။အရင်တချိန်က အိမ်ထောင်ပြုချင်တဲ့သူတွေက ဘယ်နေရာမှာ ဘယ်လို လို့ သူ့ အိမ်ထောင်ဖက်ကိုရွေးချယ်ရမလဲလို့ စဉ်းစားနေခဲ့ပေမယ့်လည်း ဒီဘက်ခေတ်ကလူတွေကတော့ ဘာဖြစ်ခဲ့ရင်တော့ ဆိုပြီးအတွေးနှင့်ဘဲ စဉ်းစားလာကြပါတော့တယ်။ဒါကြောင့်ဒီဘက်ခေတ်ကလူတွေဟာ Relationship ဆိုတာကြီးအပေါ်အသည်းအသန်ဖြစ်မနေကြတော့ပါဘူး။

ကဲ (၂၀၁၇) မှာ Single နှင့်ဖြတ်သန်းမလား။ Dating ဆက်လုပ်မှာလား ။

Editor: Elijah Htang



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Apr 20, 2018

Busking ပုံစံ Public Area...


Film & Music   |   Posted on Apr 19, 2018

April လမှာ လက်မလွှတ်ပဲ နား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.