trend report   |   Posted on Dec 12, 2016 by kiki

2017မှာ ၀ယ်သင့်တဲ့အကောင်းတကာ့အကောင်းဆုံး Drugstore ပစ္စည်းများ


နှစ်သစ်မှာမိတ်ကပ်ပစ္စည်းသစ်တွေဝယ်ဖို့စဉ်းစားထားရင်တော့ဒီListကိုမဖြစ်မနေ စဉ်းစားသင့်တယ်နော်

Share this article

နှစ်သစ်ရောက်ပြီဆိုတာနဲ့ ပစ္စည်းသစ်တွေ သူ့ထက်ငါ အပြိုင်အဆိုင်ထုတ်ကြသလို စတိုးဆိုင်တွေရဲ့ စင်တွေမှာလည်း ပစ္စည်းသစ်တွေကနေရာယူနေလေ့ရှိပါတယ်။နှစ်သစ်မှာ ဘယ်လို ပစ္စည်းသစ်တွေထွက်ရှိလာမလဲ ဘယ်လိုပစ္စည်းတွေကို ၀ယ်ယူသင့်သလဲဆိုတာကတော့ အောက်မှာ လေ့လာနိုင်ပါတယ်။

Physician’s Formula Bronzer Booster Contour And Strobe Palette in Shimmer

အရောင်သုံးရောင်ပါဝင်ပြီး Contouring နဲ့ Strobingအတွက် ထုတ်လုပ်ထားတဲ့ ဒီ Paletteကို ဇန်န၀ါရီလမှာ စတင်မိတ်ဆက်မှာဖြစ်ပြီး$11.99နဲ့ရောင်းချမှာ ဖြစ်ပါတယ်။အလက်လက်မှုန်တွေပါဝင်တဲ့ Highlighterတွေက အသားအရေကို တောက်ပစေမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

L’Oreal Paris Infallible Lip Paints

သင်က ပါးလွှာတဲ့ Lip Balm ဒါမှမဟုတ် ပန်းဆီရောင်ကို ကြိုက်တယ်ဆိုရင်တော့ ဒီLiquid နှုတ်ခမ်းနီတွေက သင့်အတွက်မဟုတ်နိုင်ပါဘူး။ဒါပေမယ့် စမ်းသပ်ကြည့်သင့်တဲ့အထဲမှာ ပါဝင်ပါတယ်။ အရောင်ဆန်းတွေပါဝင်ပြီး ဈေးနှုန်းကတော့ $9.99ဖြစ်ပါတယ်။

Sally Hansen –Colour Therapy Nail Polishes

လက်သည်းနီဆိုပေမယ့်ရိုးရိုးလက်သည်းနီမဟုတ်ပါဘူး ။လက်သည်းကို အားဖြည့်ပေးမယ့် Conditioning Oilတွေပါဝင်ပြီး လက်သည်းကို ရေဓာတ်ပြည့်စေမယ့်အပြင် သန်မာစေပါတယ်။ဈေးနှုန်းကတော့ တစ်ဘူးကို $ 6.72ဖြစ်ပါတယ်။

Aveeno Positively Radiant 60 Second In-Shower Facial

Glycolic Acidနဲ့ physical exfoliatorတွေပါဝင်ပေါင်းစပ်ထားတဲ့ Facial Formလေးဟာ အသားအရေကို တောက်ပစေပြီး ဂျီးကျွတ်စေပါတယ်။အသားအရေဟာ Sensitiveဖြစ်တယ်ဆိုရင် ရေချိုးတဲ့အခါ တစ်ပတ်တစ်ကြိမ်သုံးသင့်ပြီး ပုံမှန်အတိုင်းဆိုရင်တော့ နှစ်ခါလောက်သုံးသင့်ပါတယ်။ ဈေးနှုန်းက $6.99ဖြစ်ပြီး ၂၀၁၇ဇန်န၀ါရီလမှာ ရနိုင်မယ်လို့ဆိုပါတယ်။

Maybelline New York Baby Lips Color Balm Crayon

Maybelline New York Baby Lips Color Balm Crayonလေးတွေက အသွင်သစ်နဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။အရောင်တွေအကုန်လုံးက အစိုဓာတ်ဖြည့်တင်းပေးနိုင်ပြီး နှုတ်ခမ်းသားပေါ်မှာ အရောင်ထွက်အားတောက်ပစေမှာဖြစ်ပါတယ်။ $5.99နဲ့ ၀ယ်ယူနိုင်မှာပါ။

 

Crest Whitestrips With Light

Crest Whitestrips With Lightကတော့ သွားတွေကို ပုလဲတွေလို ဖြူဖွေးစေပြီး သွားဆရာဝန်ဆီ သွားစရာမလိုတော့အောင် ကူညီပေးနိုင်မှာပါ။ဈေးနှုန်းက $99ပါ။

Coppertone Clearly Sheer Whipped Suncreen

Suncreenတော်တော်များများက စေးကပ်ကပ်နဲ့လိမ်းရတာ ထူပျစ်ပျစ်တွေဖြစ်တတ်ပေမယ့် Coppertoneရဲ့ Suncreenကတော့ ပေါ့ပါးပြီး အသားအရေကို နူးညံ့စေပါတယ်။ရေကူးပြီးနှစ်နာရီကြာတာတောင်မှ မပျက်သွားပါဘူးတဲ့။ဇန်န၀ါရီလမှာ မိတ်ဆက်ပြီး ဈေးနှုန်း $10.99နဲ့ရောင်းချမှာ ဖြစ်ပါတယ်။

Maybelline New York –Dream Cushion Fresh Face Liquid Foundation

Cushionတွေက ခေတ်စားနေပေမယ့် Foundationဆန်ဆန်ရှားပါတယ်။Maybelline ရဲ့အသစ်ထွက်ရှိမယ့် cushionကတော့အပြစ်အနာအဆာတွေကို အလယ်အလတ်ထိ ဖုံးအုပ်ပေးနိုင်ပြီး အသားထဲစိမ့်ဝင်သွားတဲ့အခါ ပေါ့ပါးမှုကို ခံစားရစေမှာဖြစ်ပါတယ်။အရောင်ရှစ်ရောင်လာပြီး ဈေးနှုန်းက $15.99ဖြစ်ပါတယ်။

Dove-Advanced Care Invisible Antiperspirant in Clear Finish

၂၀၁၇ ဇန်န၀ါရီလမှာ အသစ်ထွက်လာမယ့် Dove-Advanced Care Invisible Antiperspirant in Clear Finishကတော့ အရေပြားကို လုံးဝသန့်စင်စေပြီး အဖြူကွက်တွေမစွန်းထင်းစေပါဘူး။ဒါကြောင့် အ၀တ်အစားအနက်ရောင်တွေဝတ်တဲ့အခါ စိတ်ချလက်ချဝတ်လို့ရပါတယ်။ဈေးနှုန်းက $4.99ပါ။

L’Oreal Paris-Extraordinary Clay Clay Mask Pre-Shampoo Treatment

မျက်နှာအတွက်ပဲ Clay Maskတွေရှိတယ်ဆိုတာမဟုတ်ပါဘူး ဆံပင်အတွက်ပါ ထွက်ရှိလာပါပြီ အဲဒါကတော့ L’Oreal Paris-Extraordinary Clay Clay Mask Pre-Shampoo Treatmentပါ။ရေမချိုးခင် Maskကို လိမ်းထားပြီးရေဆေးချလိုက်ရုံပါပဲ။ရွံ့စေးသုံးမျိုးရောစပ်ပါဝင်ထားတဲ့ Maskက ဦးရေပြားကမလိုအပ်တဲ့အဆီတွေ ဖယ်ရှားပေးနိုင်ပြီး လုံးဝသန့်ရှင်းတောက်ပြောင်စေပါတယ်။ဈေးနှုန်းက $6.99ပါ။

Garnier-Fructis Style Frizz Guard Anti-Frizz Dry Spray

အခြောက်ပုံစံ စပရေးက ဆံပင်မာပြီး ပုံပျက်တာတွေကကာကွယ်ပေးနိုင်ပြီး ဆံပင်ရဲ့ weightကြောင့် ဆံပင်တွေ အောက်ကို ပုံကျတာတွေကနေ ကင်းဝေးစေပါတယ်။ကိုယ်နေ့စဉ်အလှပြင်ဆင်မှုပြီးတဲ့အခါ နောက်ဆုံးမှာ သုံးနိုင်ပါတယ်။ဈေးနှုန်းက $4.29ပါ။

Garnier-Skinactive Moisture The Antioxidant Super Moisturizer

အသားအရေအတွက် antioxidantတွေပါဝင်ပြီးလျင်မြန်စွာ စိမ့်ဝင်နိုင်တဲ့ Garnier ရဲ့Moisturizerရဲ့ ဈေးနှုန်းကတော့ $16.99ပါ။

Pixi Beauty-Gel Tint& Silk Gloss

တစ်ဖက်က Glossဖြစ်ပြီး တစ်ဘက်က ရိုးရိုးနှုတ်ခမ်းနီပုံစံဖြစ်ပါတယ်။အတူတူရောဆိုးလို့ရသလို သီးသန့်တစ်မျိုးချင်းစီ ဆိုးလို့ရပါတယ်။ဘယ်လိုနည်းနဲ့ပဲ ဆိုးဆိုးနောက်ဆုံး ရလဒ်က တောက်ပပြီး အရောင်စုံတဲ့နှုတ်ခမ်းတစ်စုံဖြစ်လာမှာလို့ ဆိုပါတယ်။$12ပါ။

Caress –Hypnotic Aura

ဖေဖော်ဝါရီလမှ စတင်မိတ်ဆက်ရောင်းချမယ့် Hypnotic Auraကတော့ အနံ့စူးရှပြီး ပန်းရနံ့တွေပါဝင်တဲ့အပြင် ကြာရှည်ခံပါတယ်။သင်ဘယ်မှာမှ ရှာလို့မတွေ့နိုင်မယ့် Body Washအမျိုးအစားထဲကတစ်ခုလည်းဖြစ်ပါတယ်။$3.99ပဲကျသင့်မှာဖြစ်လို့ ၀ယ်ထားသင့်ပါတယ်။

La Roche-Posay –Toleriane Hydrating Gentle Cleanser

အခြားကောင်းမွန်တဲ့ Cleanserတွေလိုပဲ La Roche-Posay –Toleriane Hydrating Gentle Cleanserက သင့်အသားအရေကို ချောမွေ့စေပြီး သဘာဝအစိုဓာတ်ကိုလည်း မစုပ်ယူပါဘူး။ဒါ့အပြင် အပြည့်အ၀ထည့်ထားတဲ့ Brandရဲ့ရေပူဓာတ်တွေက  မျက်နှာ အသားအရေရဲ့ Microbiome မျှခြေကို ထိန်းသိမ်းပေးနိုင်ပါတယ်။ဈေးနှုန်းကတော့ $14.99ပါ။

Rimmel London-Insta Flawless Perfecting,Radiant Skin Tint

သင်က BB Cream,Foundationတွေနဲ့  Tinted Moisturizerတွေကို ဈေးကွက်မှာ အလွယ်တကူတွေ့နိုင်ပါတယ်။ဒါပေမယ့် Tintပုံစံ မိတ်ကပ်ကိုတော့ ရှာဖို့ခက်ပါလိမ့်မယ်။Rimmelကထွက်တဲ့ Tintကတော့ အနည်းငယ် ဖုံးအုပ်ပေးနိုင်ပြီး အစိုဓာတ်ပေးနိုင်ပါတယ်။အသားအရေကိုလည်းတောက်ပစေပြီး

$6.99ပဲဆိုတော့ ဈေးနှုန်းသင့်တင့်တယ်ပဲပြောရမှာပါ။

Le Petit Marseillais-Body Washes

သင်ဟာ Body Washနဲ့ပတ်သက်ပြီးတော့ စိတ်မ၀င်စားဘူးဆိုရင်တောင်ဒီ Le Petit Marseillais-Body Washesတွေကို ကြည့်ပြီး စမ်းသပ်ချင်စိတ်ပေါက်သွားမှာအမှန်ပါပဲ။ပန်းရနံ့ကစလို့ ချိုချဉ်နံ့အီအီလေးတွေအထိရှိလို့ကိုယ်နှစ်သက်တဲ့အနံ့လေးတစ်မျိုးလောက်တော့ရွေးကြည့်သင့်ပါတယ်။ဈေးနှုန်းက $4.99ပါ။

Nexxus-City Shield Shampoo,conditioner and DD Crème

Nexxusကထွက်မယ့် City Shield Shampooနဲ့ conditionerက ဆံသားခြောက်သွေ့တာ၊ပျက်စီးတာ၊အဖျားနှစ်ခွဖြစ်တာတွေကို ကာကွယ်ပေးပြီး styling DD Crèmeက ဆံပင်သားကို သေသပ်ပုံကျစေမှာပါ။ဈေးနှုန်းတွေက $11.99,$16.99နဲ့ $18.99ပါ။

 Burt’s Bees-Tinted Lip Oil

Tinted နှုတ်ခမ်းနီအဆီက ပါးလွှာပြီး အစိုဓာတ်ဖြည့်ပေးမယ့်အပြင် LipBalm Tubeတစ်ခုထက် စွဲဆောင်မှုရှိတာတော့အမှန်ပါပဲ။ဈေးနှုန်းက $9ပါ။

Covergirl-Outlet All-Day Matte Finishing Powder

Cover Matte Finishing Powderက သင့်ကိုတစ်နေ့လုံးတောက်ပနေစေပြီး ချွေးထွက်လည်း မိတ်ကပ်ပျက်မသွားစေပါဘူး။ဈေးနှုန်းကတော့ $9.79ဖြစ်ပါတယ်။

Neutrogena- Hydro Boost Hydrating Concealer

ပြင်ဆင်ဖို့နောက်ကျနေပြီလား?သင့်ရဲ့ အမည်းစက်တွေ အရေးအကြောင်းတွေကို ချက်ချင်းကာကွယ်ဖို့ Stick Concealerလေးက ကူညီပေးနိုင်ပါလိမ့်မယ်။နှုတ်ခမ်းနီတောင့်လေးလို ချစ်စရာလေးဖြစ်ပြီးတော့ ဈေးနှုန်းက $14.99ကျသင့်မှာပါ။

Wet n Wild –Makeup Sticks

အရာရာအားလုံးက stick formဆို ပိုကောင်းမွန်ပါတယ်။Wet n Wildရဲ့၀၀တုတ်တုတ် ပါးနီ၊concealer ၊highlighterနဲ့ contouring sticksလေးတွေက သင်မိတ်ကပ်ပြင်တဲ့အခါ လွယ်လွယ်ကူကူနဲ့ မြန်ဆန်စေမှာပါ။ဈေးနှုန်းကတော့  တစ်ခုချင်းစီအတွက် $3.99ကျသင့်မှာပါ။

 

 

 

 



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Jul 22, 2017

Kylie Jenner နဲ့ လမ်းခွဲရ...


Fashion News   |   Posted on Jul 21, 2017

Dior Bra နဲ့ Mini Skirt ပ...


Celebrity News   |   Posted on Jul 21, 2017

ပြင်သစ် ဖက်ရှင်ကုမ္ပဏီ Bal...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.