Hair   |   Posted on Jan 18, 2018 by Su Yi Htet Aung

2018 မှာကောင်မလေးတွေကြား ရေပန်းစားလာဦးမယ့် Short Hairstyle များ


The shorter the hair,the harder they stare ဆိုတဲ့ quote လေးကိုသတိရလိုက်ပါ။

Share this article

နှစ်သစ်တစ်နှစ်အတွင်းကိုရောက်လာပြီဆိုတော့ဘ၀ကိုအစကနေပြန်စသလိုမျိုးကိုယ့်Lifestyleကိုပြောင်းလဲကြည့်ချင်သူလေးတွေရှိမယ်ထင်ပါတယ်။ကိုယ့်Hairstyleပုံစံပေါ်မှာမူတည်ပြီး Outfitတွေလိုက် ပြောင်းလဲရတာ ဖြစ်တဲ့အတွက် နှစ်သစ်မှာ Hairက စပြီးပြောင်းလဲကြည့်ရအောင်လေ။မြန်မာမိန်းကလေး တော်တော်များများက ဆံပင်အရှည်ဘဲထားနေကြတာပိုများပါတယ်။ ဆံပင်ရှည်ကိုညှပ်ဖို့ဆိုရင်တော်တော်များများကကိုယ်နဲ့မလိုက်မှာတို့၊၀တ်ဖို့Outfitရွေးစရာရှားသွားမှာကိုစိုးရိမ်တတ်ကြပါတယ်။ဒါပေမဲ့ခုချိန်မှာ ShortHairက Trendတစ်ခုလိုဖြစ်လာပါပြီ။Short Hairက ကိုယ့်ကိုပိုပြီးငယ်တဲ့ ပုံစံလေးလည်းဖြစ်စေသလို လည်ပင်းအလှကိုလည်းပေါ်လွင်စေတဲ့အတွက်  ကောင်မလေးတို့စမ်းကြည့်သင့်တာအမှန်ပါ။


Going Retro

ဖက်ရှင်တင် တစ်ကျော့ပြန်လည်ပတ်နေတာမဟုတ်တဲ့အတွက် Retro Vibe လေးတွေနဲ့ လန်းချင်ရင်တော့ ၈၀ ၊၉၀ ခုနှစ်များဆီက ဆံပင်ပုံစံတွေကို ပြန်အသက်သွင်းလို့ရပါတယ်။ပခုံးလောက်ထိ အနားခပ်ကုပ်ကုပ် ဆံပင်ပုံစံတွေ၊ပခုံးတိ ဆံပင်ကိုမှ ရှေ့က ခပ်ထူထူတိတိ Bang ညှပ်ထားတဲ့ ပုံစံတွေက ၂၀၁၈ မှာ ခေတ်စားလာဦးမှာ ဖြစ်တဲ့အတွက် ဆံပင်ကို လုံးဝတိုသွားအောင် ညှပ်မနေချင်တဲ့သူတွေအတွက် အထူးသင့်တော်မှာပါ။အနားတွေကို ကုပ်ထားတာဖြစ်ဖြစ်၊အပြင်ဘက်ကို လှန်ထားတာဖြစ်ဖြစ် ပခုံးတိဆံပင်က ပြောင်းလဲလို့လွယ်ပြီး နောက်ကို အပြောင်လှန်သိမ်းတာ၊
ဆံပင်တွေအကုန်စုစည်းလိုက်တာမျိုးပါ လုပ်လို့ရပါတယ်။ဥပမာအားဖြင့် Bella Hadid ညှပ်ထားတဲ့ဆံပင်ပုံစံလိုမျိုးပေါ့။



Cute Short

Cuteဖြစ်တာကိုပိုဦးစားပေးတဲ့Korean Idolတွေကလည်း ဆံပင်တိုလေးတွေကိုမှ ရှေ့အတိပုံစံလေးတွေ ညှပ်လာကြပါတယ်။အဲဒီထဲမှာမှ Koreaမှာသာမက တခြားနိုင်ငံတွေမှာပါ ပရိတ်သတ်အမြောက်မြားရရှိထားတဲ့Idol Bae Suzyလေးကလည်းသူ့ရဲ့ဆံပင်အရှည်ကိုMessy Short Hairstyleလေးညှပ်လိုက်ပြီးတခြားKIdolတွေနဲ့ကွဲထွက်နေတာ တွေ့ရမှာပါ။
Suzyရဲ့Dramaအသစ်While You Were SleepingမှာဒီHair  Style အသစ်နဲ့လိုက်ဖက်အောင် Makeupကို ပါးပါးကြည်ကြည်လေးဘဲ လိမ်းထားပြီး သူမရဲ့ ဆံပင်ပုံစံက ဆယ်ကျော်သက်လေးတွေ၊ကျောင်းသူလေးတွေနဲ့ အထူးလိုက်ဖက်တဲ့အပြင် Bang လေးလည်း ညှပ်ထားတာဆိုတော့ မျက်နှာကို ပိုသေးသွယ်စေတာ အမှန်ပါပဲ။


Wavy Blonde

Selfie Queenလို့ လူသိများတဲ့SelenaGomez ရဲ့Short Blonde Hair ကလည်း ကောင်မလေးတွေအကြိုက် ဆံပင်ပုံစံတစ်ခုပါ။အမြဲလိုလိုDark Brown Hairနဲ့ဘဲ တွေ့ဖူးနေတဲ့Selena ဟာ Blonde Hairနဲ့ အရမ်းကိုပြောင်းလဲသွားတာ တွေ့ရမှာ ဖြစ်ပါတယ်။ဒါပေမယ့် Asiaမှာက အသားဖြူတာကိုပိုနှစ်သက်တဲ့အတွက် Blondeအရောင်ဟာ ကိုယ့်အသားအရောင်ကို မဲသွားစေမလားဆိုပြီး ရှောင်ကြတဲ့အရောင်ဖြစ်လို့ ဒီလိုစိုးရိမ်စရာမလိုပါဘူးဆိုတာကို Selenaကို သက်သေထားလိုက်လို့ရပါတယ်။အသားနဲနဲညိုတဲ့Selenaဟာ အခုဆိုးလိုက်တဲ့အရောင်လေးနဲ့ အသားဝင်းသွားသလိုဖြစ်ပြီး လိုက်ဖက်လွန်းတာကိုတွေ့ရမှာပါ။သင်က ဆံပင်ပါးတယ်ဆိုရင် Selena လိုပဲ အောက်ဖျားမှာ လှိုင်းတွန့်လေးတွေ ပြေပြေထည့်ပြီး ဆံပင်အုံ ပိုထူထဲသွားသယောင် ဖန်တီးလို့လည်း ရပါတယ်။
ဒီလိုဆံပင်တိုနဲ့ခပ်ထင်းထင်းအရောင်မျိုးဆိုးထားမယ်ဆိုရင်MakeupကိုNaturalဆန်ဆန်လောက်ဘဲပြင်ပြီးLipstickအရောင်လှလှလေးဆိုးလိုက်ရုံနဲ့ ပွဲတက်ဖို့လည်းလုံလောက်တဲ့Lookတစ်ခုရလာမှာပါ။ဒါကြောင့် Selenaကိုကြည့်ပြီး Wavy Blonde Hair လေးတွေကို ကြောက်မနေဘဲစမ်းကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။



Pixie Hair

Pixie Hair Cutလေးတွေကိုမှ ယောကျာင်္းဆန်ဆန်Boyish Pixie hairလေးတွေကလည်း ငယ်တုန်းရွယ်တုန်းမှာစမ်းညှပ်ကြည့်သင့်တဲ့Haircut ဆန်းဆန်းလေးတစ်ခုဖြစ်ပါတယ်။
အချိန်တွေဆိုတာအကုန်မြန်ပါတယ်။Why Wait To Age?။ယောကျာင်္းလေးပုံစံခပ်တိုတိုညှပ်ထားတာနဲ့ဘဲ Simple All The Wayနေစရာမလိုပါဘူးနော်။ကျွန်မတို့အနေနဲ့ အရောင်တောက်တောက်လေးတွေ ဆိုးလို့ရသလို  ဆံပင်ကိုဘေးဘက်ကို Waveလေးတွေထည့်ပြီး Pixy  Hairကို Glamorousလိုင်းထဲ ထည့်လို့ရပါသေးတယ်။Cara Delevingne ဆိုရင် Pixie Cut ကိုပဲ ဖဲပြားတွေချည်တာ၊Glitter တွေနဲ့ အလှဆင်တာ စသည်ဖြင့် အမျိုးစုံအောင် လုပ်လေ့ရှိတာ တွေ့နိုင်သလို သင်က ဘယ်သူနဲ့မှ မတူတဲ့ ခပ်မိုက်မိုက် Streetstyle တွေ နှစ်သက်သူဆိုရင်တော့ Pixie Cut တွေက အလိုက်ဖက်ဆုံးပေါ့။

ငယ်ရွယ်မှုတွေ ခဏတာဘဲရမယ့်ဘ၀မှာ ဘာလို့ပျင်းရိစရာ Styleတွေနဲ့လူကြားထဲမှာပျောက်နေမလဲ။ ကိုယ့်Style,ကိုယ့်Trendကိုရှာဖွေနေထိုင်ဖို့ကြောက်မနေပါနဲ့။ဆံပင်တိုညှပ်ပြီးတော့ စိတ်ထဲမှာကိုယ့်ကိုကိုယ်သိပ်စိတ်တိုင်းမကျသလို၊စိတ်နှစ်ခွတွေဖြစ်လာတာတို့၊နှမြောတာတို့ဖြစ်ခဲ့မယ်ဆိုရင် "The Shorter The Hair, The Harder They Stare"ဆိုတဲ့ Quote လေးကို သတိရလိုက်ပါ။ဆံပင်တိုလေ၊လူတွေရဲ့အကြည့်တွေကကိုယ့်ဆီကနေမရွေ့ဘဲကြာကြာရှိလေပါတဲ့။

Editor:Su Yi Htet



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.