Makeup   |   Posted on Feb 22, 2018 by Su Yi Htet Aung

2018 မှာခေတ်စားလာမယ့် နှုတ်ခမ်းနီ trend များ


trend အဟောင်းတွေ တကြော့ပြန်လာခဲ့ပြန်ပြီ။

Share this article

နှစ်စဉ်နှစ်တိုင်း makeup trend တွေကပြောင်းလဲနေပါတယ်။ မျက်ခုံးမွေးဆိုးပုံဆိုးနည်းတွေ၊ မိတ်ကပ်ပြင်ဆင်ခြယ်သမှုတွေ၊ အိုင်းရှဲ ဒိုးအရောင်တွေနဲ့ ခြယ်တဲ့ပုံစံတွေဟာရာသီကူးပြောင်းတိုင်း ပြောင်းလဲနေကြပါတယ်။ မိန်းကလေးတွေက မိတ်ကပ်သာလိမ်းချင်မှလိမ်းမယ်။ ဒါပေမယ့် နှုတ်ခမ်းနီကိုတော့အမြဲဆိုးကြတာပေါ့။ ပြောင်းလဲလာတဲ့ နှုတ်ခမ်းနီ trend ကိုလက်မလွတ်တမ်းဖတ်ကြည့်လိုက်ပါနော်။


Glass Lips

ကြည်လင်တဲ့မိတ်ကပ်ပြင်ဆင်မှုနဲ့လိုက်ဖက်စေတဲ့ နှုတ်ခမ်းမျိုးအတွက် gloss တွေကပြန်လည်ခေတ်စားလာခဲ့ပါတယ်။ ထူထူထည်ထည် နဲ့ စိုပြေတဲ့နှုတ်ခမ်းကိုရရှိစေမှာဖြစ်ပါတယ်။ ဒီ gloss တွေဟာဆိုရင်ဖြင့် ၉၀ခုနှစ်ရဲ့ အငွေ့အသက်ကိုရရှိမှာဖြစ်ပါတယ်။


Makeout Lips

နူးညံ့တဲ့မိတ်ကပ်အပြင်အဆင် အတွက်ဘယ်လိုနှုတ်ခမ်းနီကလိုက်ဖက်မလဲဆိုတော့ အရောင်ပါတဲ့ balm လေးတွေ၊ lip stain တွေ၊ lip tint လေးတွေကအဆင်ပြေစေမှာပါ။ သူတို့ကိုဆိုးလိုက်မယ်ဆိုရင် နှုတ်ခမ်းအပြည့်ကိုရစေမှာမဟုတ်ဘဲ နှုတ်ခမ်းအပြင်ဘက်ကို ဖျော့သွားပြီး နူးညံ့တဲ့အသွင်ကို ရရှိစေမှာပါ။


Cupid Bow

မိတ်ကပ်ဆရာတွေက နှုတ်ခမ်းဖူးဖူးလေးဖြစ်နေသယောင် ဖြစ်စေဖို့အတွက် highlighter ကိုနှုတ်ခမ်းအပေါ်ချိုင့်လေးမှာတင်ကြပါတယ်။ အခုဆိုရင် highlighter အစား metallic သို့မဟုတ် glitter liner ကိုပြောင်းပြီးသုံးလာကြတာကို runway မိတ်ကပ်တွေမှာတွေ့ရပါတယ်။ ဒီပုံစံက နေ့စဉ်ပြင်ဆင်ဖို့ထက် festival တွေ night out တွေမှာ တမူထူးခြားပြီးလှနေမှာပါ။


Red Hot Lips

အနီရောင်နှုတ်ခမ်းနီက trend အသစ်မဟုတ်ပေမဲ့ မိန်းကလေးတိုင်းမှာတော့ နှုတ်ခမ်းနီ အနီရောင်တစ်ချောင်းတော့ရှိကြတာပဲလေ။ အရင်တုန်းက မိတ်ကပ်ဆရာတွေက eyeliner ထူထူတွေ၊ တောက်ပတဲ့ မျက်လုံးခြယ်သမှုတွေနဲ့ တွဲဖက်ခဲ့ကြပေမဲ့ အခုခါမှာတော့ သဘာဝမျက်နှာလို ခပ်ရှင်းရှင်း မိတ်ကပ်ပုံစံတွေနဲ့ ဆိုးတာကိုတွေ့ရပါတယ်။


Peach Please

မိန်းကလေးတိုင်းအတွက် လိုက်ဖက်စေတဲ့ peach အရောင်လေးဟာဆိုရင်ဖြင့် spring, summer မှာတင်မကဘဲ ဒီနှစ်အတွင်းမှာခေတ်စားလာမယ့် အရောင်ဖြစ်ပါတယ်။ ဒီအရောင်က ဘယ်မိတ်ကပ်ပုံစံမျိုးနဲ့မဆို လိုက်ဖက်တဲ့ အရောင်ဖြစ်တာကြောင့် နေ့ကောညပါ ဆိုးလို့လှမဲ့ အရောင်ကလေးပါ။

Ref: Refinery29.com
Editor : Thet Htar Lwin



Share this article

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.