Body   |   Posted on Sep 18, 2019 by Ja Seng Pan

2019 3D Nail Design


သူများနဲ့ မတူတဲ့ Nail Design လေးတွေကို ပုံဖော်ချင်တယ်ဆိုရင်တော့….

Share this article

 

ခပ်မိုက်မိုက်နဲ့ သူများနဲ့ မတူတဲ့ Nail Design လေးတွေကို ပုံဖော်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်  2019 3D Nail Design လေးတွေကို လေ့လာကြည့်ကြရအောင်နော်။

 

3D Unicorn Nails

ချစ်စရာကောင်းပြီး ခပ်ဆန်းဆန်း ဒီဇိုင်းလေးဆိုရင်တော့ Unicorn Nail Design လေးကို ပြရမှာပါ။ ဒီ Design လေးက ဆယ်ကျော်သက် ကလေးဆန်ဆန် ကောင်မလေးတွေနဲ့ဆို ပိုလိုက်ဖက်မယ့် ဒီဇိုင်းလေးပါ။

 

3D Snowflakes Nail Art

ဆောင်းရာသီလည်းရောက်တော့မယ်။ခရစ္စမတ်လည်း ရောက်လာတော့မယ်ဆိုတော့ အပြာရောင်ကို အခြေခံပြီး ဆွဲထားတဲ့ Snowflakes Design လေးက လိုက်ဖက်နေမှာပါနော်။

 

3D Bridal Nails

လာမယ့် ပွင့်လင်းရာသီမှာ သင့်အတွက် Special Day ရှိနေပြီလား။ ဒါဆိုရင်တော့ ပွဲမှာ ရိုးရိုးရှင်းရှင်းနဲ့ လှပနေစေဖို့အတွက် Bridal Nail Design လေးကို ပုံဖော်လိုက်ပါတော့နော်။

 

Mermaid 3D Nails

အပြာရောင်ရတနာတွေနဲ့ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းက သင့်ကို ပင်လယ်ရေအောက်က ရတနာတွေကို မြင်တွေ့နေရသလို ကြည်လင်ရှင်းသန့်နေစေမှာပါ။

 

DIY 3D Nails

ဒီ Nail Design ကတော့ သင့်အိမ်မှာပစ္စည်းအစုံအလင်ရှိရုံနဲ့ ကိုယ်တိုင်ပုံဖော်နိုင်မယ့် Design တစ်မျိုးပါ။ Nail Art ကို အခုမှစပြီး ပုံဖော်ဖန်တီးမယ့် သူတွေအတွက်လည်း လွယ်ကူတဲ့ Design တစ်မျိုးဖြစ်တဲ့အတွက် ကိုယ်တိုင်ဖန်တီးကြည့်လိုက်ပါနော်။

 

3D French Nails

မိန်းကလေးဆန်ပြီး Elegant Look အတွက် ပြင်သစ်နိုင်ငံရဲ့ Popular Nail Design တစ်ခုပဲ ဖြစ်ပါတယ်။

 

Editor : Lin Lin



Share this article

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.