Trends   |   Posted on Sep 29, 2018 by Min Chit Paing

2019 ရဲ့ Color က အစိမ်းရောင်ပါလို့ အရိပ်မြွက်ပြသွားတဲ့ Milan Fashion Week က Street Style များ


Milano တွေကြိုက်တဲ့ အစိမ်းရောင်ဟာ 2019 ရဲ့ Official Color တစ်ခုဖြစ်သွားပြီလား။ အခုပဲ မီလန်ဖက်ရှင်ပွဲတော်က အစိမ်းရောင် အပိုင်းစတွေနဲ့ စတိုင်လုပ်ထားတဲ့ Street Fashion တွေကို လေ့လာသွားလိုက်နော်...

Share this article

ဖက်ရှင်ချစ်သူတွေဟာ နယူးယောက် ဖက်ရှင်ပွဲတော်က တင်ဆက်မှုတွေနဲ့ အလုပ်ရှုပ်နေတုန်း ပါရီ ဖက်ရှင်ပွဲတော် မရောက်ခင်လေးမှာတော့ မီလန် ဖက်ရှင်ပွဲတော်ရဲ့ အမိုက်စားဖက်ရှင်တွေကို တွေ့ရမှာ အသေချာပဲလေ။ မီလန်ရောက် ဖက်ရှင်ချစ်သူတွေကတော့ ဒီဇိုင်းတွေ၊ အင်္ကျီပုံစံတွေ အပြင် အရောင်တွေကို ပိုပြီး အသားပေးဖော်ပြလေ့ရှိတာကတော့ လျှောက်လမ်းပေါ်က ဒီဇိုင်နာတွေရဲ့ ကော်လက်ရှင်တွေ၊ လမ်းမပေါ်က ဖက်ရှင်စတိုင်တွေကို လေ့လာရင်သိနိုင်ပါတယ်။

ဒီတစ်ခေါက် မီလန်ဖက်ရှင်ပွဲတော်ရောက် ဖက်ရှင်ချစ်သူတွေကတော့ မီလန်မြို့လမ်းမပေါ်ကို နီယွန်အစိမ်းကနေ ခပ်မှောင်မှောင် စစ်စိမ်းအရောင်အထိ မျိုးစုံသော အစိမ်းရောင်တွေနဲ့ ခြယ်သခဲ့ပြီးပြီလေ။ သူတို့ရဲ့ တောက်ပသော၊ ထင်ပေါ်သော အစိမ်းရောင် အရိပ်တွေနဲ့ စတိုင်တွေကတော့ သိပ်ကို လှပပြီး မိုက်နေတော့ မီလန်ဖက်ရှင်ပွဲတော်ရဲ့ အရောင်ဟာ အစိမ်းရောင်ဖြစ်ခဲ့ပြီး ၂၀၁၉ ရဲ့ နွေဦးရောင်ဟာလည်း အစိမ်းရောင် ဖြစ်မှာက သေချာနေပါတယ်။

ရှေ့နှစ်တွေကတည်းက ဖက်ရှင်ချစ်သူတွေ ဓာတ်ကျနေတဲ့ အစိမ်းဟာ ၂၀၁၉ ရဲ့ ဖက်ရှင်အရောင်ဖြစ်မယ်လို့ အရိပ်မြွက်ပြသွားခဲ့ပါတယ်။ Gallery ထဲကိုဝင်ကြည့်ပြီး မီလန်ဖက်ရှင်ပွဲတော်က အစိမ်းရောင် အပိုင်းစတွေနဲ့ စတိုင်လုပ်ထားတဲ့ Street Fashion လေးတွေကို လေ့လာပြီး  တစ်ကိုယ်လုံးကို အစိမ်းရောင်ခြယ်ဖို့ အသင့်ပြင်ထားရင်း 2019 ရဲ့ Trend ကို အမိဖမ်းလိုက်ပါ။

Editor : Min Chit Paing



Share this article

TOP 5 ARTICLES


People   |   Posted on Apr 12, 2019

ပင်လယ်ပျော် Thin Zar Wint...


Beauty Box   |   Posted on Apr 10, 2019

L’Oreal Paris ရဲ့ အထူး S...


Celebrity Beauty   |   Posted on Apr 9, 2019

"KILL THIS LOVE" MUSIC VI...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.