Hair   |   Posted on Aug 30, 2019 by Ja Seng Pan

2019 Fall Hair Accessory Trend


ဆံပင်သိပ်မပြင်တတ်တဲ့ ပျိုမေတို့အတွက် 2019 Hair Accessory လေးတွေ

Share this article

 

ဆံပင်ထုံးဖွဲ့မှုနဲ့ ပတ်သက်လို့ တချို့ပျိုမေတွေကတော့ သိပ်ပြီးအလှဆင်လေ့မရှိတတ်ကြပါဘူး။ အဝတ်အစားဒီဇိုင်းတွေ အမိုက်စားဝတ်တတ်ကြပေမယ့်လည်း ဆံပင်ကိုတော့ သိပ်မပြင်တတ်တဲ့ ပျိုမေတို့အတွက် 2019 Hair Accessory လေးတွေကို ဖော်ပြပေးလိုက်ပါမယ်နော်။

သားမွှေးဦးထုပ်

သားမွှေးဦးထုပ်အဝိုင်းလေးတွေဟာ ဆံပင်အရှည်ကို ချထားပြီးဆောင်းလိုက်တဲ့အခါ အမိုက်စားဖြစ်သွားမှာပါ။ 2019 ခုနှစ်ရဲ့ Fashion Trend  တွေထဲမှာလဲ သားမွှေးဦးထုပ်က တစ်ခုအပါအဝင်ပါ။

 

 

 

ဖဲပြား

ရိုးရိုးလေးနဲ့ ဆန်းသစ်စေမယ့် အဆင်တန်ဆာတစ်ခုဆိုရင် ဖဲပြားကို မေ့ထားလို့မရပါဘူးနော်။ ခေတ်အဆက်ဆက် ဆံပင်ချည်နှောင်မှုမှာ ဖဲပြားကမရှိမဖြစ်ပါပဲနော်။ ဆံပင်ကို တစ်ဝက်စည်းထားတဲ့အခါ ဖဲပြားခေါင်းစီးကို တပ်လိုက်ခြင်းက သင့်ကို မိမိုက်စေမှာပါ။ ဒီဘက်ခေတ်မှာတော့ ဖဲပြားအကြီးကြီးတွေစည်းတာ ခေတ်စားလာခဲ့ပါတယ်။

 

 

Leather Berets

Leather တွေဟာ ခေတ်အဆက်ဆက်မှာ စတိုင်လ်ကျစေတဲ့ Accessory တစ်ခုပဲ ဖြစ်ပါတယ်။ လည်သာဦးထုပ်တွေဟာ ဖက်ရှင်ကျတဲ့ အဆင်တန်ဆာတစ်ခုဖြပြီး 2019 ရဲ့ Fashion Trend တစ်ခုဖြစ်ပါတယ်။

 

ပုလဲကလစ်

Elegent ဖြစ်စေမယ့် အဆင်တန်ဆာဆိုရင်တော့ ပုလဲကလစ်လေးတွေလို့ပြောရပါမယ်။ ပုလဲ ကလစ်တွေဟာ ကမ္ဘာနဲ့အဝှမ်းအသုံးပြုနေတဲ့ Hair Accessories တစ်ခုပဲ ဖြစ်ပါတယ်။

 

Editor : Lin Lin

 



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.