Fashion News   |   Posted on Sep 18, 2019 by Ja Seng Pan

2019 London Fashion Week


London Fashion Week ကို စက်တင်ဘာလ ၁၃ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Share this article

နှစ်စဉ်ကျင်းပလေ့ရှိတဲ့ London Fashion Week ကို စက်တင်ဘာလ ၁၃ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆောင်းဦးကာလဖက်ရှင်တွေအတွက် နှစ်စဉ်ဖေဖော်ဝါရီလမှာ တစ်ကြိမ်၊ နွေဦးနဲ့ နွေရာသီ ဖက်ရှင်တွေအတွက် စက်တင်ဘာလမှာ တစ်ကြိမ်ပုံမှန် ကျင်းပပြုလုပ်လေ့ရှိပါတယ်။

 

Fashion Designer များစွာတို့ရဲ့ အမိုက်စား ဖက်ရှင်ဒီဇိုင်းတွေကို ခံစားကြည့်ရှုနိုင်တဲ့ Fashion ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

 

London Fashion Week ကို British Fashion Council က Organize ပြုလုပ်ပြီး ၁၉၈၃ ခုနှစ်က ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာ Fashion Designer များစွာတို့ရဲ့ Fashion Idea တွေ၊ Designer တွေကို လေ့လာနိုင်မှာဖြစ်လို့ ဒီပွဲလေးဟာ Fashion ကို စိတ်ဝင်စားသူတွေအတွက် လက်မလွတ်သင့်တဲ့ပွဲလေးတစ်ပွဲပဲ ဖြစ်ပါတယ်။

 

2019 London Fashion Week ရဲ့ ကျင်းပခဲ့တဲ့ အမိုက်စားပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

 

Editor : Lin Lin



Share this article

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.