Style Note   |   Posted on Oct 3, 2019 by Ja Seng Pan

90’s ခုနှစ်တွေက ခေတ်စားခဲ့တဲ့ Fashion Trend


Fashion စက်ဝိုင်းတစ်ပတ်ပြန်လည်လာတဲ့ 90 ခုနှစ် Fashion ကို ပြန်လေ့လာကြည့်ကြရအောင်နော်။

Share this article

အမြဲပြောင်းလဲနေတဲ့ ဖက်ရှင်ကို ပြန်ကြည့်မယ်ဆိုရင် အခုခေတ် Fashion Trend က ၁၉၉၀ ခုနှစ်လောက်က Fashion ခေတ် ပြင်ဆင်မှုပုံစံကို ပြန်လည်ဝတ်ဆင်လာတာကိုမြင်တွေ့နိုင်မှာပါ။ Fashion စက်ဝိုင်းတစ်ပတ်ပြန်လည်လာတဲ့ 90 ခုနှစ် Fashion ကို ပြန်လေ့လာကြည့်ကြရအောင်နော်။

 

အဖြူရောင်ရှပ်အကျီင်္နဲ့ Jean အတွဲအစပ်ဟာ ၉၀ ခုနှစ်လောက်မှာ ခေတ်စားခဲ့တဲ့ Fashion တစ်မျိုးပဲ ဖြစ်ပါတယ်။

 

မက်ဒေါနားရဲ့ ဖျော်ဖြေပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံဟာဆိုရင် အဲ့ဒီခေတ်က သူမရဲ့ Fashion Icon တစ်ခုဖြစ်ခဲ့ပါတယ်။

 

ခပ်မိုက်မိုက်မိန်းကလေးတွေ ဝတ်ဆင်ကြတဲ့ Fashion ကတော့ Jean ဘောင်းဘီကို T – shirt နဲ့ တွဲဖက်ဝတ်ဆင်ပြီး အပေါ်ကနေ လည်သာကုတ်အကျီင်္ဝတ်ဆင်ထားတဲ့ Fashion ပါ။ ဖိနပ်ကိုတော့ boot လေးစီးလိုက်ရင် ပြည့်စုံသွားပါပြီ။ ဒီဘက်ခေတ်မှာလည်း ဒီ Fashion ကို ဝတ်ဆင်လေ့ရှိကြပါတယ်။

 

ဒီ Fashion ကတော့ ၉၀ ခုနှစ်က ပွဲတက်ဖက်ရှင်ပဲ ဖြစ်ပါတယ်။ အမျိုးသားတော်တော်များများက ပွဲတက်ဖက်ရှင်မှာ လည်စည်းစည်းလေ့ရှိကြပါတယ်။

 

၉၀ ခုနှစ်လောက်မှာ အမျိုးသမီးအများစု ဝတ်လေ့ရှိကြတဲ့ ပွဲတက် Dress တစ်မျိုးပဲ ဖြစ်ပါတယ်။ ရင်ဘတ်နားမှာ ဇာပန်းထိုး ဒီဇိုင်းက ၉၀ ခုနှစ်လောက်ကတည်းက ခေတ်စားခဲ့တဲ့ Fashion တစ်မျိုးပါ။

Editor – Lin Lin



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.