Parties & Events   |   Posted on Aug 15, 2018 by Soe Soe Aung

A Moment of Love Wedding Showcase 2018


ကိုယ့်ရဲ့တိုးတိုးဖော်နဲ့အတူစိတ်ကူးထဲက မင်္ဂလာပွဲကိုလေ့လာလိုက်ပါဦး

Share this article

Pan Pacific Hotel Yangon မှကျင်းပပြုလုပ်သည့် A Moment of Love အမည်ရှိ Wedding Fair 2018 အခမ်းအနားကို သြဂုတ်လ၊ ၁၁ရက် နှင့် ၁၂ ရက်နေ့ များတွင် နံနက် ၁၀ နာရီမှ ညနေ ၆နာရီအထိ ၀င်ကြေးအခမဲ့ဖြစ် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို Sein nan Taw Diamond & Art Jewelry မှ Main Sponsor အဖြစ်ပါဝင်ကူညီပံ့ပိုးပေးထားပြီး Co-Organised Sponsor အဖြင့် Signature တို့မှပါဝင်ကူညီအားဖြည့်ပေးထားပါတယ်။

Wedding Fair အခမ်းအနားတွင် စာရင်းသွင်းတက်ရောက်ခဲ့ကြသည့် မင်္ဂလာမောင်နှံများကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကံစမ်းမဲအစီအစဉ်အဖြစ် စိန်နန်းတော်မှ မင်္ဂလာစိန်လက်စွပ် တစ်စုံ၊ ဒီဇိုင်နာ မြမြဉ္ဇူ၏ သိန်း ၂၀ တန်ဖိုးရှိ မင်္ဂလာဝတ်စုံငှားရန်ခွင့်ကတ်၊ Pan Pacific Hotel ၏ USD 2500 တန်ဖိုးရှိ De Luxury ခန်းတွင် တည်ခိုခွင့်တို့နှင့်အတူ အခြားသော ထူးခြားရင်ခုန်ဖွယ်ကံစမ်းမဲအစီအစဉ်ကောင်းများစွာတို့ကို ကံစမ်းမဲဖောက်ရွေးချယ်ချီးမြှင့်ပေးခဲ့ပါတယ်။

အဆိုပါအခမ်းအနားတွင် နာမည်ကျော်ဒီဇိုင်နာများဖြစ်သည့် ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်(Couture), ဒီဇိုင်နာ မြမြဉ္ဇူ ( Zu Zu Collection), ဒီဇိုင်နာ လတ်လတ် (Lady Boutique Special), ဒီဇိုင်နာ ပြည်စိုးအောင် ( Exclusive Bridal Creations), နှင့် ဒီဇိုင်နာ ကောင်းမြတ် (Haute Couture) တို့မှ ဆန်းသစ်တီထွင် ဖန်တီးထားသည့် မြင်သူငေးလောက်သည့် မင်္ဂလာဝတ်စုံများစွာကိုမော်ဒယ်များ၊ Social Media Influencers များနှင့်အတူ Gala Fashion Show အဖြင့် ပြသပေးခဲ့ပါတယ်။

အခမ်းအနားကို မင်္ဂလာမောင်နှံများ၊ နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာများနှင့်အတူ၊ နာမည်ကျော် အနုပညာရှင်များစွာတို့လည်း တက်ရောက်အားပေး ကြည့်ရှုခဲ့ကြောင်းတွေ့ရှိရပါတယ်။

EDITOR:SOE SOE AUNG

 



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကငြ...



အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.