Parties & Events   |   Posted on May 9, 2018 by Soe Soe Aung

အသားအရည် အမျိုးအစားတိုင်းအတွက်အလွယ်တကူအသုံးပြုနိုင်မယ့် Kathy 3-in-1 Sunscreen


Kathy 3-in-1 Sunscreen နဲ့ဆိုနေလောင်ဒဏ်ကာကွယ်ဖို့Skincare အဆင့်ဆင့်လိမ်းနေစရာမလိုတော့ဘူးပေါ့

Share this article

Eliza Skin Republic ၏ဒုတိယခြေလှမ်းသစ်အဖြစ် Kathy Skincare Brand မှ 3-in-1 Sunscreen ကိုထပ်မံထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံက အပူပိုင်းရာသီဥတုဖြစ်တဲ့အတွက်နေရောင်ကြောင့်ဖြစ်တဲ့ နေလောင်ခြင်း၊ အသားညိုခြင်း၊ အရွယ်မတိုင်မီအိုမင်းရင့်ရော်ခြင်းတွေကို ကာကွယ်ဖို့အတွက် Sunscreen ကိုနေ့စဉ်ပုံမှန်လိမ်းပေးသင့်ပါတယ်။ Sunscreen လိမ်းခြင်းက လေထုညစ်ညမ်းခြင်းနဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ မီးရောင်၊ ကွန်ပြူတာ၊ ဖုန်း စတာတွေရဲ့ Rays အမျိုးမျိုးကလည်းကာကွယ်ပေးနိုင်ပါတယ်။

Eliza ကနေထပ်မံထုတ်လုပ်လိုက်တဲ့ Kathy 3-in-1 Sunscreen ကအသားအရည် အမျိုးအစားတိုင်းအသုံးပြုနိုင်ပြီးတော့ အဆင့် ၁ဆင့်ထဲလိမ်းရုံနဲ့ Moisturizer, Sunscreen, Foundation ၃မျိုးလုံးရဲ့ အာနိသင်ကိုရရှိနိုင်မှာဖြစ်ပါတယ်။ Moisturizer ပါဝင်တဲ့အတွက်ရေဓါတ်ဖြည့်ပေးတဲ့ Effect ရရှိပြီး၊ Foundation Effect အနေနဲ့က sheer coverage ရရှိနိုင်ပါတယ်။ SPF 50 နဲ့ PA+++ ပါဝင်တဲ့အတွက် UVA ရော၊ UVB ရောကိုပါ အမြင့်ဆုံးကာကွယ်မှုပေးနိုင်ပါတယ်။

“Eliza Skin Republic အနေနဲ့ Skincare တွေ အမျိုး ၃၀ ကျော်ထုတ်လုပ်ထားရှိပြီး၊ Skin Type အမျိုးမျိုးအတွက် အခြေခံ step အဆင့်ဆင့်တိုင်းကို တစ်ခုချင်းစီထုတ်လုပ်ထားတာပါ။ အခု Kathy ကတော့ ပိုမိုဆန်းသစ်ထားပြီး အသားအရည် အမျိုးအစားတိုင်း အလွယ်တကူ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ SkinCare ကိုအခြေခံအဆင့်တွေ အများကြီးအသုံးပြုစရာမလိုဘဲ တစ်ဆင့်တည်းနဲ့အဆင်ပြေစေမယ့် ဆန်းသစ်တဲ့ Product အဖြစ်တစ်ခုချင်းစီထုတ်လုပ်သွားဖို့ရှိပါတယ်” ဟုမရတနာကဖြေကြားပေးခဲ့ပါတယ်။

နေလောက်ဒဏ်ကနေ ကာကွယ်ပေးပြီး၊ ညိုညစ်နေတဲ့ အသားအရည်လေးပပျောက်အောင် Skincare ကိုအဆင့်ဆင့်အသုံးပြုပြီး ထိန်းသိမ်းနေရတဲ့ ပျိုပျိုမေတို့အတွက်တော့ Kathy Sunscreen က ၁ မျိုးထဲလိမ်းရုံနဲ့ Skincare ၃မျိုးလုံးရဲ့ အာနိသင်ကိုပါရရှိပြီးသားဖြစ်မှာမို့ ပျိုပျိုမေတို့အတွက် အချိန်မကုန်၊ ငွေကုန်သက်သာစေမယ့်အပြင်၊ အသားအရည် အမျိုးအစားမရွေးအသုံးပြုနိုင်တယ်ဆိုတော့ အရွေးမမှားပဲ အပြေးသွားဝယ်ဖို့ Kathy 3in1 Sunscreen 30g ဗူးကြီးကို ၁၄၅၀၀ ကျပ် , 15g ဗူးသေးကို ၉၅၀၀ ကျပ် တို့ဖြင့် Eliza Skin Republic , Clover Skincare & Cosmetics နှင့် Kathy Skincare ရဲ့ Facebook Page တို့ကနေ၀ယ်ယူနိုင်မှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

EDITOR: SOE SOE AUNG



Share this article

TOP 5 ARTICLES


Beauty Box   |   Posted on Nov 14, 2018

The Body Shop ရဲ့ ရင်ခုန်...


Celebrity Beauty   |   Posted on Nov 14, 2018

DRAMA SERIES အသစ်တစ်ခုထွက...


Celebrity Beauty   |   Posted on Nov 14, 2018

လှပလွန်းတဲ့ ရွှေမှုံရတီရဲ့...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.