Skin   |   Posted on Jan 31, 2019 by Ja Seng Pan

အသားအရေအမျိုးအစားအလိုက် ရွေးချယ်သင့်တဲ့ Mask အမျိုးအစားများ


ကိုယ်နဲ့ သင့်တော်တဲ့ Mask လေးတွေ ရွေးချယ်လိုက်ရအောင်

Share this article

မျက်နှာကို ပုံမှန် Skin care လုပ်တာ အပြင် Mask တွေ၊
Serum တွေ သုံးပေးတာက အသားအရေကို အာဟာရပြည့်စေပြီး ကျန်းမာတဲ့ Skin ကို ပိုင်ဆိုင်ရမှာပါ။

Mask တွေသုံးတဲ့နေရာမှာလည်း ကိုယ့်အသားအရေကို လိုက်ပြီး ရွေးချယ်အသုံးပြုသင့်ပါတယ်။


ဒီလို ပြုလုပ်တာက ပိုထိရောက်ပြီး အချိန်တိုတိုနဲ့ သိသာလာမှာပါ။
ဘယ်လို Mask တွေ သုံးရမှတ်လဲဆိုတာ ဇဝေဇ၀ါဖြစ်နေတဲ့သူတွေအတွက် အထောက်အကူဖြစ်အောင် ဖော်ပြပေးလိုက်ပါတယ်။

Clay & Charcoal Mask
Clay နဲ့ Charcoal Mask တွေက အဆီပြန်တဲ့အသားအရေနဲ့ ပေါင်းစပ်အသားအရေ ပိုင်ရှင်တွေအတွက် သင့်တော်ပါတယ်။ Clay နဲ့ Charcoal က အရေပြားပေါ်က မလိုအပ်တဲ့ အဆီတွေကို စုပ်ယူနိုင်လို့ ဖြစ်ပါတယ်။ Charcoal က ချွေးပေါက်ထဲမှာ ရှိတဲ့ အညစ်အကြေးတွေကိုပါ ဖယ်ရှားနိုင်ပါတယ်။ ဒီလို Mask တွေက အဆီပြန်တာကို ကင်းဝေးစေပါတယ်။

Sleep Mask
Sleep Mask တွေက ရေဓာတ်ဖြည့်တင်းပေးပြီး အသားအရေကို တစ်ညလုံး အားဖြည့်ပေးတဲ့အတွက် ပြုလုပ်ပေးသင့်ပါတယ်။ ပုံမှန်အားဖြင့် Sleep Mask တွေက Light Texture ဖြစ်တဲ့အတွက် အိပ်ပျော်သွားတဲ့အချိန် အခြားနေရာတွေကို ပေကျံမှာ မစိုးရိမ်ရပါဘူး။

Brightening Mask
Brightening Mask တွေက မွဲခြောက်တဲ့အသားအရေနဲ့ အသားအရောင် မညီညာတဲ့သူတွေအတွက် အဆင်ပြေပါတယ်။ Brightening Mask ကို ၀ယ်တော့မယ်ဆိုရင် Arbutin၊ Vitamin C၊ Bearberry Extract နဲ့ Niacinamide ပါတဲ့ Mask တွေကိုသာ ရွေးချယ်ဖို့ လိုပါတယ်။ ဒီပါဝင်ပစ္စည်းတွေက အသားအရောင်ကို ညီညာစေပြီး အသားအရေကို တောက်ပစေပါတယ်။

Sheet Mask
Sheet Mask က Cotton တွေနဲ့ လာပြီး အရောအနှောပါ ထည့်သွင်းပါဝင်ပါတယ်။  ဈေးကွက်ထဲမှာလည်း Sheet Mask အမျိုးမျိုးရှိတဲ့အတွက် စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် အသားအရေကို ထိထိရောက်ရောက် မပြုပြင်ပေးနိုင်တာကိုတော့ သတိထားရမှာပါ။

Bubble Mask
Bubble Mask တွေက Gel Type နဲ့ လာပြီး မျက်နှာပေါ်တင်လိုက်ရင် Bubble လေးတွေနဲ့ အမှုပ်တွေ ထွက်လာတာပါ။ လူကြိုက်မျာပြီး သုံးရတာ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် သူ့ ရဲ့ Foaming Effect က အသားအရေအတွက် အာနိသင်မရှိတဲ့အပြင် အသားအရေယားယံတာမျိုးလည်း ဖြစ်တတ်ပါတယ်။

Peel Off Mask
Peel Off Mask တွေက အရေပြားပေါ်မှာ ရှိတဲ့ Dead Skin Cell တွေကို ဖယ်ရှားပေးပြီး ချွေးပေါက်တွေကိုလည်း သန့်စင်ပေးပါတယ်။ Peel off လို့ ဆိုတာနဲ့ ဆားဝက်ခြံတွေ ဖယ်ရှားပေးပြီး Deep Cleaning ဖြစ်မယ်လို့ တွေးမိကြမှာပါ။ အမှန်တကယ်က အပေါ်ယံတစ်လွှာကို သာ သန့် စင်ပေးတာဖြစ်ပါတယ်။ ဆားဝက်ခြံတွေနဲ့ ချွေးပေါက်ပိတ်နေတာအတွက် အကောင်းဆုံးက Exfoliate လုပ်တာပါပဲ။ တချို့ Peel Off Mask တွေက ခွာလိုက်တဲ့အချိန်နာကျင်ရတာမျိုးတွေ ကြုံတွေ့ ရမှာပါ။ သန့် စင်သွားတယ်လို့ ထင်ရပေမယ့် အသားအရေကို ပိုဆိုးစေပါတယ်။ Peel Off Mask တွေသုံးမယ်ဆိုရင် Alcohol မပါတဲ့ အပျော့စား Product လောက်သာ သုံးဖို့ အကြံပေးပါရစေ။

Editor: Pan JN



Share this article

TOP 5 ARTICLES


Skin   |   Posted on Aug 19, 2019

ပျိုမေတို့ မိမိ Skin Type...


People   |   Posted on Aug 19, 2019

Kalayar Zaw ရဲ့ Lifestyle...


People   |   Posted on Aug 17, 2019

Yun Waddy Lwin Moe ရဲ့ အေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.