Skin   |   Posted on Nov 28, 2019 by Ja Seng Pan

အသားအရေတွေညစ်ပြီး အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်နေပြီလား?


ဝင်းပစိုပြေပြီး အမြဲ Glow နေတဲ့ အသားအရေကို ရရှိပိုင်ဆိုင်စေဖို့

Share this article



Hydration


Avoid Stress



Active Lifestyle


Regular Skincare








Unicode 

အသားအရေတွေညစ်ပြီး အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်နေပြီလား?

ဝင်းပစိုပြေပြီး အမြဲ Glow နေတဲ့ အသားအရေကို ရရှိပိုင်ဆိုင်စေဖို့

အသားအရေနဲ့ ပတ်သတ်လို့ နုပျိုအောင် ဘယ်လိုပြုမူနေထိုင်ရမလဲ ဆိုတာကို အခုပြောပြပေးမယ့် Article လေးကနေတစ်ဆင့် လေ့လာကြည့်ကြရအောင်နော်။

အသားအရေအတွက် အရေးကြီးတဲ့အချက်တွေကို လိုက်လုပ်ကြည့်မယ်ဆိုရင်တော့ အသားအရေကြည်လင်လှပပြီး နုပျိုနေဖို့အတွက် စိုးရိမ်စရာမလိုတော့ပါဘူး။ ကဲ ဘာတွေဖြစ်မလဲ ကြည့်လိုက်ကြရအောင်နော်။

Hydration

ပထမဆုံးအနေနဲ့ပြောချင်တာကတော့ ရေကို ပုံမှန်သောက်ဖို့ပါ။ ရေသောက်ခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်စည်းပေးရုံသာမက အသားအရေကြည်လင်စေဖို့လည်း များစွာအထောက်အကူပြုစေပါတယ်။ တစ်ရက်ကို ရေ ၈ခွက် ပြည့်အောင် သောက်သုံးပေးဖို့လိုပါတယ်။

Avoid Stress

နောက်ထပ်တစ်ချက်ကတော့ တတ်နိုင်သမျှ Stress လျော့အောင်နေဖို့ပါပဲ။ စိတ်ဖိစီးမှုဟာ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေနိုင်တာကြောင့် Stress မရှိအောင် နေခြင်းကလည်း နုပျိုခြင်းအတွက် လျှို့ဝှက်ချက်တစ်ခုပါ။ တရားထိုင်တာ၊ ခရီးထွက်တာ စတဲ့ စိတ်ကိုကြည်လင်စေမယ့် နည်းလမ်းတွေကို ပြုလုပ်လို့ရပါတယ်။

Active Lifestyle

အားကစားကို ပုံမှန်လုပ်ပေးခြင်းက ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။ ခနာကိုယ်အတွင်းမှာ အောင်းနေတဲ့ အညစ်အကြေးတွေကို ချွေးတွေအဖြစ်နဲ့ ပြင်ပကို ထုတ်လွှတ်ပေးတာကြောင့် အသားအရေက စိုစိုပြေပြေနဲ့ ကြည်လင်နေမှာပါ။

Regular Skincare

တစ်နေကုန် မိတ်ကပ်နဲ ဖုန်မှုန့်တွေ ကပ်ငြိနေတဲ့ မျက်နှာကို ညစဉ်ပုံမှန် သန့်စင်ပေးသင့်ပါတယ်။ အပြင်ထွက်တိုင်း SPF 30 အနည်းဆုံးပါတဲ့ နေလောင်ကာ ခရင်မ်တွေ မဖြစ်မနေလိမ်းဖို့လည်း အရေးကြီးပါတယ်။ အသားအရေကို အမြဲစိုပြေနေစေဖို့ ပုံမှန်အစိုဓာတ်ထိန်းခရင်မ် သို့ မျက်နှာလိမ်းလိုရှင်းကို လိမ်းပေးသင့်ပါတယ်။ တစ်ပတ် ၂ခါ Face Mask တွေ ကပ်ပေးပြီး Glow နေတဲ့ မျက်နှာအသားအရေလေးကို လွယ်ကူစွာပဲ ရယူနိုင်ပါတယ်။

Using the Anti-aging product

နောက်ဆုံးအချက်တစ်ခုကတော့ မိမိအသားအရေနဲ့ အိုမင်းရင့်ရော်မှုတွေကို ဆန့်ကျင်ပေးပြီး တင်းရင်းနုပျိုစေတဲ့ Product တွေကို အသုံးပြုမှ အသားအရေ အရေးအကြောင်း ပြဿနာကြောင့် စိတ်ညစ်ရတာတွေ မရှိတော့ဘူးပေါ့။

ဒါ့အပြင် အသားအရေကို ဝင်းပကြည်လင်စေတဲ့ Skincare တွေကိုလည်း ပုံမှန်အသုံးပြုပေးသင့်ပါတယ်။ ဒီအချက်တွေနဲ့ ကိုက်ညီတဲ့ CELLULAR Day Cream SPF 30 နဲ့ CELLULAR Night Cream တို့ကို Nivea အသစ်ထုတ်လုပ်ထားတဲ့အကြောင်းကိုလည်း တစ်ခါတည်း သတင်းကောင်းပါးပါရစေနော်။ အသားအရေကို ချက်ချင်းသာမက ရေရှည်ပါ တင်းရင်းနုပျိုစေပြီး အရေးအကြောင်းတွေကို လည်း ကာကွယ်ပေးပါတယ်။ ဝင်းပစိုပြေပြီး အမြဲ Glow နေတဲ့ အသားအရေကို ရရှိပိုင်ဆိုင်စေပါတယ်။ Hyaluron Cellular Filler Formula က အသားအရေရဲ့ Collagen ထုတ်လုပ်မှု့ကို ၂၄% အထိမြှင့်တင်ပေးတာကြောင့် သိသာတဲ့ တင်းရင်းမှုရလဒ်ကို ချက်ချင်းတင်မကဘဲ ရေရှည်ပါ ရရှိစေပါတယ်။

Day Cream နဲ့ Night Cream အပြင် Tinted Fluid SPF 15၊ Serum၊ Eye Treatment တို့ပါ ထုတ်လုပ်ထားပြီး ပုလဲအာနိသင်ပါ ထပ်မံဖြည့်တင်းထားတဲ့ Plumping Pearl ပါ ဝယ်ယူရရှိနိုင်ပါပြီ။

 

 



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကျင...


Celebrity Style   |   Posted on Dec 12, 2019

အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.