hair   |   Posted on Dec 20, 2016 by kiki

အထာကျကျ ဆယ်လီမမတို့ရဲ့ဆံပင်တိုတိုအလှ


သူတို့ကိုကြည့်ပြီးဆံပင်အတိုညှပ်ချင်စိတ်ပေါက်သွားမှာအသေအချာပါပဲ။

Share this article

Zendaya's Modern Mullet

 Zendayaဟာ သူမရဲ့ အဆိုးဝါးဆုံး ဆံပင်စတိုင်လ်ကိုတီထွင်ခဲ့ပြီး 2016 Grammys ဆုပေးပွဲမှာ Hitဖြစ်ခဲ့ပါတယ်။Zenရဲ့ရှေ့တိုနောက်ရှည် ၁၉၆၀လောက်က Mulletပုံစံက ကျွန်မတို့ကို တစ်သက်မှာတစ်ခါလောက်တော့ ညှပ်ချင်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

Taylor Swift's Blunt Bangs & Bob

ဒီနှစ်မှာတော့ Tylor Swiftဟာ သူမရဲ့ဘ၀မှာ အတိုဆုံးလို့တောင် ပြောလို့ရတဲ့ ဆံပင်ပုံစံကို ညှပ်ခဲ့ပြီး ဖေဖော်ဝါရီလက ဂရမ်မီဆုပေးပွဲကို တက်ရောက်ခဲ့ပါတယ်။သူမရဲ့ဆံပင်ဟာ 70လောက်က အကုပ်ပုံစံဖြစ်ပြီး ရှေ့အတိ ချထားခဲ့ပါတယ်။

Vanessa Hudgens' Ombre Lob

ပခုံးလောက် ခပ်ပွပွ လှိုင်းတွေက Vanessaကို ပိုပြီးလှပစေပါတယ်။ စက်တင်ဘာလက the Creative Arts Emmys ဟာ သူမရဲ့ပုံစံဟာ အရမ်းလှပနေခဲ့ပါတယ်။

Keke Palmer's Sleek Pixie

Kekeရဲ့ လုံးဝတိုကပ်နေတဲ့ အမိုက်စားဆံပင်ဟာ အရမ်းစတိုင်လ်ကျနေပြီး သတ္တိရှိ ရဲရင်တဲ့ပုံစံ ပေါက်စေပါတယ်။၂၀၁၆မှာ သူမဟာ တစ်ပတ်ကိုတစ်ခါဆံပင်ပုံစံအသစ်ပြောင်းဖို့အမြဲကြိုးစားနေပြီး ဒီပုံစံက ထိပ်ဆုံးဝင်ခဲ့ပါတယ်။

Lucy Hale's Crimpy Lob

Lucy Haleရဲ့အလယ်ခွဲပုံစံကိုမှ လှိုင်းပြေပြေလေးတွေနဲ့ပုံစံဟာသူမကို ပိုပြီးချစ်စရာကောင်းသွားစေခဲ့ပါတယ်။

Amandla Stenberg’s Natural Curls

သဘာဝဆံပင်တွေက အမြဲပုံကျလှပနေတာပါပဲ။ Amandla Stenberg ရဲ့ ဆံပင်တွေက သဘာဝဆန်ပြီး သူမကော်ဇောနီပေါ်ကို တက်ရောက်လာခဲ့တဲ့အခါ တကယ်ကို ကျက်သရေရှိရှိလှပနေပါတယ်။

Kylie Jenner's Angled Bob

Kylieက သူမရဲ့ သက်တန့်ရောင်ဆံပင်တွေနဲ့ လှပနေတာတောင်မှ အနက်ရောင် BOB ညှပ်လိုက်တဲ့အခါ ကျွန်မတို့ နှစ်သက်ခဲ့ရပြန်တာပါပဲ။ဒါပေမယ့် ဒီပုံစံက ကြာကြာမခံပါဘူး Kylieက ရွှေအိုရောင် ဆံပင်အရှည်ကို ပြန်လုပ်ချလိုက်လို့ပဲဖြစ်ပါတယ်။

Jennifer Lawrence's Flippy Crop

J-Lawက ကျွန်မတို့ကို ပြီးပြည့်စုံတဲ့ ဆံပင်ပုံစံကိုလမ်းညွှန်ပေးခဲ့ပါတယ်။သူမရဲ့ရွှေအိုရောင် လှိုင်းတွေဟာ မိန်းကလေးတွေရဲ့ ဆန္ဒတစ်ခုပါပဲ။

Demi Lovato's Piecey Bob

မေးစေ့လောက်ပဲရှိတဲ့ အပျံစား Bobဟာ Demi Lovatoနဲ့ ၁၀၀ရာခိုင်နှုန်းလိုက်ဖက်ပါတယ်။ချစ်စရာကောင်းတယ် ပြည့်စုံတယ် အမိုက်စားပါပဲ။

Kristen Stewart's Bleached Waves

ဂျစ်ကန်ကန်ဒီဇိုင်းနဲ့ အလိုက်ဖက်ဆုံးသူ ဘယ်ရှိဦးမလဲ Kristen Stewartပဲပေါ့။

Kristenရဲ့မညီမညာအနားတွေနဲ့ အဖြူရောင် ဆံနွယ်တွေဟာ အနည်းငယ် Punkဆန်နေပြီး chillinလုပ်ရင် အလန်းစားဖြစ်နေစေမှာပါ။

www.seventeen.com

SuYiHtet

 



Share this article

TOP 5 ARTICLES


Sex & Relationships   |   Posted on Jun 26, 2017

ဆန္ဒပြီးမြောက်ချိန်မှာ ဘာေ...


Celebrity News   |   Posted on Jun 26, 2017

နာမည်ကြီးတံဆိပ်ဖြစ်တဲ့ Lo...


Art & Books   |   Posted on Jun 24, 2017

“Myself” ကို ဘယ်လိုမိတ်ဆက...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.