trend report   |   Posted on Dec 20, 2016 by Elijah htang

အသည်းအသန်လိုချင်စိတ်ကို ဖြစ်စေဦးမယ့် Sephoraရဲ့ HUGE Cream Lip Stain Vault


အရောင်တွေက မြင်လိုက်တာနဲ့ အစွမ်းကုန် စိတ်လှုပ်ရှားစေပါတယ်။

Share this article

Beauty Junkiesတော်တော်များများက Sephora Cream Lip Stainရဲ့ ကိုယ်ပိုင်နှုတ်ခမ်းနီဖော်မြူလာကို နှစ်သက်ကြပါတယ်။ဈေးနှုန်းကလည်း $14ဖြစ်လို့ ၀ယ်နိုင်တဲ့ပမာဏထဲမှာ ပါဝင်ပြီး နှုတ်ခမ်းနီချစ်သူတွေအတွက် စုဆောင်းလို့လည်း အဆင်ပြေပါတယ်။အခု အားလပ်ရက် ရာသီမှာတော့ Sephoraက အရောင် ဆယ့်ငါးရောင်ပေါ်အခြေခံတဲ့ အရောင်သစ် အလန်းစား ၂၇မျိုးကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

အရောင်လေးဆယ်ပါဝင်တဲ့ ကုန်ပစ္စည်းသစ် Sephora Craem Lip Stain Vaultကို $375နဲ့ ၀ယ်ယူနိုင်မှာ ဖြစ်ပြီး နည်းနည်းတော့ ဈေးများတယ်ထင်ရမှာပါ။ဒါပေမယ့် ဘယ်မှာမှ အလွယ်တကူ တစ်စုတစ်စည်းတည်းရှာလို့ မရတဲ့ အရောင်တွေအပြင် ပန်းရောင်၊အနီရောင်၊အသားရောင်၊အစိမ်းရောင်၊အပြာရောင်နဲ့ ခရမ်းရောင်တွေပါဝင်လို့ တကယ်ကို သဘောကျစရာပါပဲ။အရောင်တွေကို တစ်ရောင်ချင်းစီ တစ်မျိုးချင်းစီဝယ်စုမယ်ဆိုရင် $560ကျသင့်မှာဖြစ်ပြီး တစ်ချောင်းချင်းထက်စာရင်ဒီနှုတ်ခမ်းနီset ဟာ အရမ်းကို တန်လွန်းပါတယ်။ဘူးအဖြူရောင်ထဲမှာ စီစီရီရီထည့်ထားတဲ့ရောင်စုံနှုတ်ခမ်းနီတွေဟာ တကယ်ကို မျက်စိပဒသာဖြစ်ပြီး ဆွဲဆောင်နိုင်ပါတယ်။

HUGE Cream Lip Stain Vaultကတော့ မိန်းကလေးတွေ အသည်းစွဲဖြစ်လာဦးမှာ အသေအချာပါပဲ။

www.teenvogue.com

SuYiHtet



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Apr 24, 2017

Junction City တွင် KidZon...


Celebrity News   |   Posted on Apr 24, 2017

Lee Sung Kyung နဲ့ Nam Jo...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.