Health & Fitness   |   Posted on Dec 12, 2016 by kiki

အရေးအကြောင်းကင်းစင်မျက်ဝန်းတစ်ခွင်


ဇရာကိုပိုအိုစေတဲ့ မျက်ဝန်းနားက အရေးအကြောင်းတွေကို အလွယ်တကူ ကာကွယ်ကြရအောင်…

Share this article

မျက်ဝန်းတစ်ဝိုက်နားမှာဖြစ်တတ်တဲ့ အရေးအကြောင်းတွေနဲ မျက်ကွင်းညိုတာတွေဟာ သင့်ရဲ့ အသက်အရွယ်ကိုပိုကြီးရင့်သွားစေပါတယ်။ဒါတွေကိုကာကွယ်ဖို့က တကယ်တော့ မခက်ခဲလှပါဘူး။သင့်ဘက်က အချိန်ပေးနိုင်ဖို့သာ လိုအပ်တာပါ။

ရေဓာတ်ဖြည့်တင်းပါ။

ရေဓာတ်ပါတဲ့ Moisturizer ဒါမှမဟုတ် Eyes cream လိမ်းပေးပါ။သဘာဝပစ္စည်းတွေဖြစ်တဲ့ သခွားသီး၊ရှားစောင်းလက်ပတ်၊အာလူးနဲ့ကပ်ပေးတာမျိုးလည်းလုပ်ပေးနိုင်သလိုအအေးခံထားတဲ့  လက်ဖက်ခြောက်အိတ်နဲ့လည်းမျက်ဝန်းတစ်ဝိုက်ကိုကပ်ပေးနိုင်ပါတယ်။ဒါဟာအရေးအကြောင်းတွေကို ကာကွယ်ပေးနိုင်ဖို့ အလွယ်ကူဆုံးနည်းလမ်းဖြစ်သလိုအမြင်အာရုံကောင်းမွန်ဖို့အတွက်လည်း အထောက်အကူပေးပါတယ်။

အိပ်ရေး၀၀အိပ်ပါ။

အိပ်ရေး၀၀အိပ်စက်ခြင်းက သင့်အတွက်ခွန်အားသစ်တွေများစွာ ပေးနိုင်သလို သင့်မျက်ဝန်းကိုကြည်လင်တောက်ပစေပြီးမျက်ဝန်းနားက အရေးအကြောင်းတွေ ဖြစ်မလာအောင်ကာကွယ်ပေးနိုင်ပါတယ်။

ရေများများသောက်ပါ။

ရေသောက်တာဟာ ကျန်းမာရေးအတွက် အကောင်းဆုံးသောနည်းလမ်းတွေထဲကတစ်ခုဆိုတာအားလုံးသိကြမှာပါ။ရေဓာတ်ခမ်းခြောက်တာကြောင့် မျက်ဝန်းတစ်ဝိုက်မှာအရေးအကြောင်းတွေပေါ်လာတတ်ပါတယ်။ဒါကြောင့်ရေဓာတ်ပြည့်ပြည့်၀၀ရနေဖို့လိုအပ်ပါတယ်။

အာဟာရဖြည့်တင်းပါ။

မျက်စိကျန်းမာရေးအတွက်အစားအစာစားတဲ့နေရာမှာလည်းအာဟာရမျှတအောင်စားဖို့လိုအပ်သလိုကွန်ပျူတာ၊ဖုန်း screen အသုံးများတဲ့သူတွေအနေနဲ့ငါးကြီးဆီလိုမျိုးဖြည့်စွက်စာ စားသုံးသင့်ပါတယ်။

ဒီအကြံပေးချက်လေးတွေအတိုင်းလုပ်ကြည့်ရင်တော့ သင်တို့အတွက်စိုပြေတောက်ပပြီး အရေးအကြောင်းကင်းစင်တဲ့ မျက်ဝန်းလေးတွေပိုင်ဆိုင်နိုင်ပြီပေါ့။

 

 

saw yati naing

 

Save

Save

Save



Share this article

TOP 5 ARTICLES


Film & Music   |   Posted on Aug 19, 2017

(1950) ကဖက်ရှင်တွေကို Mil...


Sex & Relationships   |   Posted on Aug 18, 2017

ex ကို ပြန်လက်မခံသင့်တော့...


makeup   |   Posted on Aug 18, 2017

Highlighter တွေအကြောင်း သ...


Celebrity News   |   Posted on Aug 18, 2017

St. Tropez မှာ အားလပ်ရက်က...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.