Celebrity News   |   Posted on Nov 14, 2018 by May Shoon

အဖြူရောင်လေးတွေလွှမ်းခြုံနေတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ မင်္ဂလာဝတ်စုံလေးများ


မင်္ဂလာဝတ်စုံ ရိုးရိုးရှင်းရှင်းလေးတွေနဲ့ ချစ်ခြင်းတွေကိုဖော်ပြခဲ့ကြပါတယ်

Share this article

မင်္ဂလာသတင်းကိုကြားပြီးပြီးချင်းပဲ အဆိုတော် ရွှေထူးနဲ့ရွှေမှုံတို့ရဲ့ ပရိသတ်တွေလည်း သူတို့နှစ်ယောက် မင်္ဂလာပွဲကိုဘယ်လိုဆင်နွှဲမှာလဲ။ ဘယ်လိုမင်္ဂလာဆောင်ဝတ်စုံလေးကိုဝတ်မှာလဲဆိုတာကို စိတ်ဝင်စားနေကြမှာပါ။ ရွှေထူးနဲ့ရွှေမှုံတို့ နှစ်ယောက်ကတော့ လက်မှတ်ရေးထိုးပွဲနဲ့ မင်္ဂလာဦးဆွမ်းကျွေးကိုလည်း ရိုးရိုးရှင်းရှင်း အဖြူရောင်လေးတွေကိုပဲရွေးချယ်ဝတ်ဆင်ခဲ့ကြပါတယ်။ ရွှေမှုံက လက်မှတ်ရေးထိုးတဲ့နေ့မှာတော့ အဖြူရောင် Off-the-Shoulder Top ကိုမှအောက်က Crystal ချိတ်ထဘီလေးနဲ့တွဲဝတ်ဆင်ခဲ့သလို မင်္ဂလာဆွမ်းကျွေးမှာတော့ အဖြူရောင်ရင်ဖုံးလက်ရှည်လေးနဲ့ပဲမြန်မာဆန်ဆန်လေးလှနေပါတယ်။ လက်မှတ်ရေးထိုးပွဲက၀တ်စုံလေးနဲ့ မင်္ဂလာဧည့်ခံပွဲကြီးမှာ ၀တ်ဆင်ခဲ့ အဖြူရောင် Lace Gown လေးကိုတော့ ဒီဇိုင်နာ ကောင်းမြတ်ရဲ့ Kaung Myat Haute Couture ကဖန်တီးပြင်ဆင်ပေးခဲ့တာပါ။ တစ်ကိုယ်လုံး ဖြူတဲ့ ဝတ်စုံနဲ့ လိုက်ဖက်စွာ ပန်းသွေးကြွနေတဲ့ ရွှေမှုံရဲ့ Makeup Look လေးကိုတော့  Apirl Thuta ကပြင်ဆင်ပေးထားပါတယ်။ မီးရောင်အောက်မှာအရမ်းကိုလှနေတဲ့ ရွှေမှုန်ရဲ့မင်္ဂလာသတို့သမီးဝတ်စုံလေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

Editor: May Shoon



Share this article

TOP 5 ARTICLES


Trends   |   Posted on Feb 19, 2019

မိန်းကလေးတွေရဲ့ Favourite...


Celebrity Beauty   |   Posted on Feb 19, 2019

SINGAPORE မှာပြုလုပ်ခဲ့တဲ...


Makeup   |   Posted on Feb 19, 2019

Beauty Looks from London...


Celebrity Beauty   |   Posted on Feb 19, 2019

အမြဲတမ်းလှပနေတဲ့ JENNIFER...


Street Style   |   Posted on Feb 19, 2019

London Fashion Week Fall/...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.