Celebrity News   |   Posted on Nov 7, 2019 by Ja Seng Pan

အောင်မြင်မှုကို နှစ်အကြာကြီးထိန်းထားနိုင်တဲ့ ပြည်တွင်းက မင်းသားများ


အသက်အရွယ်ရလာပေမယ့်လည်း လူငယ်လေးတွေနဲ့ အပိုင်ဟော့နေတဲ့ မင်းသားတွေက ဘယ်သူတွေဖြစ်လဲ

Share this article

အခုဖော်ပြပေးသွားမှာကတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပရိသတ်အားပေးမှုကို နှစ်အကြာဆုံးရရှိထားတဲ့ အမိုက်စားမင်းသားတွေအကြောင်းပဲ ဖြစ်ပါတယ်။ အသက်ကြီးပေမယ့် မပျက်ဆီးသေးပဲ အမိုက်စားမင်းသားတွေက ဘယ်သူတွေဖြစ်မလဲ။ သူတို့ဘာကြောင့် ပရိသတ်အားပေးမှုကို အခုချိန်ထိ ထိန်းထားနိုင်တာလဲ ဆိုတာကို ကြည့်လိုက်ကြရအောင်နော်။


မင်းမော်ကွန်း
အသက်တွေတစ်နှစ်ထက် တစ်နှစ်ကြီးလာကြပေမယ့် နုပျိုမှုကို အမြဲထိန်းထားနိုင်တဲ့ အနုပညာရှင်တစ်ဦးကို ပြပါဆိုရင် မင်းမော်ကွန်းလို့ ပြောကြမှာ အသေအချာပါပဲ။ မင်းမော်ကွန်းဟာ အနုပညာလောကထဲကို ရောက်ရှိခဲ့တာဟာ နှစ်ပေါင်း ၃၀ နီးပါးရှိနေပြီဖြစ်ပေမယ့် သူစတင်ဝင်ရောက်ခဲ့တဲ့ ပုံစံအတိုင်းယနေ့ထက်တိုင် မပြောင်းလဲပဲ နုပျိုမှုကို ထိန်းထားနိုင်တဲ့ မင်းသားတစ်လက်ဖြစ်တဲ့အပြင် ပရိသတ်အားပေးမှုကိုလည်း ယနေ့ထက်တိုင် ခိုင်ခိုင်မာမာရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ ငယ်ချစ်ဖြစ်တဲ့ ဇနီးနဲ့အတူ ချစ်စရာ သားသမီး ၃ဦးကို ပိုင်ဆိုင်ထားသူပါ။ သားသမီးလေးတွေကလည်း သူ့ရဲ့အနုပညာသွေးအပြည့် ပါဝင်နေတာကို တွေ့ရပါတယ်။

 



နိုင်းနိုင်း
နိုင်းနိုင်းလို့ပြောလိုက်တာနဲ့ သူရဲ့ အမိုက်စားဘော်ဒီနဲ့ စတိုင်လ်က ယနေ့အထိ ပျိုမေတွေကို ဆွဲဆောင်ထားနိုင်တယ်ဆိုတာ အများကြီးပြောဖို့မလိုပါဘူးနော်။ သူရဲ့ အောင်မြင်မှုဟာ နှစ် ၂၀ ကျော်နေပြီဖြစ်ပေမယ့် သူ့ရဲ့ နုပျိုမှုနဲ့ အောင်မြင်မှုကတော့ ယခုထိ အံ့မခန်း ပရိသတ်အားပေးမှုကို ရရှိနေတဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ Fashionable ဖြစ်ပြီး လှပတဲ့ ဇနီးချောလေးနဲ့ ချစ်စရာကောင်းတဲ့ သားသားနဲ့ သမီးလေး ၃ဦးကို ပိုင်ဆိုင်ထားပါသေးတယ်။

 


စိုင်းစိုင်းခမ်းလှိုင်
ခေတ်အဆက်ဆက်ရဲ့ ဆယ်ကျော်သက်ကောင်မလေးတွေ သဲသဲလှုပ်အားပေးမှုကို ပိုင်ဆိုင်ထားတဲ့ စိုင်းစိုင်းရဲ့ အောင်မြင်မှုကလည်း အံမခန်းပါပဲနော်။ ဆယ်ကျော်သက်ကောင်မလေးတွေသာမကပဲ ကြီးကြီးငယ်ငယ်ပျိုပျိုမေတို့ရဲ့ အားပေးမှုကိုလည်း ရရှိထားသူပါ။ သူ့ရဲ့ ထွက်လာခဲ့သမျှ သီချင်းတွေဟာလည်း အမြဲရေပန်းစားခဲ့ပြီး အချစ်သီချင်းတွေကတော့ လူငယ်တွေအကြိုက် သီချင်းတွေဖြစ်တာကြောင့်လည်း သူဟာ အောင်မြင်မှုကို နှစ်အကြာကြီးထိန်းထားနိုင်တဲ့ Myanmar Actor တွေထဲက တစ်ဦးအပါအဝင်ဖြစ်ပါတယ်။ အဆိုပိုင်းမှာသာမက သရုပ်ဆောင်မှုအပိုင်းမှာလည်း ပျိုမေတို့ရဲ့ အားပေးမှုကို များသွာရရှိထားသူပါ။ ဒါတင်မကသေးပါဘူး။ သူရဲ့ ဖော်ရွေတဲ့ လူမှုဆက်ဆံရေးတွေကြောင့်လည်း သူ့အောင်မြင်မှုဟာ ပိုမိုခိုင်မာလာရပါတယ်။ စိုင်းစိုင်းဟာ ဝေဖန်မှုတွေ Social Media မှာ Celebrity တွေ အများဆုံးကြုံတွေ့ရတဲ့ Troll တွေကိုလည်း အပြုံးမပျက်ခံနိုင်ရည်ရှိတဲ့ အနုပညာရှင်တစ်ယောက်ပါ။

 


နေတိုး
နောက်ထပ်တစ်ယောက်ကတော့ စွယ်စုံရမင်းသားတစ်ဦးဖြစ်တဲ့ နေတိုးပါ။ နေတိုးရဲ့ သရုပ်ဆောင်ထူးချွန်မှုကို ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကတောင် ချီးကျူးရတဲ့အထိ တော်လွန်းတဲ့ မင်းသားတစ်ယောက်ပါ။ ဒါကြောင့်လည်း နှစ်ကာလကြာမြင့်နေတာတောင် ပရိသတ်အားပေးမှုက လျော့မသွားဘဲ ပိုပိုများလာခဲ့ပါတယ်။ သူရဲ့ အနုပညာဈာန်ဝင်စားမှုကလည်း ပိုမိုမြင့်တက်လာခဲ့ပြီး ဘယ်လိုဇာတ်ကောင်မျိုးကိုမဆို အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသားတစ်လက်ပဲ ဖြစ်ပါတယ်။ သရုပ်ပိုင်းအပြင် အဆိုပိုင်းမှာလဲ ထူးချွန်သလို ပန်းချီဆွဲလဲ တော်သူတစ်ယောက်ဖြစ်ပါတယ်။

Editor : Lin Lin



Share this article

TOP 5 ARTICLES


Celebrity Beauty   |   Posted on Jan 20, 2020

အလှအပအတွက် Follow လုပ်ထား...


Parties & Events   |   Posted on Jan 20, 2020

နုပျိုလန်းဆန်းခြင်းနဲ့ လှ...


Celebrity Style   |   Posted on Jan 18, 2020

တော်ဝင်တဲ့အပြုံး ထည်ဝါတဲ့...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.