trend report   |   Posted on Dec 14, 2016 by kiki

အကောင်းတကာ့အကောင်းဆုံး Harry Potter Beauty Productများ


သင်ဟာ Harry Potter ပရိသတ်တစ်ဦးဆိုရင်တော့ ဒီပစ္စည်းလေးတွေကို သိထားသင့်ပါတယ်နော်။

Share this article

ကျွန်မတို့နေ့စဉ်ဘ၀မှာ ကိုယ်အရမ်းကြိုက်နှစ်သက်ရတဲ့ စာအုပ်တွေ၊တီဗွီစီးရီးတွေနဲ့ ရုပ်ရှင်တွေကနေ Inspierdလုပ်ထားတဲ့ MakeUp Collectionတွေကို ပိုင်ဆိုင်ဖို့ဆိုတာ အိပ်မက်တစ်ခုပါပဲ။အောင်မြင်တဲ့ရုပ်ရှင်တွေထဲက Mean Girls Burn Book Paletteနဲ့  the Gilmore Girls eyeshadowတွေ အသီးသီးထွက်ရှိခဲ့ပေမယ့် Harry Potter စီးရီးလို တောက်လျှောက် ထွက်မလာတဲ့အပြင် စိတ်ဝင်စားမှု များစွာမရရှိခဲ့ပါဘူး။Harry Potterရဲ့အမာခံတွေဟာ ဘယ်ပစ္စည်းထွက်ထွက် ၀က်ဝက်ကွဲအားပေးခဲ့ကြသလို အလှအပနဲ့ပတ်သက်လို့ Harry Potter Themed Productsတွေ ထုတ်တဲ့အခါမှာလည်း ရောင်းမလောက်ပါပဲ။ထွက်ရှိခဲ့တဲ့ Harry Potter Beauty Productတွေထဲက ဘာတွေက အကောင်းတကာ့အကောင်းဆုံးတွေလဲဆိုတာတော့ အောက်မှာ အတူလေ့လာကြည့်ရအောင်နော်။

LA Splash Smitten Lip Tint Mousse

Harry Potter Characterပြီးတဲ့နောက်မှာ LA Splashက  သူတို့ရဲ့ Liquid Matte Formulaကို နာမည်အမျိုးမျိုးနဲ့ ထုတ်လုပ်ခဲ့ပါတယ်။နေ့စဉ် ဆိုးလို့ရတဲ့အရောင်တွေထဲမှာ Hermione(ပန်းချိုချဉ်ရောင်)၊Ginny (မက်မွန်သီးညိုရောင်)နဲ့Lovegood(နှင်းဆီရောင်ညစ်ညစ်)တို့ ပါဝင်ပါတယ်။အရောင်ရင့်ထဲကို သွားတဲ့ဘက်မှာတော့ Bellatrix(ခရမ်းပုပ်ရောင်)၊Sirius(နေဗီ)နဲ့ Ravenclaw(နီညိုရောင် ရင့်ရင့်)တို့ပါဝင်မှာပါ။

Love By Luna Magic Nail Decals

Harry Potter Nailartလုပ်ဖို့ မှော်တုတ်တံမလိုပါဘူး။Harry Potter Themed Nails Stickerလေးတွေကို လက်သည်းနီဆိုးပြီးပြီးချင်းမှာ ကပ်ပြီး အပေါ်က အကြည်ရောင်လက်သည်းနီထပ်လိုက်ရုံပါပဲ။

Brijia Cosmetics “You Know Who” Highlighter

ဇာတ်ကောင်တွေတစ်ယောက်ချင်းစီရဲ့ပုံကိုပဲကာတွန်းဆန်ဆန် အဖုံးမှာ အလှဆင်ထားတဲ့Highlighterတွေက ရွှေရောင် ၊ငွေရောင်တွေနဲ့ ရနိုင်သလို အဖုံးပေါ်က ဇာတ်ကောင်တွေမှာ နာမည်မရေးထားလို့ ဘယ်သူလဲဆိုတာ ပဟေဋ္ဌိဆန်ဆန်လေးလည်း ဖြစ်တာပေါ့။

Shiro & Co. Hand Blended Butter

ဒီLipglossကတော့ နောက်ထပ်အကောင်းဆုံးတစ်ခုပါ။Lipglossရဲ့ ထိပ်မှာ တောက်ပတဲ့အရောင်ရှိပြီး ဘူးထဲမှာတော့ ချောကလက်ရောင် ဆန်ဆန် Glossကို Beerbutterရနံ့နဲ့ ထည့်သွင်းထားတာဖြစ်ပါတယ်။

Geek Chic Cosmetics Witchcraft and Wizardry Complete Set

အလက်လက်တွေပါဝင်ပြီး အရောင်အမိုက်စားခြောက်ရောင် ပါဝင်တဲ့ Witchcraft and Wizardry Complete Setက သင့်ကို တောက်ပတဲ့ မျက်ဝန်းတစ်စုံကို ပေးစွမ်းနိုင်မယ့်အပြင် နေ့စဉ်သုံးဖို့ အရောင်တွေလည်း ပါဝင်လို့ အကြိုက်များခဲ့တဲ့ ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ်။

Storybook Cosmetics Wand Brush Set

Storybook Cosmetics Wand Brush Setရဲ့ ဘရပ်ရှ် ငါးချောင်းပါတဲ့ Setကို မြင်ပြီးတကည်းက ကျွန်မတို့တော်တော်များများ ရင်ခုန်သွားကြတာအမှန်ပါ။ချက်ချင်းကို Out of Stockဖြစ်သွားပေမယ့် နောက်ထပ် Instockဖြစ်မယ့်အချိန်ကို စောင့်နေရတဲ့အထိ စွဲဆောင်နိုင်တဲ့ပစ္စည်းတစ်ခုပါ။

Shiro&Co. Milk Chocolate Frog

အကောင်းတကာ့အကောင်းဆုံးထဲမှာ Chocolate Frogစားရတာလည်း ပါပါတယ်.အမှတ်တမဲ့ကြည့်လိုက်ရင် Chocolate မှုန့်တွေလို့ထင်မှတ်မှားရတဲ့ ဒီBronzerဟာ အသားအရေပေါ်မှာ တောက်ပနေမယ့်အပြင် သဘာဝကျနေစေမှာ ဖြစ်ပါတယ်။Lord Voldemortလို ဖျော့တော့ ဖြူဖွေးနေရင်တောင်မှ Warm ဖြစ်တဲ့ပုံစံကိုရစေမှာ ဖြစ်ပါတယ်တဲ့။

Storybook Cosmetics Witchcraft And Wizardry Palette

ယခုလက်ရှိမှာ ၀ယ်လို့မရသေးပေမယ့် Instagramမှာ နမူနာပြထားတဲ့ပုံတွေအရ ဒီPlatteမှာအလက်လက်တွေပါတဲ့

ရွှေရောင်၊နီညိုရောင်၊နေဗီပြာရောင်နဲ့ကျောက်စိမ်းရောင်တွေပါဝင်မယ်လို့ သိရပါတယ်။

Spellsandstars Palettes

ဒီလိုPalettesတွေကိုတော့ ဘယ်သူကမှ မတီထွင်သေးပါဘူး ဒါပေမယ့် Hogwarts Houseအတွက် ဒီ Spellsandstars Palettesက အမိုက်စားပုံစံကို ရစေမှာပါ။ဘူးရဲ့အပြင်အဆင်နဲ့တင်ကြွေချင်စရာပါပဲ။

Harry Potter Crest Accessory Pouch

Gryffindor,Slytherin,Ravenclaw ဒါမှမဟုတ် Hufflepuff ဆိုပြီး ကိုယ်ကြိုက်တဲ့ လိုဂိုနဲ့ အလှဆင်ထားတဲ့ Accessory Pouchတွေဟာလည်း Harry Potter Fanတွေရဲ့ အကြိုက်ပါပဲ။

Ref;www.teenvogue.com

SuYiHtet

 

 



Share this article

TOP 5 ARTICLES


Sex & Relationships   |   Posted on May 25, 2017

ချစ်တင်းနှောစဉ်ရှောင်ကြဉ်...


Health & Fitness   |   Posted on May 25, 2017

ဟော်မုန်းတားဆေးတွေကြောင့်...


Celebrity News   |   Posted on May 25, 2017

Stevie Nicks နဲ့ ‘Landsli...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.