Makeup   |   Posted on Mar 14, 2018 by Su Yi Htet Aung

အပေါစားပလတ်စတစ်မျက်တောင်တုတွေကို အကောင်းစား mink lash အသွင်ပြောင်းသွားစေတဲ့ နည်းလမ်းကောင်း


အလှအပကိုချစ်မြတ်နိုးသူတွေအတွက် အထောက်အကူဖြစ်စေမယ့် beauty hack…

Share this article


မျက်တောင်အတုဆိုတာ မိတ်ကပ်ကိုကြိုက်နှစ်သက်သူတွေအတွက်မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုပါ။ မျက်လုံးပေါ်မှာပေါ့ပါးပြီး တကယ့်မျက်တောင်တွေလို အမွေးထူထူဖွာဖွာလေးဖြစ်တဲ့ မျက်တောင်အတုတွေက ဈေးကြီးလွန်းကြပြီး ၁၀ခါ၊ ၁၅ခါထက်ပိုပြီးမတပ်သင့်တာကြောင့် နှမြောစရာကောင်းပါတယ်။



အခုတော့ Makeup Artist တစ်ဦးဖြစ်တဲ့ Paloma Garcia ကသူမပလတ်စတစ်မျက်တောင်အတုတွေကို mink ပုံစံမျက်တောင်နဲ့တူအောင်ပြုလုပ်တဲ့ video ကို သူမရဲ့ facebook စာမျက်နှာပေါ်ကိုတင်ခဲ့ပါတယ်။ ဒီ video ကမိန်းကလေးများနဲ့ မိတ်ကပ်ချစ်သူတွေအများကြားမှာ ရေပန်းစားသွားခဲ့ပါတယ်။ ဒီ video ထဲကလို အိမ်မှာရှိတဲ့အပေါစားမျက်တောင်တုတွေကိုလိုက်လုပ်ကြည့်တဲ့အခါ အမွေးပွပွထူထူပုံစံမျက်တောင်ကိုရရှိကြလို့မိန်းကလေးတွေက အရမ်းကိုပျော်နေကြပါတယ်။
Visit this link for the video - https://www.facebook.com/khandy.garcia/videos/pcb.1537859089664133/1537854786331230/?type=3&theater



Facebook နဲ့ Twitter စာမျက်နှာတွေပေါ်မှာ မိန်းကလေးတွေသူတို့လိုက်လုပ်လို့ရတာကို ဓာတ်ပုံတွေ video တွေနဲ့တကွပြန်လည်ဝေမျှထားကြပါတယ်။ ပြုလုပ်ပုံကတော့ ပလတ်စတစ်မျက်တောင်အတုကို မျက်ခုံးမွေးခြစ်တဲ့ brush နဲ့ ဘယ်ညာ zig zag ပုံစံမျိုး ခပ်ကြမ်းကြမ်းပွတ်တိုက်ပေးရင် mink အမွေးလိုမျက်တောင်ကိုရရှိစေမှာပါ။


Video & Photo crd: Facebook & Twitter
Editor: Thet Htar Lwin

 



Share this article

TOP 5 ARTICLES


Celebrity Beauty   |   Posted on Dec 7, 2018

KEY ရဲ့ လွယ်ကူ ရိုးရှင်းတ...


Parties & Events   |   Posted on Dec 6, 2018

ရန်ကုန်မြို့မှာ ပထမဦးဆုံ...


Diet & Fitness   |   Posted on Dec 6, 2018

BLACKPINK အဖွဲ့ရဲ့ DIET P...


Skin   |   Posted on Dec 6, 2018

Piercing မလုပ်ခင် သိထားသင...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.