Skin   |   Posted on May 31, 2019 by Yin Moe Shinn

air-con လေကြောင့်ခြောက်သွေ့ နေတဲ့ သင့်အသားအရေကိုဘယ်လိုကာကွယ်မလဲ ?


ဘယ်လို air-con လေကြောင့်ဘဲဖြစ်ဖြစ်ပျိုမေတို့ အသားအရေမခြောက်သွေ့ ရအောင်ဂရုစိုက်ဖို့ နည်းလမ်းလေးတွေက...

Share this article

အရင်ကဆိုရင်ဆောင်းတွင်းရောက်တာနဲ့ အသားအရည်တွေခြောက်သွေ့ ကွဲအက်တတ်တာမို့ အသားအလှဆီ တွေလိမ်းပြီး အသားအရည်ကိုထိန်းသိမ်းကြပါတယ်။ကျန်တဲ့အချိန်မှာရောအဲ့လိုလိမ်းဖို့ လိမ်းဖို့မလိုအပ်ဘူးလား။ လိုအပ်ပါတယ်။အခုဆိုလူအများစုက Air con ခန်းထဲကနေမထွက်တန်းအလုပ်လုပ်နေရပါတယ်။အဲ့လိုလုပ်နေရခြင်းကြောင့်အသားအရေခြောက်သွေ့ မှုဒဏ်ကိုအကြီးအကျယ်ခံရပါတယ်။တစ်ခိျု ကသတိမထားမိပေမယ့် ဆိုး ရွားတဲ့အဲဒီအသားအရည်ခြောက်သွေ့ တဲ့ခံစားချက်ကဆိုးပါတယ်။ပုံမှန်ပတ်ဝန်းကျင်မှာဆိုရင်စိုထိုင်းမှုပမာဏ

၆၅ရာခိုင်နှုန်းခန့် ရှိပါတယ်။air con အခန်းကတော့ရှိနေတဲ့ (humidity ) စိုထိုင်းမှုပမာဏကိုလျော့ကျစေတာ ကြောင့်အသားအရည်ကိုတိုက်ရိုက်ထိလာတဲ့ air con လေကအရေပြားပေါ်ကအပူဓါတ်ကိုပါစုပ်ယူသွားတဲ့အ တွက်အသားအရေကို ခြောက်သွေ့ စေလာပါတယ်။အခုဆိုရာသီမရွေးနေရာမရွေး ရှိနေတတ်တဲ့ air con လေကြောင့်ဖြစ်လာတဲ့အသားအရေခြောက်သွေ့ မှုကိုဘယ်လိုကာကွယ်မလဲဆိုတာပြောပြပေးမယ်နော်။ ရာသီတစ်ခုထဲမဟုတ်ဘဲနေ့ တိုင်းနီးပါးဖြစ်နေမယ့်အသားအရေခြောက်သွေ့ မှုအတွက်

၁.သင့်အရေပြားကပတ်ဝန်းကျင်ပေါ်မှုတည်ပြီးပြောင်းလဲနိုင်တာကြောင့် air con လေရနေတဲ့သင့်ရုံးခန်းအိမ် စတဲ့နေရာကနေ ခဏဖြစ်ဖြစ် break ယူပြီးထွက်ပေးပါ။အဲလိုပတ်ဝန်းကျင်လေနဲ့ ခဏထိပေးခြင်းကခြောက်သွေ့ နေတဲ့သင့်အသားအရေကို refresh ပြန်ဖြစ်စေမှာပါ။

၂.အမြဲလိုလိုခြောက်နေတာကိုကာကွယ်ဖို့ အတွက်ကအနံ့ မပါတဲ့ moisturizer ကိုမကြာမကြာလိမ်းပေးသင့်ပါတယ်။ဒါမှရေဓါတ်မရှိဘဲတင်းတင်းခြောက်ခြောက်ဖြစ်နေတဲ့အသားအရေကိုပြန်လည်စိုပြေစေမှာပါ။

၃.အနံ့ အရမ်းပြင်းတဲ့ အလှဆီ ၊ရေမွှေး စတာတွေနဲ့ သင့်အသားအရေကိုမထိစေဖို့ ကာကွယ်ပေးပါ။အဲဒီအရာတွေက သင့်အသားကိုစပ်ဖျင်းဖျင်းဖြစ်စေတဲ့အပြင် ပိုပြီးအသားခြောက်စေတာမို့သတိထားပြီးရှောင် သင့်ပါတယ်နော်။

၎.ခြေလက်အသားအရေတွေ သာမကမျက်နှာအသားအရေလည်းခြောက်တတ်တာမို့ သင့်ရဲ့ moisturizer ဘုးလေးကိအလုပ်ကိုထည့် သွားသင့်ပြီး နေ့ လည်ထမင်းစားချိန်မှာမျက်နှာနဲ့ လည်ပင်တစ်ဝိုက်ကိုအနည်းငယ်လိမ်းပေးသင့်ပါတယ်။ဒါကသင့်မျက်နှာပေါ်ကျရောက်တဲ့ air con လေကြောင့်အသားအရေခြောက်သွေ့ ခြင်းကိုကာကွယ်နိုင်မှာပါ။

၅.နောက်ဆုံးတစ်ချက်အနေနဲ့ အပြင်ပန်းခြောက်သွေ့ မှုကို အတွင်းကနေကုသခြင်းဖြစ်ပါတယ်။အဲ့တာကတော့ ရေများများသောက်ပေးဖို့ ဖြစ်ပြီး ရေမသောက်ချင်ရင်တောင်ရေဓါတ်များတဲ့အသီးဖျော်ရည်တွေကိုသောက်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ဒါကတော့နေ့ တိုင်း air con ခန်းထဲနေနေရတဲ့သူတွေအတွက်အသားအရည်မခြောက်ဖို့ ထိန်းသိမ်းနည်းလေးပါ။အသုံးဝင်မယ်လို့ ထင်ပါတယ်။

Editor Bo

 



Share this article

TOP 5 ARTICLES


Body   |   Posted on Sep 18, 2019

2019 3D Nail Design


Fashion News   |   Posted on Sep 18, 2019

2019 London Fashion Week...


Celebrity Style   |   Posted on Sep 17, 2019

ခပ်မိုက်မိုက် Fashion တွေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.