Skin   |   Posted on Sep 21, 2016 by kiki

အကြိုက်ဆုံး ကိုယ်တိုင်လုပ် Skin Care Treatments တွေကို ပြောပြပေးခဲ့တဲ့ မော်ဒယ်ငါးဦး


NYFW ရဲ့အလှအိန်ဂျယ်လ်လေးများရဲ့ အလှထိန်းသိမ်းနည်း လျို့ဝှက်ချက်အချို့က သင်ကိုယ်တိုင် အလွယ်တကူလိုက်လုပ်နိုင်တယ်ဆိုရင်.....

Share this article

ခရစ်စတယ်တစ်ခုလိုကြည်လင်နေတဲ့ အသားအရေ၊ တောက်ပနေတဲ့ မျက်နှာပြင်၊ ပန်းရောင်သန်းတဲ့ ပါးအို့လေးတွေက ဒီနှစ် ဖက်ရှင်ပွဲတော်များရဲ့ မျက်နှာစာများဖြစ်ပါတယ်။ ဒါပေမယ့် အဲ့လိုအသားအရေပုံစံရအောင် မိတ်ကပ်ရဲ့ဖန်တီးမှုပါဝင်နိုင်တယ်ဆိုပေမယ့် နဂိုရှိမှ နဂိုင်းထွက်မှာလေ။ အသားအရေမကောင်းတဲ့ မျက်နှာပြင်ကို မိတ်ကပ်မလိမ်းထားဘဲ သဘာဝလှနေတဲ့အသွင်ပေါက်အောင် ဖန်တီးဖို့ကတော့ အနည်းငယ်ခက်ခဲပါလိမ့်မယ်။ ဖက်ရှင်ပွဲတော်များရဲ့ အဓိကကျတဲ့ မော်ဒယ်မမတွေ ဒီလို အပြစ်ကင်းစင် ပြောစရာမရှိတဲ့ မျက်နှာအသားအရေရအောင် ဘယ်လိုမွေးမြူထားသလဲဆိုတာ ဒီမှာ သူတို့က ဆွေးနွှေးပြောပြပေးထားပါတယ်။

သူတို့တွေရဲ့ ကိုယ်ပိုင်အသားအရေထိန်းသိမ်းနည်း လျို့ဝှက်ချက်များက တစ်ခါတည်း အိမ်မှာပါ အလွယ်လုပ်နိုင်တဲ့နည်းများမို့ ဒီမော်ဒယ်လေးများရဲ့ အတည်ပြုအိမ်လုပ်အလှထိန်းသိမ်းနည်းလမ်းများကို မိတ်ဆက်ပေးလိုက်ပါတယ်နော်။

Jasmine Tookes

"အသားအရေနဲ့ပက်သက်ပြီး ကျွန်မလုပ်ရတာအကြိုက်ဆုံးကတော့ ညတိုင်းရေခဲနဲ့မျက်နှာကို ပွတ်ရတာပဲ။ အဲ့ဒါ မနက်ရောက်တဲ့အခါ ကျွန်မရဲ့အသားအရေကို တင်းရင်းစေပြီး မျက်နှာပြင်ပေါ်က အပြစ်အနာအဆာတွေကိုလည်း အမြင်လျော့သွားစေတယ်" လို့ Victoria's Secret model Jasmine Tookes က Carolina Herrera show စင်နောက်မှာ ပြောပြပေးခဲ့ပါတယ်။ ရေခဲနဲ့မျက်နှာအသားအရေထိန်းသိမ်းတယ်ဆိုတဲ့ နည်းလမ်းလေးက ရိုးရိုးလေးနဲ့အလုပ်ဖြစ်တယ်နော့...။

Hanne Gaby Odiele

လူတိုင်းကတော့ အုန်းဆီနဲ့အသားအရေထိန်းသိမ်းစရာ နည်းလမ်းကောင်းတစ်ချို့ကို သိကြမှာပါ။ အဲ့ဒါက အသားအရေတောက်ပအောင်ပြုလုပ်တဲ့နေရာမှာ အရမ်းအသုံးတည့်တယ်။ "ကျွန်မက Fashion Week မရောက်ခင်မှာ မျက်နှာကို ပစ္စည်းတစ်မျိုးတည်းနဲ့ပဲ အစိုဓါတ်ဖြည့်တယ်။ အဲ့တာကတော့ အုန်းဆီပဲ" လို့ မော်ဒယ် Hane Gaby Odiele က DKNY fashion show စင်နောက်မှာ ရှိနေတုန်းပြောပေးခဲ့ပါတယ်။ "My skin အသားအရေက အဲ့ဒါကို အကောင်းဆုံး စုပ်ယူနိုင်စွမ်းရှိပြီး ဒီနည်းလမ်းသာလျှင် ကျွန်မယုံကြည်စိတ်ချစွာအသုံးပြုတဲ့နည်းလမ်းဖြစ်ပါတယ်" တဲ့။

Maria Senko

"တစ်ကယ်လို့ ပွဲမတိုင်ခင် ကျွန်မပင်ပင်ပန်းပန်းဖြစ်နေတဲ့ပုံပေါက်ရင် နံနံပင်ကို ပါးပါးလှီးပြီး မျက်လုံးအောက်နားမှာထားလိုက်တယ်။ အပေါ်ကနေ နို့ရည်ဖြန်းထားတဲ့ cotton pad လေးအုပ်ပြီးတော့ပေါ့။ အဲ့လိုဆို မျက်လုံးအညိုကွင်းတွေ ပျောက်သွားကုန်ရော" လို့မော်ဒယ် Maria Senko က Naeem Khan စင်နောက်မှာ ပြောပြပေးခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနည်းလမ်းတင်မဟုတ်ပဲ သူမဆီမှာ သခွားသီးနဲ့ပက်သက်လို့ အခြားနည်းလမ်းတစ်ခုလည်းရှိနေပါသေးတယ်။ "လူတွေက သခွားသီးကို ပါးပါးလှီးပြီး မျက်လုံးပေါ်ကပ်လေ့ရှိတယ်။ ကျွန်မကတော့ မျက်နှာတစ်ပြင်လုံးကို ကပ်ပလိုက်တယ်။ အဲ့ဒါက ကျွန်မမျက်နှာပြင်တစ်ခုလုံးကို အေးအေးလေးနဲ့ နီမြန်းတာတွေပျောက်စေတယ်"။

Taylor Hill

Alexander Wang fashion show စင်နောက်မှာတော့ Victoria's Secret မော်ဒယ် Taylor Hill က သူမအမေဆီက လက်ဆင့်ကမ်းခဲ့တဲ့ နည်လမ်းကို ပြောပြပါတယ်။ "ကျွန်မအမေဆီမှာ ခန္ဓာကိုယ်ချေးချွတ်ခြင်းနဲ့ပက်သက်လို့ နည်းလမ်းကောင်းတစ်ခုရှိပါတယ်။ အမေက သကြားညိုနဲ့ အုန်းဆီအနှစ်ကို ရောမွှေပြီး ရေခဲသေတ္တာထဲမှာ ခဲနေအောင် ထားထားတယ်။ ခဲသွားရင် ကျွန်မတို့အပြင်ထုတ်ပြီး ချေးချွတ်၊ scrub လုပ်တဲ့နေရာမှာ အသုံးပြုပါတယ်"တဲ့။

Rebecca Munro

Taylor Hill ရဲ့ body scrub နည်းလမ်းလိုဆင်တူ လုပ်လေ့ရှိတဲ့ မော်ဒယ် Rebecca Munro ကတော့ သူမရဲ့ကိုယ်တိုင်လုပ် body exfoliator နည်းလမ်းကို Derek Lam ရဲ့စင်နောက်မှာ ပြေပြခဲ့ပါတယ်။ "ပင်လယ်ဆားနဲ့ အုန်းဆီကို ရောပြီး ကျွန်မရဲ့လက်မောင်းတွေ၊ ခြေထောက်တွေကို သုတ်လိမ်းခြင်းအားဖြင့် Fashion week မတိုင်ခင် ချောမွေ့တဲ့အသားအရေရအောင် ထိန်းသိမ်းပါတယ်" လို့သူမက ရှင်းပြပါတယ်။

ref; popsugar

 

 

 



Share this article

TOP 5 ARTICLES


Fashion News   |   Posted on Mar 24, 2017

2017 CFDA ဆုပေးပွဲရဲ့ စကာ...


Health & Fitness   |   Posted on Mar 24, 2017

အရေးပေါ်သန္ဓေတားဆေး သောက်တေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.