Parties & Events   |   Posted on Nov 9, 2018 by Kyaw Ye Lynn

ငါးကြိမ်မြောက် ကျင်းပမည့် နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော် International Film Heritage Festival


၁၀ ရက်တာအတွင်း ရုပ်ရှင်ကားပေါင်း ၇၅ ကားကို ကြည့်ရှုရမယ့် ရုပ်ရှင်ပွဲတော်

Share this article

ငါးကြိမ်မြောက် ကျင်းပမယ့် နိုင်ငံတကာရုပ်ရှင်အမွေအနှစ်ပွဲတော်ကို ရန်ကုန်မြို့မှာ နိုဝင်ဘာ ၉ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၁၀ ရက်တာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒီပွဲတော်အတွင်းမှာ မြန်မာ့ရုပ်ရှင်ကားတွေ အပါအဝင် နိုင်ငံတကာရုပ်ရှင်ကားပေါင်း ၇၅ ကားကို အခမဲ့ ပြသသွားမှာဖြစ်ပြီး ရည်ရွယ်ချက်က ဒီနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ ဖွင့်ချမပြခဲ့တဲ့ ရုပ်ရှင်တွေကို ဖွင့်ချပြသဖို့ပါပဲ။

အဖွင့်ရုပ်ရှင်အဖြစ် ၁၉၂၈ ခုနှစ်က ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Buster Keaton နဲ့ ဒါရိုက်တာ Edward Sedgwick တို့ရဲ့ ရုပ်ရှင်တစ်ကားကို နိုဝင်ဘာ ၉ ရက်နေ့မှာ စတင်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတကာ ရုပ်ရှင်အမွေအနှစ်ပွဲတော်ရဲ့ ရုံပြင်ပပိတ်ကားနဲ့ ပြသမှုအစီအစဉ်လည်း ပါရှိပြီး တချို့ရုပ်ရှင်ကားတွေကို နိုဝင်ဘာ ၁၀၊ ၁၁၊ ၁၂ ရက်နေ့တွေမှာ မဟာဗန္ဓုလပန်းခြံအတွင်း ပြသသွားမှာပါ။

နိုဝင်ဘာလ ၁၀ ရက်နေ့မှာ မြန်မာ့အမွေနှစ်ရုပ်ရှင် မြဂနိုင် ရုပ်ရှင်ကားကြီးကို ဦးသောင်းထိုက်ရဲ့ မြန်မာ့ဆိုင်းဝိုင်းတေးသံနဲ့ တိုက်ရိုက်တွဲဖက်ပြီး ဘာလင်မြို့က Maike Gossmann & Stefan တို့မှ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၁ရက်နေ့မှာကျ ချာလီချက်ပလင်ရဲ့ရုပ်ရှင်တစ်ကားဖြစ်တဲ့ The Gold Rush ကို ပြသသွားဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။

မြန်မာ့ရုပ်ရှင်လောကရဲ့ အနာဂတ်အတွက် ကောင်းမွန်တဲ့ အလားအလာတွေကို မြင်တွေ့ရမယ့် အစီအစဉ်တွေလည်း ပါရှိတာမို့ လက်မလွတ်စတမ်း သွားရောက်ကြည့်ရှုနိုင်ဖို့ သတင်းပေးလိုက်ရပါတယ်နော်။

Editor - Lu Thar Man



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.