Nails   |   Posted on Nov 30, 2016 by kiki

သဘာဝကျကျလက်သည်းအလှဖန်တီးကြမယ်


ငွေကုန်အချိန်ကုန်သက်သာစေပြီးလက်သည်းလေးတွေသန့်ရှင်းစေဖို့နည်းလမ်းကောင်းများ

Share this article

တစ်ကိုယ်ရည်သန့်ရှင်းမှုကိုယ်ရည်ကိုယ်သွေးပြယုဒ်ထဲမှာ လက်သည်းခြေသည်းလေးတွေရဲ့ သန့်ရှင်းလှပမှုလည်းပါဝင်ပါတယ်။လက်သည်းခြေသည်းလေးတွေသန့်ရှင်းအတွက် ငွေကုန်သက်သာ အချိန်ကုန်သက်သာပြီး အိမ်မှာကိုယ်တိုင်ပြုလုပ်နိုင်မယ့်နည်းလမ်းလေးကိုMODA က ဝေမျှပေးလိုက်ပါတယ်။လိုအပ်တဲ့ပစ္စည်းလေးတွေကလည်း ရှင်တို့နားမှာ အလွယ်တကူရှိနိုင်တဲ့ လက်သည်းညှပ်၊သံပုရာသီး၊သံလွင်ဆီ၊ သကြား အနည်းငယ်နဲ့ လက်သည်းအောက်ခံဆိုးဆေးအကြည်တို့ပဲဖြစ်ပါတယ်။

 

Step1.လက်သည်းခြေသည်းတွေကို ရေနွေးနွေးလေးနဲ့စိမ်ပြီးလက်သည်းခြေသည်းကြားက ဖုန်မှုန့် အညစ်အကြေးတွေကို ဖယ်ရှားပေးရပါမယ်။

Step2.လက်သည်းခြေသည်းခွံအားလုံးကိုတောက်ပြောင်စေဖို့သံပုရာသီးနဲ့ပွတ်တိုက်ဆေးကြောပေးပြီးလက်သည်းခြေသည်းကိုလိုအပ်သလို ပုံသွင်းပြီး အသားမာတွေကို လက်သည်းညှပ်နဲ့ညှပ်ပြီးဖယ်ရှားပါ။ဒီနေရာမှာ သံပုရာသီးက အညစ်အကြေးတွေကို ဖယ်ရှားပေးရုံတင်မက လက်သည်းခြေသည်းတွေ ကျိုးတာ ၀ါတာ နှစ်ထပ်ဖြစ်တာက အစ ကာကွယ်ပေးပါတယ်။

Step3.သကြားနဲ့သံလွင်ဆီကိုလက်ဖက်ရည်ဇွန်းတစ်ဇွန်းဆီဆတူ ရောစပ်ပြီး လက်ဖ၀ါး ခြေဖ၀ါးတွေကပွတ်တိုက်သန့်စင်ပေးပြီး ၂ မိနစ်လောက်အကြာမှာလက်ကိုရေနွေးနွေးလေးနဲ့ အရင်ဆေးကြောပါ။ပြီးမှရေအေးလေးနဲ့ထပ်ပြီးဆေးပေးပါ။

Step4.နောက်ဆုံးအဆင့်အနေနဲ့ hand cream, foot creamတွေလိမ်းပြီး လက်သည်းခြေသည်းလေးတွေကို base coat nail polish အကြည်လေးဆိုးလိုက်ရင် အချိန်ကုန်သက်သာ ငွေကုန်သက်သာပြီး တောက်ပကျန်းမာတဲ့ လက်သည်းခြေသည်းလေးတွေပိုင်ဆိုင်နိုင်ပါပြီ။

 

EDITOR ; SAW YATI NAING

 

 

 

 

Save



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Aug 18, 2018

Social Media တစ်ခုလုံးကို...


Cover Stories   |   Posted on Aug 18, 2018

MODA ရဲ့ 6th Anniversary...


Cover Stories   |   Posted on Aug 18, 2018

MODA ရဲ့ 6th Anniversary...


Cover Stories   |   Posted on Aug 17, 2018

MODA ရဲ့ 6th Anniversary...


Fashion News   |   Posted on Aug 17, 2018

ကြယ်ပွင့်သစ်လေးတွေကို Fai...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.