Celebrity Beauty   |   Posted on Aug 1, 2019 by Yin Moe Shinn

အသက်နဲ့ မလိုက်ပိုနုပျိုနေတဲ့ ဒရာမာ QUEEN လေး GIANNA JUN


ရေသူမလေးရဲ့ ဆွဲဆောင်မှုရှိတဲ့အလှတရား

Share this article

သိပ်အများကြီးမိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်။ သူမကတော့ 2001 လောက်ကထွက်ရှိခဲ့တဲ့ My Sassy Girl ကနေစသတိထားလာမိကြတဲ့ ကိုးရီးယား Drama မင်းသမီးချောလေး Gianna Jun လို့ လည်းခေါ်တဲ့Jun Ji Hyun ဘဲဖြစ်ပါတယ်။ အသက် ၃၈ဝန်းကျင်ရှိပြီဖြစ်တဲ့ ကလေး နှစ်ယောက်အမေလည်းဖြစ်တဲ့သူမကအဲလိုမထင်ရလောက်အောင်လှရက်နိုင်သူပါ။ မျက်နှာအလှတစ်ခုတည်းမဟုတ်ပါဘူး။ ကိုယ်လုံးကိုယ်ပေါက်အရပ်အမောင်းကအစအပြစ်ပြောစရာမရှိအောင်လှရက်နိုင်သူပါ။ အမျိုးသမီးထုရဲ့ မနာလိုမှုကိုခံနေရတဲ့ အ လျောက်သူမရဲ့ သရုပ်ဆောင်ပီပြင်မှုကလည်း အံ့မခန်းပါဘဲ။သူမရဲ့ ထူး

ဆန်းချက်ကတော့ နှာခေါင်းမှာမှည့်လေးရှိနေတာဘဲဖြစ်ပါတယ်။ဇာတ်အိမ်တစ်ခုလုံးကိုပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တဲ့ My Love From The Star ဇာတ်လမ်းတွဲမှာဆိုရင်သူမရဲ့ ဆွဲဆောင်မှုရှိရှိအလှတရားကိုတွေ့ မြင်ရမှာပါ။ဖက်ရှင်တွေကလည်းအသေမိမိုက်နေတဲ့ အဲဒီဇာတ်ကားလေးက ပရိတ်သတ်အားပေးမှုတော်တော်ရရှိခဲ့ပါတယ်။နောက်ထပ်ပရိတ်သတ်အသည်းကိုခြွေယူနိုင်ခဲ့တဲ့ Drama ကတော့ ကောင်မလေးတွေရဲ့ အသည်းစွဲ Lee Min Ho နဲ့ အတုသရုပ်ဆောင်ထားတဲ့  The Legend Of  The Blue Sea ဇာတ်လမ်းတွဲဘဲဖြစ်ပါတယ်။ Star Awardနဲ့ The Best Couple Award ဆုကိုရရှိခဲ့တဲ့ဒီဇာတ်လမ်းတွဲမှာဆိုရင်သူမရဲ့ သဘာဝ Makeup Look တွေကိုPale pink lipstick ရယ် Hot pink lipstick ရယ်နဲ့ တွဲဖက်ပြင်ဆင်ထားတာတွေ့ ရမှာပါ။ အဲ့ဒီနောက်Hot pink lipstick ကဆိုရင်အမျိုးသမီးတွေကြားခေတ်စားခဲ့ပါသေးတယ်။ ကိုရီးယားဒရာမာမင်းသမီးတွေ ထဲမှာသူမကတော့ ဆွဲဆောင်မှုရှိတဲ့အလှတရားကိုပိုင်ဆိုင်ထားသူပါ။ အသက်အရွယ်နဲ့ မလိုက်အောင်နုပျိုနေတဲ့သူမက Skin care ကိုလည်းဂရုတစိုက်လုပ်တယ်လို့ သိရပါတယ်။ များသောအားဖြင့်Natural မိတ်ကပ်ကိုသာလိမ်းလေ့ရှိပြီး ဇာတ်ရုပ်အလိုက်တခါတလေပြောင်းလဲသွားတဲ့ သူမရဲ့အလှတရားကိုဝေမျှပေးလိုက်ပါတယ်နော်။

Editor : Bo

 



Share this article

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.