Opinions   |   Posted on Sep 28, 2017 by Moe Thandar Lwin

အလုပ်အင်တာဗျူးပုံစံများနှင့် မိတ်ဆက်ခြင်း


သင် အလုပ်အင်တာဗျူးဘယ်နှစ်မျိုးလောက် ၀င်ဖူးးပြီးသွားပြီလဲ

Share this article

အလုပ်တွေလျှောက်တဲ့အခါမှာ သင်ဟာ ဘယ်လိုအင်တာဗျူးမျိုးတွေကို ရင်းနှီးခဲ့ပါသလဲ။ တကယ်တော့ လက်တွေ့မှာ အလုပ်အင်တာဗျူးပုံစံများစွာရှိနေပါတယ်။ ဒါတွေက လုပ်ငန်းနဲ့အလုပ်ရှင်ရဲ့ ပုံစံကိုလိုက်ပြီး အမျိုးမျိုးကွဲပြားနိုင်လို့ လုပ်ငန်းခွင်ဝင်မယ့်သူတိုင်း သိထားသင့်ပါတယ်။ သင်ဟာ အင်တာဗျူးပုံစံအနည်းငယ်သာ ကြုံတွေ့ဖူးတယ်ဆိုရင်တောင် တခြားမတူညီတဲ့အလုပ်အင်တာဗျူးပုံစံတွေကိုတော့ ကြားဖူးနားဝရှိထားသင့်တယ်မဟုတ်ပါလား။

The Traditional Interview

ဒါကတော့ မြန်မာနိုင်ငံမှာအလုပ်လုပ်ကိုင်သူတိုင်း အများဆုံးကြုံတွေ့ရတဲ့အင်တာဗျူးပုံစံပါပဲ။ ထူးခြားချက်များများစားစား မရှိပါဘူး။ သင်ဟာ အင်တာဗျူးမယ့်သူတွေရဲ့ မျက်နှာချင်းဆိုင်နေရာမှာ ၀င်ထိုင်လိုက်ပြီး အလုပ်ရှင် သိလိုသမျှ စစ်ဆေးမေးမြန်းတာကို အလိုက်တသင့်ဖြေကြားပေးရုံပါပဲ။ ဒီလိုအင်တာဗျူးတွေမှာတော့ သင့်ရဲ့စတိုင်၊ အပြုအမူအပြောအဆိုကို အဓိကထားဂရုစိုက်ရပါလိမ့်မယ်။

The Phone Interview

ဒါက မြန်မာနိုင်ငံမှာလဲ တစ်ခါတစ်လေကြုံတွေ့နိုင်ပါတယ်။ အထူးသဖြင့် လူတွေ့စစ်ဆေးတဲ့အင်တာဗျူးမတိုင်ခင် ရင်ဆိုင်ရလေ့ရှိတဲ့ အင်တာဗျူးပုံစံပါပဲ။ အလုပ်ရှင်ဟာ သင့်ရဲ့ ကိုယ်ပိုင်ဖုန်းနံပါတ်ကို ဖုန်းခေါ်ပြီး ကနဦးအနေနဲ့ သိလိုသမျှနေမေးမြန်းမှာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ မြန်မာနိုင်ငံမှာ သုံးလေ့မရှိပေမယ့် အခုနောက်ပိုင်း လူတိုင်းဆီမှာ လက်ကိုင်ကိုယ်ပိုင်ဖုန်းတစ်ယောက်တစ်လုံးစီ အသီးသီးရှိနေကြပြီမို့လို့ တစ်ချို့လုပ်ငန်းရှင်တွေ စတင်အသုံးချနေပြီဖြစ်တာကို တွေ့ရပါတယ်။ ဒီနေရာမှာတော့ သင့်ရဲ့ လေယူလေသိမ်းနဲ့ စကားပြောပုံစံကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

The Skype Interview

ဒီနည်းလမ်းကိုတော့ မြန်မာနိုင်ငံ ပြည်တွင်းလုပ်ငန်းတွေမှာ သုံးစွဲတာမျိုး မတွေ့ရသေးပါဘူး။ အထူးသဖြင့်တော့ နိုင်ငံခြားကို သွားရောက်အလုပ်လုပ်ကိုင်မယ့်ဝန်ထမ်းတွေအနေနဲ့ပဲ နိုင်ငံခြားလုပ်ငန်းရှင်များက တိုက်ရိုက်အင်တာဗျူးရာမှာ အသုံးပြုပါတယ်။ သင် Skype Interview မလုပ်ခင်မှာတော့ အချိန်မှီ အွန်လိုင်းပေါ်မှာ အသင့်အနေအထားရှိနေဖို့နဲ့ ကွန်ပျူတာစနစ် တစ်စုံတစ်ရာမချို့ယွင်းစေဖို့ စစ်ဆေးထားရပါလိမ့်မယ်။

The Group Interview

တစ်ခါတစ်လေ လုပ်ငန်းရှင်ဘက်က အချိန်မပေးနိုင်လို့ပဲဖြစ်စေ၊ အလျှင်လိုအပ်လို့ပဲဖြစ်စေ၊ အဖွဲ့လိုက်ခန့်အပ်မှာကြောင့်ပဲဖြစ်စေ တစ်ဦးချင်းစီအင်တာဗျူးတာမျိုးကို ကျော်ပြီး အဖွဲ့လိုက်အင်တာဗျူးတတ်ပါသေးတယ်။ မေးခွန်းတစ်ခုတည်းကိုပဲ လူအများကို တစ်ယောက်ချင်းဆီမေးတာမျိုးတွေ၊ ယေဘုယျမေးခွန်းတွေကို ဖြေချင်တဲ့သူဖြေစနစ်နဲ့ ဖြေရတာမျိုးတွေပါဝင်ပါတယ်။ ဒီလိုအင်တာဗျူးနဲ့ ကြုံတွေ့ပြီဆိုရင်တော့ သင်ဟာ အားလုံးထဲမှာ သွက်လက်ထက်မြတ်ပြီး ထင်ပေါ်နေဖို့လိုအပ်သလို၊ အဖွဲ့အစည်းတစ်ခုလုံးကို ဦးဆောင်နိုင်တဲ့ပုံစံမျိုးဖြစ်နေဖို့ ပြင်ဆင်ကြိုးစားပါ။

The Working Interview

တစ်ချို့သောလုပ်ငန်းရှင်တွေက သင့်ရဲ့အရည်အချင်းကို စစ်ဆေးတဲ့အခါ အပြောနဲ့တင်မကသေးပဲ အလုပ်နဲ့ပါ သက်သေပြခိုင်းတာမျိုးတွေ ရှိလာတတ်ပါတယ်။ သင့်ကို ကွန်ပျူတာအရည်အချင်းစစ်ဆေးတာမျိုး၊ စာအရေးအသားအရည်အချင်းစစ်ဆေးတာမျိုးတွေနဲ့ လက်တွေ့လုပ်ငန်းခွင်မှာ နာရီပိုင်းဝင်ရောက်လုပ်ကိုင်ခိုင်းပြီး သင့်ရဲ့အရည်အချင်းကို သူတို့ လေ့လာမှာဖြစ်ပါတယ်။ သင့်ဘက်က သင်တက်မြောက်တဲ့အရာကို အကောင်းဆုံးလုပ်ပြနိုင်ဖို့ လိုအပ်ပါတယ်။

The Lunch Interview

နေ့လည်စာအတူတူစားခိုင်းပြီး စကားပြောရင်း အင်တာဗျူးလို့ အခြေအနေကောင်းတယ်လို့တော့ လွယ်လွယ်မခန့်မှန်းလိုက်ပါနဲ့။ ဒါဟာ လူမှုဆက်ဆံရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ လူ့ပတ်ဝန်းကျင်မှာလိုအပ်တဲ့ယဉ်ကျေးမှုတွေ သင့်ဆီမှာ ဘယ်လောက်ပြည့်ပြည့်စုံစုံရှိသလဲဆိုတာကို လေ့လာချင်လို့ပါပဲ။ အထူးသဖြင့် သင်ဟာ လုပ်ငန်းရှင်အတွက် လူအများနဲ့ဆက်ဆံပေးရမယ့် Public Relations လို ရာထူးမျိုးတွေအတွက် လျှောက်ထားတယ်ဆိုရင်တော့ ဒီလိုအင်တာဗျူးမျိုးနဲ့ကြုံရနိုင်ချေ ရှိပါတယ်။ လွယ်မယောင်နဲ့ခက်တဲ့ အင်တာဗျူးဖြစ်လို့ သင်စားတာသောက်တာ နေတာထိုင်တာကအစ ဆင်ခြင်ရမှာပဲဖြစ်ပါတယ်။

ဒါကတော့ လုပ်ငန်းရှင်တွေ အများဆုံးအသုံးပြုလေ့ရှိတဲ့ အလုပ်အင်တာဗျူးပုံစံတွေပဲဖြစ်ပါတယ်။ သင်ရော သင့်ရဲ့လုပ်သက်အတွေ့အကြုံထဲမှာ အင်တာဗျူးအမျိုးအစား ဘယ်နှစ်ခုလောက်များ ကြုံခဲ့ရပြီးပြီလဲ။

 

Editor: Moethae Say



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Aug 18, 2018

Social Media တစ်ခုလုံးကို...


Cover Stories   |   Posted on Aug 18, 2018

MODA ရဲ့ 6th Anniversary...


Cover Stories   |   Posted on Aug 18, 2018

MODA ရဲ့ 6th Anniversary...


Cover Stories   |   Posted on Aug 17, 2018

MODA ရဲ့ 6th Anniversary...


Fashion News   |   Posted on Aug 17, 2018

ကြယ်ပွင့်သစ်လေးတွေကို Fai...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.