Parties & Events   |   Posted on Nov 6, 2018 by Kyaw Ye Lynn

အမျိုးသားသီးသန့် ဆံသဆိုင် Burman Barbershop ရဲ့ Grand Opening


Hair Salon တွေနဲ့ လွန်စွာ ခြားနားလှတဲ့ Burman Barbershop ကို တစ်ခေါက်လောက်တော့ သွားကြည့်လိုက်နော်

Share this article

လွန်ခဲ့တဲ့ နှစ် ၁၀၀ ဝန်းကျင်က အပြင်အဆင်တွေကို ပြန်လည်ဖော်ထုတ်ကာ တုပထားပြီး အမျိုးသားသီးသန့် ဆံသဆိုင်အဖြစ် ဖွင့်လှစ်ထားတဲ့ Burman Barbershop ရဲ့ Grand Opening ကို နိုဝင်ဘာလ ၃ ရက်နေ့က ဘိုကလေးဈေးလမ်းရှိ Burman Barbershop မှာ ကျင်းပခဲ့ပါတယ်။

Hair Salon တွေနဲ့ လွန်စွာ ခြားနားတဲ့ Barbershop ကို မြန်မာနိုင်ငံမှာ ပြန်ဖွင့်ဖို့ စိတ်ကူးရရခဲ့သူ လူငယ်လေးယောက်က Jeremy, Leo, Edie နဲ့ Nelson တို့ပဲ ဖြစ်ပါတယ်။

" ၁၉၂၀ မှာ အင်္ဂလိပ်တွေက ကျွန်တော်တို့နိုင်ငံကို ကိုလိုနီနယ်ချဲ့ထားတယ်။ Colonial Era ကိုး။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ ဆံသဆိုင်တွေ ရှိခဲ့တယ်။ အခုကျ မရှိတော့ဘူး။ Hair Salon တွေသာ ပိုပိုများလာတယ်။ ဒါကြောင့်လည်း တစ်ချိန်က ရှိခဲ့တဲ့ ဆံသဆိုင်ပုံစံမျိုးကို ပြန်ဖော်ထုတ်ပြချင်လာတာ။ ဒီမှာ ရှိခဲ့ဖူးတဲ့ Culture တစ်ခုကို ပြန်ဖော်ထုတ်ပြချင်လာတာ၊ အသက်ပြန်သွင်းပြချင်လာတာပဲ။ ဒါကြောင့်မို့ ၁၉၂၀ လောက်တုန်းက ရှိခဲ့တဲ့ အဆောက်အဦပုံစံတွေကို လိုက်ရှာရတယ်။ မြို့ထဲမှာပဲ ဦးစားပေးပြီး ရှာခဲ့တာ။ ကံကောင်းတော့ အခု ဆိုင်ဖွင့်ထားတဲ့နေရာကို တွေ့ခဲ့တယ်။ ဒီအဆောက်အအုံကိုက ၁၉၂၀ လောက်ကတည်းက ဆောက်ခဲ့တဲ့ အဆောက်အအုံ ဖြစ်နေတာ " လို့ Jeremy Kyaw က ပြောပြပါတယ်။

လက်ရှိမှာ ရနေတဲ့ ဝန်ဆောင်မှုတွေက ဆံပင်ညှပ်တာ၊ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ရိတ်တာ၊ ဆံပင်နဲ့ မုတ်ဆိတ်မွေးကို ပုံသွင်းတာတို့ ဖြစ်ပါတယ်။ ဆိုင်ကို ရောက်နေစဉ်အတွင်းမှာ ကော်ဖီနဲ့ ဝီစကီကိုလည်း အခမဲ့ ဝန်ဆောင်မှုအဖြစ် သုံးဆောင်နိုင်ကြောင်း သိရပါတယ်။

" Customer Loyality Program တွေကို ခုကတည်းက လုပ်ပေးထားတယ်။ Gift Voucher ကိုတော့ နောက်ပိုင်း ထပ်စီစဉ်ဖြစ်မှာပါ " လို့ Leo Liao က ဆိုသွားပါတယ်။

Editor - Lu Thar Man



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.