Parties & Events   |   Posted on May 28, 2018 by Moe Thandar Lwin

အမျိုးသမီးများနေ့စဉ်ဘ၀ကို ဘယ်လိုဖြတ်သန်းကြမလဲ


ပိုပြီးပြည့်စုံပျော်ရွှင်စရာကောင်းတဲ့နေ့စဉ်ဘ၀ကို လိုချင်ရင်တော့ ဒီပွဲလေးကို သွားတက်သင့်ပါတယ် ......

Share this article

အခုခေတ်ကတော့ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖမ်းဆုပ်နေကြတဲ့ခေတ်ကို ရောက်နေကြပါပြီ။ အမျိုးသမီးတွေ အားကောင်းလာပြီလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူးနော်။ နည်းပညာတိုးတက်ပြောင်းလဲလာတဲ့ခေတ်လည်း ဖြစ်တာကြောင့် နယ်ပယ်အသီးသီးမှာ အမျိုးသမီးခေါင်းဆောင်တွေများစွာ မြန်မာပြည်မှာပါ ပေါ်ထွက်လာပါပြီ။

ဒီလိုအောင်မြင်တဲ့ အမျိုးသမီးတွေဟာ လုပ်ငန်းတာဝန်ကိုသာမက အိမ်ထောင်သည်အမျိုးသမီးတွေဆိုရင်လည်း သားသမီးအရေး၊ လူလွတ်အမျိုးသမီးတွေဆိုရင်လည်း မိသားစုအရေးစသည်အားဖြင့် အိမ်တွင်းရေးတွေကိုပါ ကူညီထောက်ပံ့ကြရတဲ့အတွက် ပိုပြီးပင်ပန်းကြပါတယ်။ ပိုပြီးလည်း ကြိုးစားကြရပါတယ်။

ဒီလိုအမျိုးသမီးတွေကို မိမိကိုယ်ကိုယ် ယုံကြည်မှုရှိလာစေဖို့၊ အတွေးအခေါ်နဲ့ ဘ၀နေထိုင်မှုနည်းစနစ်တွေကို မျှဝေပေးနိုင်ဖို့၊ ခွန်အားပြည့်ဝတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့လည်း မိမိဘ၀ကို ကိုယ်တိုင်ဖန်တီးတည်ဆောက်နိုင်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးမယ့် ဆွေးနွေးပွဲလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

ဒီပွဲလေးရဲ့နာမည်ကတော့ The Image Talks: Women Lifestyle Programme လို့ အမည်ပေးထားပါတယ်။ Panelist တွေအဖြစ် ဒေါ်ဆွေဇင်အေး (Managing Director of MHR Management Institute)၊ ဦးဇာနည်ဝင်းထက် (Head of IM Group, Samsung Electronics Myanmar Branch)၊ ဒေါ်ဝင်းအိခိုင် @ Winnie Khine (Executive Director, Wai Sithu International Co.,Ltd) တို့ဖြစ်ပြီး Samsung, Sunkist Myanmar နဲ့ Remax Myanmar တို့ရဲ့ Brand Ambassador တစ်ဖြစ်လဲ မင်းသမီး အေးဝတ်ရည်သောင်းကလည်း ပါဝင်ဆွေးနွေးပေးသွားဦးမှာပါ။ Moderator အနေနဲ့ ကျွန်မတို့ရဲ့ MODA Woman တစ်ယောက်ဖြစ်တဲ့ မထက်ရည်ဝင်း (Founder and Director of Brand You) က တာဝန်ယူပေးထားပြီး Speaker တွေကတော့ ဒေါက်တာဖြိုးသီဟ (Co-Founder, Power of Passion)၊ ဒေါ်အေးမြတ်မြတ်သူ (Managing Director of Myanmar Hand in Hand Marketing Services Co.,Ltd) တို့ပဲ ဖြစ်ပါတယ်။

ပွဲမှာ ပါဝင်ဆွေးနွေးပေးကြမယ့် ဦးဆောင်သူတွေဟာ အားလုံးအတွက် တကယ့်ကို ဗဟုသုတပေးနိုင်တဲ့လူတွေချည်းပဲဖြစ်တာကြောင့် အမျိုးသမီးတွေအနေနဲ့ တက်ရောက်သင့်တဲ့ပွဲလေးတစ်ပွဲပါ။ နောက်ပြီးတော့ ဘာကြောင့်တက်ရမှာလဲဆိုရင်တော့ ဒီပွဲဟာ လုံးဝလုံးဝ Free Seminar ပဲဖြစ်ပါတယ်။

စိတ်ဝင်စားတဲ့အမျိုးသားအမျိုးသမီးအားလုံး တက်ရောက်နိုင်ပြီး အောက်က Link လေးမှာ Register လုပ်ပေးရုံပါပဲ။ တကယ်ကို အကျိုးရှိတဲ့ပွဲလေးမို့လို့ ဇွန်လ ၂ရက်နေ့ နေ့လည် ၁နာရီ Sule Shangrila Ballroom No. 1 မှာ တက်ရောက်လို့ရပါတယ်လို့ သတင်းပေးပါရစေနော်။

https://l.facebook.com/l.php?u=https%3A%2F%2Fdocs.google.com%2Fforms%2Fd%2F1IOysDcKoQrQsIJMbiTqvUd8pnPm5j1hwVRKG3DqVC30%2Fedit&h=ATMMWauuk5dOpuUGPwKv7eYyfV0WoEu0x82Y4GnU7qX7bo7EECNwDVhII__sVj7AZXk2dunifYYff9n3JHxgVaY53_RlyLTYl9r0PpsY

 

Editor : Moethaesay



Share this article

TOP 5 ARTICLES


Beauty Box   |   Posted on Nov 14, 2018

The Body Shop ရဲ့ ရင်ခုန်...


Celebrity Beauty   |   Posted on Nov 14, 2018

DRAMA SERIES အသစ်တစ်ခုထွက...


Celebrity Beauty   |   Posted on Nov 14, 2018

လှပလွန်းတဲ့ ရွှေမှုံရတီရဲ့...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.