Fashion News   |   Posted on Nov 27, 2019 by May Shoon

အမိုက်စား Collaboration တစ်ခုကို ချပြလိုက်တဲ့ Prada


ဒီ့ထက်မိုက်တဲ့ Collaboration ရှိဦးမှာလား

Share this article

နာမည်ကျော် Prada ကတော့ အရမ်း Hot ဖြစ်တဲ့ Sportwear Brand ဖြစ်တဲ့ Adidas နဲ့ပူးပေါင်းပြီး Limited Edition နှစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ Prada က ဒီ Collaboration အကြောင်းကို လွန်ခဲ့တဲ့ အောက်တိုဘာလတည်းက စတင် Hints တွေပေးနေပေမယ့် နိုဝင်ဘာမှာတော့ Officailly Release လုပ်လိုက်ပါပြီ။ ဒီ Powerhouse Brand နှစ်ခုက သူတို့ရဲ့ အမိုက်စား ပူးပေါင်းဖန်တီးမှူကို လွန်ခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့တည်းက Prada ရဲ့ Official Instagram မှာ အရိပ်အမွက်တွေပြနေခဲ့တာပါ။
ဒီ Prada x Adidas Edition မှာတော့ အားလုံးရဲ့ Iconic ဖြစ်ပြီးသား Triple Stripe နဲ့ Adidas Superstar Sneaker ကို Prada Label နဲ့ ထွက်ရှိထားတာဖြစ်သလို၊ နောက်ထပ် Product ကတော့ Optic White အဖြူရောင် Bowling Bag ဖြစ်ပြီး Prada နဲ့ Adidas logo နှစ်ခုလုံးကို Front မှာရိုက်နှိပ်ထားပါတယ်။ Adidas အတွက်ကတော့ Prada နဲ့ Collab လုပ်တာ ဒါ ပထမဆုံးအကြိမ်ဖြစ်ပြီး အရင်ကတော့ Designer Raf Simmons တို့ Rapper Kanye West တို့နဲ့ Collaboration တွေလုပ်ဖူးပါတယ်။
ဒီ Prada x Adidas Collection ကတော့ အရမ်းကို Exclusive ဖြစ်တာမို့ ဒီ Edition Product တွေကို အခုရေ 700 သာထုတ်လုပ်ထားတာဖြစ်ပြီး တစ်ခုချင်းစီက သူ့ရဲ့ ကိုယ်ပိုင် Serial Number နဲ့ သွားမှာလို့ဆိုပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့မှာ ဒီ Prada x Adidas Limited Edition ကို New York၊ Los Angeles၊ Paris၊ London၊ Bejing နဲ့ Tokyo တို့အပါအဝင် Global Prada Store တွေမှာ ဝယ်ယူနိုင်မှာဖြစ်ပြီး Online ကနေဆိုလည်း Prada.com နဲ့ adidas.com တို့မှာ ဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းအားဖြင့် တော့မကြေညာရသေးတာမို့ ဘယ်လို့ Pricing Range တွေနဲ့ လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာ ပါ။
ဘယ်လိုပဲဖြစ်ဖြစ် အားလုံးရဲ့ Wish List ထဲမှာ ဒီ Collection လေးပါဝင်လာမှာတော့ သေချာပါတယ်။ သင်ရော ဒီ Prada x Adidas Collection ထဲက ဘယ် Product ကို အကြိုက်ဆုံးဖြစ်မလဲ။ White Superstar Sneaker လေးလား။ Bowling Bag လေးလား။ ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်တော့နော်။



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Dec 13, 2019

Garden Party ပုံစံနဲ့ ကျင...


Celebrity Style   |   Posted on Dec 12, 2019

အလန်းစား Beach Fashion တွ...


Celebrity Style   |   Posted on Dec 12, 2019

အပြုံးချိုချိုနဲ့ ဖမ်းစား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.