Music   |   Posted on Jun 8, 2016 by kiki

အ​မွန်း​ရဲ့ ​ဒု​တိ​ယ​မြောက် ​အယ်လ်​ဘမ် Automatic


အမွန်းက ဂီတနဲ့ပတ်သက်ပြီးလုပ်နေရရင်ပျော်တယ်။ ဂီတမရှိလို့မရဘူး။

Share this article

Automatic အယ်လ်ဘမ်ဟာ အမွန်းရဲ့ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ ‘မင်းပေးတဲ့အချစ်’ ဆိုတဲ့ပထမဦးဆုံးတစ်ကိုယ်တော် အယ်လ်ဘမ်ထွက်ရှိပြီး တစ်နှစ်အကြာမှာ ထပ်မံထွက်ရှိခဲ့ခြင်းလည်းဖြစ်ပါတယ်။ Automatic အယ်လ်ဘမ်မှာ ပါဝင်တဲ့သီချင်းတွေကတော့ စည်းနဲ့ဝါး၊ Automatic ၊ ကြာပြီ၊ နင်မှတ်ထား၊ nobody knows ၊ ချစ်ခွင့်လေးပေးပါ၊ အပူငြိမ်းကြပါစေ၊ ငါမေ့လို့မရသေးဘူး၊ ငါ့ရဲ့အမှား နဲ့ Outta Town Girl ဆိုတဲ့ သီချင်း ၁၀ ပုဒ်နဲ့ nobody knows (Trap mix) ဗားရှင်းကို Bonus အနေနဲ့ထပ်မံထည့်သွင်းပေးထားတဲ့အတွက် စုစုပေါင်းသီချင်း ၁၁ ပုဒ်ပါဝင်ပါတယ်။ သီချင်းတွေအားလုံးထဲမှာ piano နဲ့တီးထားတဲ့ ‘ငါ့ရဲ့အမှား’ဆိုတဲ့သီချင်းတစ်ပုဒ်တည်းသာ အနှေးဆုံးသီချင်းတစ်ပုဒ်အဖြစ်ပါဝင်ပြီး ကျန်တဲ့သီချင်းတွေဟာ အမြူးအကြွကိုဦးစားပေးထားတဲ့ dance pop သီချင်းတွေပဲဖြစ်ပါတယ်။

အမွန်းရဲ့ Automatic အယ်လ်ဘမ်ကို BO BO Music Production ကနေ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ(၂၂)ရက်နေ့က စတင်ဖြန့်ချိထားတာဖြစ်ပါတယ်။ ယခု အမွန်းနဲ့တွေ့ဆုံခဲ့တဲ့ automatic အယ်လ်ဘမ် အကြောင်း အင်တာဗျူးကိုဆက်လက်တင်ဆက်ပေးလိုက်ပါတယ်။

 

 

ဒီ Automatic ခွေလုပ်ဖို့အချိန်ဘယ်လောက်ယူခဲ့ရလဲ။

အချိန်က တခြားကြီးမယူခဲ့ရဘူး။ အမွန်းထင်တယ်။ ၃ လဝန်းကျင်၊ ၃ လကျော်ကျော်လောက်ပါပဲ။

ဒါဆိုအမွန်းဆီမှာ သီချင်းတွေက အကုန်ရယ်ဒီရှိနေခဲ့တာပေါ့။ ခွေတစ်ခွေလုံးကို စလုပ်ကတည်းက အမေရိကမှာပဲ လုပ်ဖြစ်တာလား။ ဒီကနေဘာတွေလုပ်သွားသေးလဲ။

အမွန်းက သီချင်းရေးရင် ခရီးသွားရင်းရေးထားတာတွေများတယ်။ နေပြည်တော်-ရန်ကုန် ခရီးစဉ်တွေမှာရေးတယ်။ ပြီးတော့ ဒီကနေ အယ်အေကိုသွားတဲ့ ခရီးစဉ်တွေမှာရေးတယ်။ ခရီးတွေမှာ လေယာဉ်စီးရတာလည်းကြာတယ်။ ရန်ကုန်-နေပြည်တော် ကားလမ်းဆိုလည်းကြာတယ်လေ။ အဲဒီအချိန်တွေမှာ အမွန်းသီချင်းစားသားတွေထွက်လာတာမျိုးတွေရှိတော့ ခရီးသွားရင်းရေးဖြစ်တယ်။ နောက် အိပ်မပျော်လို့ရှိရင် အမွန်းသီချင်းတွေထရေးတယ်။ ဒါက အမွန်းရဲ့ သီချင်းရေးတဲ့ အကျင့်တွေပေါ့နော်။ သီချင်းတွေက အမွန်းဆီမှာရှိနေတယ်ပေါ့။ အဓိက အတီးပိုင်းအနေနဲ့ Recording ပိုင်းတွေဆင်ပြီးသွားပြီဆိုလို့ရှိရင် အမွန်းရယ်ဒီဖြစ်သွားတာများပါတယ်။ 

အမွန်းရဲ့ သီချင်းတွေကို Electro Pop လို့ပြောလို့ရမလား။

အင်းပေါ့ Electro Pop လို့လည်းပြောလို့ရတယ်။ Dance Pop ပေါ့။ 

အမွန်းရဲ့ တစ်ချို့သီချင်းတွေက အမွန်းရဲ့ ပရိသတ်တွေလိုက်ဆိုနိုင်ဖို့ နည်းနည်းခက်ခဲတဲ့အပိုင်းရှိမယ်ထင်တယ်နော်။

တစ်ခွေလုံးကို ကြည့်မယ်ဆိုလို့ရှိရင် တစ်ချို့တွေအတွက်တော့ လိုက်ဆိုရတာ ခက်တယ်ဆိုတဲ့အပိုင်းတွေရှိရင်ရှိမယ်။ ဒါပေမဲ့ အမွန်းရေးထားတဲ့ သီချင်းတော်တော်များများက ဆိုရလွယ်ပါတယ်။ အပူငြိမ်းကြပါစေဆိုတဲ့သီချင်းတို့၊ နင်မှတ်ထားဆိုတဲ့ သီချင်းတို့လိုပေါ့နော်။ ပြီးတော့ အမွန်းရဲ့ စာသားလေးတွေကလည်း နိစ္စဒူဝသုံးနေတဲ့ စာသားလေးတွေနဲ့ဆိုတော့ ခဲရာခဲဆက် သီချင်းတွေတော့ အမွန်းမပါဘူးထင်တယ်။ ဒါပေမဲ့ အင်္ဂလိပ်သီချင်းတွေဆိုရင် တော့ နည်းနည်းလေး Pratice လုပ်ရမဲ့အပိုင်းတွေတော့ရှိတာပေါ့နော်။ ဒီခွေရဲ့ ၇၀ ရာခိုင်နှုန်းလောက် သီချင်းတွေက ဆိုရလွယ်တဲ့သီချင်းတွေလို့ အမွန်းထင်ပါတယ်။ ဒါပေမဲ့တစ်ချို့ဒီလိုမျိုး Dance Pop မျိုးနဲ့ စိမ်းတဲ့သူ၊ သီချင်းအေးအေးလေးတွေပဲ အမြဲတမ်းနားထောင်တတ်တဲ့သူတွေအတွက်တော့ ခက်ခဲမှုအပိုင်းတွေရှိကောင်းရှိပါလိမ့်မယ်လို့ အမွန်းထင်ပါတယ်။

သီချင်းဖန်တီးမှုအပိုင်းမှာပေါ့နော် အမေရိကမှာလုပ်ရတဲ့ အားသာချက်က ဘာတွေဖြစ်မလဲ။

အဓိက,က သူတို့တွေက Music ကို သီအိုရီအရရော၊ အသုံးပြုတဲ့ စက်ပစ္စည်းတွေ၊ နည်းပညာအရရော အရမ်းကို တိုးတက်ပြီးသားနိုင်ငံဖြစ်တော့ အရည်အသွေးပိုင်းဆိုင်ရာမှာလည်း မြင့်သွားပါတယ်။ အဲဒါကအားသာချက်တစ်ခုပေါ့နော်။ ပြီးတော့ သူတို့က အလုပ်လုပ်တာ ရက်ချိန်းတွေကအစ တိကျမြန်ဆန်တယ်။ အဲဒါကြောင့် အချိန်မီမပြီးနိုင်မှာတွေကို အမွန်းဘက်က သိပ်ပြီးစိတ်ပူနေစရာမလိုဘူး။

အမွန်းရဲ့ သီချင်းခွေကို ဘယ်နိုင်ငံတွေကို ဖြန့်ဖို့လုပ်ထားသေးလဲ။

မြန်မာနိုင်ငံမှာက အဓိက စီဒီကိုထုတ်ရတယ်။ အဲဒါမှ ပရိသတ်တွေက ဝယ်ပြီးနားထောင်ကြတယ်။ myanmar music store လိုမျိုး online music store ကနေလည်း ဝယ်တော့ဝယ်ကြတယ်။ ဒါပေမဲ့ အရေအတွက်အားဖြင့်တော့ နည်းနေသေးတယ်လို့ အမွန်းထင်တယ်။ အဲဒါက ဒီအမွန်းတို့ မြန်မာနိုင်ငံအတွက်ပေါ့နော်။ ဒါပေမဲ့ အမွန်းရဲ့ သီချင်းတွေက iTunes မှာရှိပါတယ်။ iTunes ကနေပြီးတော့ ဘယ်နိုင်ငံက ပရိသတ်မဆိုအမွန်းရဲ့ သီချင်းတွေကို ဝယ်နိုင်ပါတယ်။ စီဒီသီးသန့်ဖြန့်တာမျိုး မရှိတော့ပါဘူး။ သူတို့ဆီမှာ လိုလည်းမလိုတော့ဘူး။ ဘယ်သူမှလည်း စီဒီကိုတကယ် နားမထောင်ကြတော့ဘူး။ အွန်လိုင်းကနေ သီချင်းဝယ်ပြီး နားထောင်ကြတာမျိုးတွေပဲ ခေတ်စားတယ်။

မြူးဇစ်ဗွီဒီယိုရော စလုပ်နေပြီလား။ ဒီနိုင်ငံမှာပဲရိုက်မှာလား ဘယ်နေရာတွေမှာ ရိုက်ကူးဖို့စီစဉ်ထားသေးလဲ။

စလုပ်နေပါပြီ။ ရိုက်ကူးရေးတွေကို ဒီမှာပဲရိုက်ဖို့စီစဉ်ထားပါတယ်။ အစကတော့ ဟိုမှာလည်းရိုက်မလို့ပဲ။ ဒါပေမဲ့ အခြေအနေကိုကြည့်ပြီးတော့မှ အမွန်းဒီမှာပဲ ရိုက်ဖို့စီစဉ်ထားပါတယ်။ ဂီတနဲ့ပတ်သက်ပြီး အမွန်းရဲ့ရည်မှန်းချက်က ဘယ်လောက်ထိရှိနေလဲ။ အမွန်းက ဂီတနဲ့ပတ်သက်ပြီးလုပ်နေရရင်ပျော်တယ်။ ဂီတမရှိလို့မရဘူး။ လူတွေအားလုံးလည်း ဂီတကို လိုအပ်တယ်။ အဲဒီတော့ ဂီတနဲ့အသက်ရှင်တယ်လို့ပြောလို့ရတယ်။ အမွန်းအနေနဲ့ သီချင်းတွေများကြီး ဆက်ရေးသွားဖို့ရှိတယ်။ သီချင်းအသစ်တွေထပ်လုပ်သွားမယ်။ ဂီတနဲ့တော့ ဘယ်တော့မှ ပြတ်မှာမဟုတ်ပါဘူး။ ဂီတနဲ့ပတ်သက်တဲ့ အနုပညာလှုပ်ရှားမှုတွေကို အမွန်းအမြဲတမ်းလုပ်သွားပါမယ်။

မြန်မာနိုင်ငံက တခြားအဆိုတော်တွေထက်စာရင် အမွန်းက နိုင်ငံတကာမြူးဇစ်လမ်းကြောင်းကို ထိတွေ့တဲ့နေရာမှာ ခြေတစ်လှမ်းသာနေတယ်လို့မြင်တယ်။ အဲဒီအပေါ် အမွန်းဘယ်လို ခံယူထားလဲ။

အဓိကကတော့ အမွန်းခု အမွန်းရဲ့အိပ်မက်ကို အကောင်အထည်ဖော်နေဆဲကာလ ခြေလှမ်းအစလို့ပဲပြောလို့ရပါသေးတယ်။ အဓိကကတော့ အမွန်းရဲ့ဖျော်ဖြေတင်ဆက်မှုတွေကို နိုင်ငံတကာဂီတ ဈေးကွက်နဲ့ယှဉ်နိုင်အောင် အမွန်းအများကြီးကြိုးစားနေရပါတယ်။ အရည်အသွေးကိုမြှင့်တင်နိုင်အောင်အမွန်းအမြဲကြိုးစားနေတယ်။ ကိုယ့်ရဲ့ အရည်အသွေးမြှင့်တင်ရေးပေါ့ သီချင်းရေးတဲ့အပိုင်း၊ ဆိုတဲ့အပိုင်းကို အမွန်းနံပါတ်တစ်ဦးစားပေးကြိုးစားနေပါတယ်။

အမွန်းရဲ့ နောက်ထပ်လုပ်ချင်တဲ့ မြူးဇစ်တွေကရော ဘယ်လိုပုံစံမျိုးတွေဖြစ်လာမလဲ။

ခုက အမွန်းက ဆိုရင်းကရင်းနဲ့ ဖျော်ဖြေတာများတော့ ပရိသတ်တွေကလည်း အမွန်းကို အကနဲ့အဆိုတွဲမြင်ကြတယ်။ အဲဒီအပေါ်မှာ အမွန်းရဲ့ မြူးဇစ်ပုံစံကို dance pop ပုံစံလေးရွေးချလိုက်တယ်။ အမွန်းက မြူးဇစ်ဆိုလို့ရှိရင် အကုန်ကြိုက်တယ်။ Classical လည်းကြိုက်တယ်။ Jazz လည်းကြိုက်တယ်။ Norah Jones ဆိုတဲ့ မြူးဇစ်ပုံစံတွေဆိုလည်း အမွန်းရူးသွပ်တယ်။ ဒီတော့ တစ်ချိန်တည်းမှာ အမွန်းက မိုက်ကယ်ဂျက်ဆင်ကို အရမ်းကြိုက်သလိုမျိုး Norah Jones ကိုလည်းအရမ်းကြိုက်တယ်။ အဲဒီအတွက် နောက်ထပ်လာမယ့် မြူးဇစ်တွေမှာ အမွန်းဘယ်လိုဖန်တီးမလဲဆိုတာ အမွန်းမသိနိုင်သေးဘူး။ အမွန်း ကိုယ်တိုင်ရှာဖွေနေတုန်းပဲ။ ဒါပေမဲ့ အဆိုနဲ့အကနဲ့ကတော့ ပူးတွဲပြီးတော့မှ အမွန်းတစ်ထပ်တည်းလုပ်သွားမှာပါ။

အမွန်း Automatic နဲ့ပတ်သက်ပြီး ပရိသတ်ကို ထပ်မံသိစေချင်တာ ဘာတွေရှိသေးလဲ။

Automatic ကိုဝယ်ယူအားပေးကြမယ့် ပရိသတ်တွေအတွက်အမွန်းကိုယ်တိုင် လက်ရေးနဲ့ရေးထားတဲ့ သီချင်းစာသားစာအုပ်လည်းထည့်ပေးထားတယ်။ အဲဒီထဲမှာ အမွန်းပရိသတ်တွေကို ပေးချင်တဲ့ code တွေ၊ message တွေလည်းရေးပေးထားပါတယ်။ ဒီခွေမှာပါတဲ့သီချင်းတွေက လိုက်ပြီးတော့ စီးမျောပြီးကချင်တဲ့ပုံစံဖြစ်အောင်ရယ်၊ အဓိက,က လူငယ်ဆန်ဆန်မြူးမြူးလေးဖြစ်အောင် ရေးထားပါတယ်။ ဒီခွေကို နားထောင်ပြီးတော့မှ အားပေးတဲ့ပရိသတ်တွေ၊ အတိုင်းအတာတစ်ခုအထိ အမွန်းကို ထိတွေ့ခွင့်ရမယ်လို့ယုံကြည်ပါတယ်။ အဲဒီအတွက် အမွန်းရဲ့ ပရိသတ်တွေကို ကျေးလည်း ကျေးဇူးတင်တယ်။ အားလည်းအားပေးကြပါလို့ပြောချင်ပါတယ်။

 

 



Share this article

TOP 5 ARTICLES


Body   |   Posted on Sep 18, 2019

2019 3D Nail Design


Fashion News   |   Posted on Sep 18, 2019

2019 London Fashion Week...


Celebrity Style   |   Posted on Sep 17, 2019

ခပ်မိုက်မိုက် Fashion တွေ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.