Sex & Relationships   |   Posted on Jan 5, 2017 by Elijah htang

သာမန်ရိုးကျချစ်ခြင်းကနေ အပြင်းစားချစ်ခြင်းကိုပြောင်းလဲပေးမယ့် နည်းလမ်းကောင်း ၈ ချက်


Sex Life ကို အပြင်းစားရသတစ်ခုအဖြစ်ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေ ဘာတွေဖြစ်မလဲ . . .

Share this article

ချစ်တီးနှောတဲ့နေရာမှာ ချစ်သူတွေ အများဆုံးကြုံတွေရတဲ့ခံစားချက်က ပျင်းရိဖွယ်ကောင်းလာတာဖြစ်ပါတယ်။ ဒါကသင်တို့နှစ်ယောက်ရဲ့ တစ်ယောက်ပေါ်တစ်ယောက်ထားရှိတဲ့ ဆက်ဆံရေးခံစားချက်ကြောင့်ဖြစ်နိုင်သလို သင့်ရဲ့ပါတနာ ဒါမှမဟုတ် သင်ကိုယ်တိုင်က ရိုးစင်းနေလို့ဖြစ်ပါလိမ့်မယ်။ ဒါမျိုးက အပြင်မှာလိုက်မေးလို့ကောင်းတဲ့ ဆွေးနွေးမှုမျိုးမဟုတ်တဲ့အတွက်ကြောင့်ပဲ သင့်ရဲ့Sex life ကိုလက်လျှော့လိုက်မှာလား။ နှစ်ဦးသားချစ်တီးနှောနေတဲ့အချိန်မှာ ဒီအခိုက်အတန့်ကို အပြင်းစားရသတစ်ခုအဖြစ်ပြောင်းလဲပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို ပြောပြပေးပါ့မယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခံစားချက်ကို ပြန်လည်ဖန်တီးလိုက်ရအောင်။

၁. မျက်လုံးချင်းဆုံလိုက်ပါ။

ဒီအချက်ကို ယုံကြည်ပါ။ ဒါကလုံးဝကို ထူးထူးဆန်းဆန်းမဖြစ်စေပါဘူး။ သင့်ပါတနာနဲ့ဆက်ဆံနေစဉ်အတွင်းမှာ မျက်လုံးချင်းဆုံပေးလိုက်တဲ့အခိုက်အတန့်လေးဟာ သင့်ပါတနာရဲ့စိတ်ခံစားချက်ကို ပိုမြှင့်တင်စေပြီး ဒါကသင်တို့နှစ်ဦးကြားမှာရှိတဲ့ ဆက်သွယ်ရေးကို ပိုနက်နဲစေပါလိမ့်မယ်။ ချစ်တီးနှောနေစဉ် တစ်ယောက်နဲ့တစ်ယောက် ၆၀ စက္ကန့်လောက် အကြည့်ဆုံလိုက်ခြင်းက ဒီကိစ္စတစ်ခုလုံးကို ပိုအရှိန်မြှင့်စေနိုင်ပြီး ပိုပြင်းထန်စေနိုင်ပါတယ်။ ဒါကသင်တို့ကိုခေတ္တခဏလောက်ရပ်တန့်သွားစေနိုင်ပေမယ့် ဆက်ကြည့်ပေးပါ။ ပိုကြာနိုင်လေ ပိုခိုင်မြဲတဲ့ခံစားချက်ကို သင်ခံစားနိုင်လေပါပဲ။

၂. ကလူကျီစယ်ပြီး အချိန်ဆွဲပါ။

သူနဲ့ဖက်လှဲတကင်းလုပ်ကာ လှိမ့်ချပြီး ကျွန်မခုစည်းကမ်းချက်တွေလုပ်ထားတယ်။ ရှင်နားထောင်ရမယ် လို့ပြောပါ။ ပြီးတော့ သင်ခွင့်မပြုမချင်း သူဒီကိစ္စကိုမစတင်ရဘူးဆိုတဲ့အကြောင်းကိုပြောပါ။ ပြီးမှာတစ်ယောက်ကိုတစ်ယောက် မထိတစ်ထိချစ်တီးနှောခြင်းဖြင့် သင့်ပါတနာ သို့မဟုတ်သင်ကိုယ်တိုင် တောင့်မခံနိုင်တော့တဲ့အချိန်မှ အစပြုပါ။ ထွက်ပေါက်မရှိပဲ ကိစ္စပြီးလုခါနီးအခြေအနေက သင့်ကို Sexual ပိုင်းဆိုင်ရာမှာ  tension တစ်ခုဖြစ်ပေါ်စေပြီး နောက်ဆုံးသင်ပြီးဆုံးသွားတဲ့အခါ ပိုစိတ်ကျေနပ်ဖို့ကောင်းတဲ့ ခံစားချက်ကို ရရှိပါလိမ့်မယ်။ မီးတောင်ကြီးတစ်ခုပေါက်ကွဲထွက်သွားသလိုပေါ့။

၃. ပိုနီးကပ်ပြီး ပိုရင်းနှီးပါစေ။

စိတ်ကျေနပ်မှုအမြင့်ဆုံးပေးနိုင်တဲ့ဆက်ဆံရေးအတွက် သူ့ကိုခေါင်းအုံးခုထိုင်စေပြီး သင့်ခြေထောက်နဲ့ရစ်ပတ်ထားပါ။ ထိုင်လျက်အနေအထားဖြင့်ဆက်ဆံခြင်းက အသားအရေထိတွေ့မှုပိုဖြစ်စေပြီး သင်တို့နှစ်ဦးကို ပိုရင်းနှီးတဲ့ခံစားချက်ပေးနိုင်ကာ လုပ်ဆောင်ချက်ကို ပိုအရှိန်မြှင့်စေပါတယ်။

၎. နေရာပြောင်းပါ။

သင်တို့နှစ်ယောက်ဆက်ဆံနေကြနေရာကို ပြောင်းလဲပါ။ သူ့ကိုမီးဖိုချောင်စင်ဘက်ကိုခေါ်သွားတာဖြစ်ဖြစ်၊ အိမ်ရှေ့ခန်း ဒါမှမဟုတ်ရေချိုးခန်း၊ လှေကား- အိပ်ခန်းအပြင်ကလွဲလို့ ဘယ်နေရာမှာမဆိုပေါ့။ မြင်နေကျနေရာမဟုတ်တာကိုက စိတ်လှုပ်ရှားဖို့ကောင်းစေတာပါ။ အိပ်ယာမဟုတ်တဲ့နေရာတစ်ခုမှာ သူနဲ့ချစ်တီးနှောရတဲ့ ခံစားချက်က သင့်ရဲ့ပျင်းရိစပြုနေတဲ့ဒီဆက်ဆံရေးကို အသစ်တစ်ဖန်ဖြစ်စေပါလိမ့်မယ်။ နောက်တစ်ခုက သင်ခုလိုနည်းလမ်းကိုသုံးနေချိန်မှာ သင့်ပါတနာကိုယ်တိုင်က စိတ်လိုလားစွာနဲ့ သင်ခေါ်ဆောင်ရာနောက်ကိုလိုက်မှာ လုံးဝသေချာတာကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိစွာ လှုပ်ရှားပါ။

(၅) လက်တွေကို အလုပ်ပေးပါ။

သူ့ရဲ့မျက်လုံးတွေကိုကြည့်နေရင်းနဲ့ပဲ သင့်လက်ချောင်းတွေကိုသင်ကိုယ်တိုင်စုပ်ယူ တာ ပဲဖြစ်ဖြစ်၊ ယက်တာပဲဖြစ်ဖြစ်ပြုလုပ်ပါ။ ပြီးရင်ညင်သာနူးညံ့တဲ့ငြီးသံလေးတွေကို ဖန်တီးပါ။ ပိုပြီးဒီ့ထက်တစ်ဆင့်မြှင့်တင်ချင်ရင်တော့ သင့်ရဲ့လက်ချောင်းတွေကို နှုတ်ခမ်း ကနေတစ် ဆင့် ရင်သားနဲ့ ၀မ်းဗိုက်တစ်လျှောက်ကို ဖြတ်လာပြီး သင့်ရဲ့ဗွီပုံစံဇုန် နားအ ထိဆွဲချ သွားပါ။ ပြီးရင်လက်တစ်ဖက်နဲ့ အောက်နှုတ်ခမ်းသားကို ဖြဲထားပြီးနောက်တစ်ဖက်နဲ့ သင့်ကိုယ် သင် ပွတ်သပ်ပြုစုပေးနိုင်ပါတယ်။

(၆) ချောမွေ့စွတ်စိုနေပါစေ။

ချောဆီရဲ့ပြောင်းလဲပေးနိုင်စွမ်းကို အထင်မသေးပါနဲ့။ ဒါက ခြောက်သွေ့တတ်တဲ့ မိန်းက လေးတွေအတွက်မှမဟုတ်ပါဘူး။ လူတိုင်းအတွက် ပိုကြာပြီး ပိုဟော့တဲ့ဆက်ဆံမှု တစ်ခု ဆီခေါ် ဆောင် ပေးသွားနိုင်ပါတယ်။ ချောဆီက ကြမ်းတမ်းတဲ့ပွတ်တိုက် မှုကိုလျော့ကျ  သွားစေပြီး ခံစားမှုအာရုံကို ပိုကောင်းစေလာတာကြောင့် သင့်ရဲ့ နာဗ့်အကြောဆုံလေး   တွေကို မြန်မြန် ပွတ်ထိသွားနိုင်ပြီး စိတ်နိုး<ကမှုကို ပိုဖြစ်စေပါတယ်။ချောဆီသုံး မယ်ဆိုရင် ခါးအောက်ပိုင်း ကို စွတ်စိုနေအောင်အထိ အသုံးပြုသင့် ပါတယ်။

(၇) နူးနပ်မှုကိုလုပ်ဆောင်ပါ။

သူ့ကိုလှဲချခိုင်းပြီး 69 အနေအထားနဲ့နေကြည့်ပါ။ အဲ့ဒီပုံစံကအမြဲတမ်းစိတ်လှုပ်ရှားဖို့  ကောင်းတဲ့ အံ့သြစရာပါ။ အထူးသဖြင့် အချိန်အတိုင်းအတာ တစ်ခုလောက် မလုပ်ဖြစ်ခဲ့  ကြဘူးဆိုရင်ပေါ့။

 

 

 

 

 

 



Share this article

TOP 5 ARTICLES


Skin   |   Posted on Dec 13, 2017

Super Model Kendall Jenne...


Parties & Events   |   Posted on Dec 13, 2017

Yum Yum ပုဇွန်ချဉ်စပ်ရဲ့ပ...


Celebrity News   |   Posted on Dec 13, 2017

Top 10 Sexiest Male Model...


Fashion News   |   Posted on Dec 12, 2017

သင့်ကို Galaxy ထဲခေါ်ဆောင်...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.