Nails   |   Posted on Dec 16, 2016 by kiki

အနီမှအနီပဲဆိုတဲ့သူတွေအတွက် Party Seasonအမှီ Nail Artများ


ခေတ်မှီတယ် ဆွဲဆောင်မှုရှိတယ် စတိုင်လ်ကျတယ်

Share this article

အနီရောင်လက်သည်းနီတွေရဲ့ညှို့ယူနိုင်မှုကတော့ အဆုံးအဆမဲ့ပါပဲ။လက်သည်းနီတွေထဲမှာ ရွေးချယ်စရာအရောင်တွေမြောက်မြားစွာရှိပေမယ့် မိန်းမဆန်မှုကို အကောင်းဆုံးပေးစွမ်းနိုင်တာက အနီရောင်ဖြစ်ပါတယ်။အနီရောင်ကို တစ်ရောင်တည်းဆိုးတဲ့အခါ တောက်ပမှုကို အစွမ်းကုန်ပေးသလိုNailartဒီဇိုင်းလုပ်တဲ့အခါမှာလည်း အရမ်းမိုက်ပါတယ်။အခုဆိုရင် ပါတီတွေသိပ်များတဲ့ကာလကို ရောက်နေတာဖြစ်တဲ့အပြင်မကြာခင် ခရစ္စမတ်လည်းရောက်ရှိတော့မှာဆိုတော့ အနီရောင် Nailartတွေကို နည်းနည်းလေးစမ်းသပ်ကြည့်လိုက်ရအောင်လား။

Subtle Sparkle

ရိုးရိုးလက်သည်းအနီရောင်ပေါ်မှာ နှင်းစက်လေးတွေလို ထင်မှတ်မှားရအောင် အဖြူရောင် အမှုန်လေးတွေပါဝင်တဲ့ Top Coatလေးထပ်လိုက်ရင် ရပါပြီ။

Abstract Art

အဖြူရောင်ရေလှိုင်းတစ်ကွေးတည်းပုံစံလေးက သင့်ကို မော်ဒန်ဆန်ဆန်လှပစေမှာဖြစ်ပါတယ်။

Cherry Bomb

သွေးရောင်လို ရဲရဲတောက်နေတဲ့အနီရောင်လက်သည်းပေါ်မှာ ချယ်ရီရောင်ကို လက်သည်းပန်းကုံးနားအထိ တ၀က်ကျော်ကျော်ဆိုးထားတဲ့ ပုံစံကလည်း သင့်လက်ချောင်းတွေကို လှပစေမှာပါ။

Lady In Red

တ၀က်လွတ် လက်သည်းပုံစံကို လုပ်ဖို့အတွက်ကတော့ အနီရောင်ကြွကြွလေးနဲ့ရွှေရောင်လက်သည်းအဆင်တန်ဆာတွေလိုအပ်ပါတယ်။

White Tops

အဖြူရောင်လက်သည်းနီတွေကို ထိပ်မှာဆိုးနေကြတာရိုးနေပြီဆိုတော့ လက်သည်းပန်းကုံးအောက်ခြေနားလေးမှာဆိုးကြည့်ပါလား။အသစ်အဆန်းလေးပေါ့။

Festive Fingertip

ပတ္တမြားရောင်နဲ့ ရွှေရောင်ရယ်၊အလက်လက်တွေက သင့်ကို မကလက်သွားစေဘဲ လှစေမှာပါ။

Attention to Detail

အနီရောင် ခပ်ရှုပ်ရှုပ် Patternဒီဇိုင်းတွေနဲ့ အသားရောင်အောက်ခံလက်သည်းအရောင်တို့ကို ပေါင်းစပ်လိုက်တဲ့အခါ တစ်မျိုးထူးခြားသွားစေပါတယ်။

Wrapped Up

ရွှေရောင်လက်သည်းပေါ်ကိုမှ အနီရောင် ပိုက်ကွန်ပုံစံ ကြက်ခြေခတ်လေးတွေ ဒီဇိုင်းဖော်မယ်ဆိုရင်တော့ ခရစ္စမတ်နဲ့ လိုက်ဖက်ညီနေမှာပါ။

 

Mini Moons

လက်သည်းအကြည်ရောင်ပေါ်မှာပဲ အောက်ခြေနားမှာ လခြမ်းပုံစံ ပန်းသီးနီရောင် ဒီဇိုင်းလေးရိုးရိုးရှင်းရှင်းနဲ့ ပေါ်လွင်နေမှာ အမှန်ပါ။

Rich Ribbons

အနီရောင်ရင့်ရင့်နဲ့ရွှေရောင်ပေါင်းစပ်မုဟာ ခမ်းနားတဲ့ အတွဲအစပ်တစ်ခုပါ။

Work of Art

အသားရောင်နဲ့အနီရောင် ရောထွေးနေတဲ့ဒီဇိုင်းက သင့်ကိုခေတ်ရှေ့ပြေးမဒီလေးမှန်း သိသာစေမှာ ဖြစ်ပါတယ်။

Pearls of Wisdom

ပုလဲဆိုတာအရမ်းချစ်စရာကောင်းတဲ့ရတနာတစ်ခုပါ။ ဘယ်သူနဲ့မှ မတူချင်ဘူးဆိုရင်တော့ ပုလဲလေးတွေကို လက်သည်းအောက်ခြေနားမှာ ကပ်ပြီး အလှဆင်လိုက်ရုံပါပဲ။

Lucky Stars

အသားရောင်ပေါ်မှာ ရွှေရောင်နဲ့အနီရောင်ကြယ်ပွင့်လေးတွေဆိုရင်ရော..

On the Edge

နီညိုရောင်ကို ပန်းခရမ်းရောင်နဲ့ ချယ်ရီသီးရောင် ကွပ်ထားတဲ့ဒီဇိုင်းလေးဆိုးရင်လည်း လက်ချောင်းလေးတွေကို သတိထားမိစေမှာပါ။

Between the Lines

ဘာမှမဆိုးထားတဲ့အောက်ခံလက်သည်းအကြည်ရောင်ပေါ်မှာ ခပ်စိပ်စိပ်နဲ့ထိစပ်မနေတဲ့ အနီရောင်လိုင်းစင်းလေးတွေကလည်း ရွေးချယ်သင့်တဲ့အထဲမှာပါပါတယ်။

 

Save

Save



Share this article

TOP 5 ARTICLES


Sex & Relationships   |   Posted on Jun 22, 2017

ချစ်သူချင်း နားလည်ရမယ့် က...


Fashion News   |   Posted on Jun 22, 2017

Swarovski အမွေဆက်ခံသူ Vic...


Fashion News   |   Posted on Jun 22, 2017

Best Dressed Celebrities...


Parties & Events   |   Posted on Jun 21, 2017

Samsung မှ Galaxy J5 Pro...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.