interview   |   Posted on Nov 30, 2016 by Tun Lin

အွန်လိုင်းသင်ခန်းစာတွေကို အဓိကလေ့လာရင်း ပရော်ဖက်ရှင်နယ် ဒါရိုက်တာတစ်ယောက်အဖြစ် ရပ်တည်လာသူ ဒါရိုက်တာ အာကာ


ကင်မရာလေးကို ထပ်ပြီးတော့ Upgrade လုပ်မယ်ဆိုပြီးလုပ်လိုက်တဲ့အချိန်မှာ ဗီဒီယိုရိုက်တဲ့ Function ပါလာတယ်။ ပါလာတော့ အဲဒီမှာစပြီး ဗီဒီယိုရိုက်တယ်။ ခရီးသွားရင်းနဲ့ Travel log တွေရိုက်တယ်။ ဟိုမှာက အင်တာနက်လိုင်းအရမ်းကောင်းတော့ လိုတာတွေအကုန်လုံးကို ကျွန်တော် Self

Share this article

ဒီကနေ့ မြန်မာ့ရုပ်ရှင်နဲ့ သီချင်းမြူးဇစ်ဗီဒီယိုလောကမှာ လူငယ်စွန့်ဦးဒါရိုက်တာတွေ အများကြီးက  နေရာဦးယူထားနိုင်ကြပါပြီ။ သူတို့ရဲ့ ခေတ်ရှေ့ပြေးမှု၊ ဆန်းသစ်တီထွင်မှု၊ နိုင်ငံတကာနဲ့ရင်ဘောင်တန်းလိုတဲ့ စိတ်ဓာတ်တွေက အဓိကအကျဆုံးလို့လည်း မှတ်ယူလိုက်ပါတယ်။ Arkar Production ကိုဦးစီးနေတဲ့ လူငယ်ဒါရိုက်တာ အာကာကလည်း အဲဒီအထဲကတစ်ယောက်အပါအ၀င်ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သဘာဝအလှတရားတွေအကြောင်းကို ရိုက်ကူးထားတဲ့ "An Untouched Gem" က Arkar Production နဲ့ ဒါရိုက်တာ အာကာကိုပိုပြီးလူသိများစေခဲ့တယ်လို့လည်းပြောနိုင်ပါတယ်။ ဒါရိုက်တာပညာကို သင်တန်းတွေဘာတစ်ခုမှမတက်ဘဲ၊ အွန်လိုင်းကနေလေ့လာသင်ယူရင်းနဲ့ ထွန်းပေါက်အောင်ကြိုးစားလာခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ အခု ကျွန်တော်တို့ရဲ့  MODA MAN ကဏ္ဍကနေ ကိုအာကာနဲ့တွေ့ဆုံထားတာလေးကို တင်ဆက်ပေးလိုက်ပါတယ်။

 အစ်ကိုတို့မိသားစုမှာ အနုပညာ Generation ရှိလားအစ်ကို။
ကျွန်တော်တို့ Generation တစ်ခုလုံးမှာ ကျွန်တော်တို့က ပထမဦးဆုံးအနုပညာလုပ်တဲ့လူလို့ပြောလို့ရတယ်။ ကျွန်တော်၊ ရဲနောင်၊ ညီအငယ် ပြည့်စုံ ၃ယောက်ရှိတယ်။ ရဲနောင်က အခုလောလောဆယ် အဆိုတော်လုပ်နေတယ်။ ကျွန်တော်က ဒါရိုက်တာအလုပ်လုပ်နေတယ်။ ကျွန်တော်တို့အမျိုးထဲမှာ လုံးဝ Art နဲ့ပတ်သက်တဲ့ဟာလုပ်တဲ့လူ မရှိဘူး။ ကျွန်တော်တို့က 1st Generation ပါ။

အစ်ကို ဒီလောကထဲရောက်လာခဲ့ပုံအကြောင်းလည်း ပြောပြပါဦးအစ်ကို။
ကျွန်တော်ဆယ်တန်းပြီး၊ ကွန်ပြူတာတက္ကသိုလ်တက်ပြီးသွားတော့ စင်္ကာပူမှာသွားပြီးအလုပ်လုပ်တယ်။ ကျွန်တော့်အလုပ်က Satellite Engineering နဲ့အလုပ်လုပ်တယ်။ ကျွန်တော့် အလုပ်က စင်္ကာပူမှာ အခြေထိုင်ပေမဲ့ တခြားနိုင်ငံတွေကို အမြဲသွားနေရတယ်။ လတိုင်း နိုင်ငံတစ်ခုခုကို သွားရတယ်။ ဂျပန်တို့၊ ဒူဘိုင်းတို့အထိသွားပြီးတော့ သဘောင်္တွေပေါ်မှာ Satellite တွေဆင်ပေးရတယ်။ အဲလို ခရီးတွေတောက်လျှောက်သွားနေရတော့ ကျွန်တော့်အိမ်က Abroad Mate က ဓာတ်ပုံသမားဆိုတော့ သူက ကျွန်တော့်ကို ခရီးသွားနေမယ့်အတူတူ ဓာတ်ပုံရိုက်ကြည့်ပါလားဆိုပြီးတော့ပြောတယ်။ ကင်မရာတစ်လုံးဝယ်လိုက်၊ ဖုန်းနဲ့ရိုက်မနေနဲ့၊ မတူဘူးပေါ့။ တစ်နေ့အပြင်ထွက်ပြီး ဓာတ်ပုံရိုက်ကြည့်တော့ သူက ကျွန်တော့်ကိုပြတယ်။ ဒါက ဖုန်းကင်မရာနဲ့မတူဘူးပေါ့။ နောက်က ၀ါးတယ် ကောင်းတယ်ပေါ့။ Resolution ပိုကောင်းတယ်ပေါ့။ ဘာညာပေါ့ဗျာ။ ကျွန်တော်ကလည်း ကြိုက်သွားတယ်။ နောက်နေ့ကျတော့ သူပဲ ကင်မရာလိုက်ဝယ်ပေးတယ်။ ကင်မရာရပြီးနောက်ပိုင်း ခရီးသွားတိုင်း အားတဲ့အချိန်တွေ ဓာတ်ပုံရိုက်ဖြစ်တယ်။ နောက်တော့ အဲဒီကင်မရာလေးကို ထပ်ပြီးတော့ Upgrade လုပ်မယ်ဆိုပြီးလုပ်လိုက်တဲ့အချိန်မှာ ဗီဒီယိုရိုက်တဲ့ Function ပါလာတယ်။ ပါလာတော့ အဲဒီမှာစပြီး ဗီဒီယိုရိုက်တယ်။ ခရီးသွားရင်းနဲ့ Travel log တွေရိုက်တယ်။ ဟိုမှာက အင်တာနက်လိုင်းအရမ်းကောင်းတော့ လိုတာတွေအကုန်လုံးကို ကျွန်တော် Self Study ပဲ ကျွန်တော်သွားတယ်။ ဒီဟာကို ဖြည်းဖြည်းချင်းလေ့လာတယ်။ တစ်ခါတစ်လေ နိုင်ငံခြားကနေ ဒါရိုက်တာတွေလာတယ်။ စင်္ကာပူမှာရိုက်ချင်တယ်။ စင်္ကာပူမှာရှိတဲ့လူတွေကို ပြန်ခေါ်တဲ့အခါကျတော့ ကျွန်တော်က Part Time သွားလုပ်တယ်။ မီးထိုး၊ မှန်ထိုး အကုန်လုပ်ပေါ့။ ကိုယ့်ဘာသာကိုယ်လည်း သူငယ်ချင်းတွေစုပြီးတော့ ဗီဒီယိုလေးတွေရိုက်ကြည့်တယ်။ ကျွန်တော် ဗီဒီယိုတစ်ခုကို အစအဆုံး Handle လုပ်နိုင်ပြီဆိုတဲ့အချိန်မှာ ရဲနောင်ကလည်း သီချင်းလုပ်နေတော့ ရိုက်ရအောင်ကွာဆိုပြီးတော့ သူ့ Music Video ကိုစရိုက်တာ။ ကျွန်တော်လုပ်နိုင်ပြီ၊ ကိုယ့်ကိုယ်ကိုလည်း Confidience ရှိလာပြီဆိုတဲ့အချိန်မှာ ဒီကိုပြန်လာပြီးတော့ ဒီမှာပဲလုပ်ဖြစ်သွားတယ်။

အစ်ကိုပထမဆုံးကိုင်ခဲ့တဲ့ ကင်မရာက ဘာမော်ဒယ်လ်လဲဗျ။
ကျွန်တော်ပထမဦးဆုံးကိုင်ခဲ့တာက Canon 1000D ပါ။

တခြားနိုင်ငံက ဒါရိုက်တာတွေလာရင် သွားလုပ်ဖြစ်တယ်ဆိုတာက ဘယ်လိုလဲဗျ၊ နည်းနည်းထပ်ပြောပြပါဦး။
Job Posting တွေအမြဲတမ်းတက်တဲ့ Online Website ရှိတယ်။ ဒီရက်၊ ဒီရက်မှာ ဒီပရော့ဂျက်၊ ဒီဒါရိုက်တာလာမယ်။ ဒီလို Short Flim ရိုက်မယ်။ ဒီလို Music Video ရိုက်မယ်စသဖြင့်ပေါ့။ USA ကနေလာရိုက်မယ်၊ သြဇီကနေ လာရိုက်မယ်ဆိုပါတော့၊ သူတို့ Crew လိုက်ကြီးလာလို့ရှိရင် စရိတ်အရမ်းကြီးတယ်။ ဒါရိုက်တာနဲ့ DOP လောက်ပဲလာတယ်။ အောက်က Crew ပေါ့၊ ကူမယ့်လူတွေ၊ Location လိုက်ကြည့်ပေးမယ့်လူတွေ၊ Arrangement လုပ်ပေးမယ့်လူတွေ၊ ဥပမာထားပါတော့ Lens လဲပေးမယ့်သူတွေကအစ စင်္ကာပူက Local ကလူတွေကိုခေါ်တယ်။ ၂၀ ပေးမယ်၊ ၃၀ ပေးမယ်၊ ဘယ်နှစ်နာရီရိုက်မယ်။ ဘယ်သူစိတ်ဝင်စားလဲပေါ့ အွန်လိုင်းပေါ်တင်ထားတယ်။ ကျွန်တော် ၂၅ ကျပ်နဲ့လုပ်မယ်။ အရင်ကကျွန်တော် ဒါတွေဒါတွေလုပ်ထားဖူးတယ်။ ကျွန်တော်ရိုက်ထားတဲ့ ဗီဒီယိုလေးတွေပြလိုက်တယ်။ ကျွန်တော်တစ်ရက်ကို ၂ နာရီ၊ ၃ နာရီလောက်သွားလုပ်လိုက်၊ တစ်ခါတစ်လေကျ Weekend ဆိုလို့ရှိရင်တော့ မနေ့ကနေ ညအထိရိုက်တာမျိုးလည်းရှိတယ်။ အဲဒီလိုမျိုးသွားလုပ်ရင်းနဲ့မှ သူတို့ဆီက သင်ယူရတာပေါ့။ သူရိုက်တဲ့ဟာတွေကို ကျွန်တော်က ကျောင်းမှာလိုမဟုတ်ဘူး။ လက်တွေ့တစ်ခါတည်းကြည့်ရတယ်။ Systematically  သူတို့ရိုက်တဲ့ဟာကြည့်ရတယ်။  ဟောလိဝုဒ်ကလူတွေလာရိုက်တယ်။ သြဇီကလူတွေလာရိုက်ကြတာတော့များတယ်။ အိမ်နီးချင်းနိုင်ငံတွေလည်းလာကြတယ်။

Editing ပိုင်းဖြစ်စေ၊ ရိုက်ကူးရေးပိုင်းဖြစ်စေ သီးသန့်သင်တန်းတက်ဖြစ်တာရှိလားအစ်ကို။
ဒါနဲ့ပတ်သက်ပြီး အခုအခြေအနေအထိ ကျွန်တော်လုံးဝသင်တန်းမတက်ခဲ့ဖူးသေးပါဘူး။

Arkar Production ကို ဘယ်အချိန်မှာ စလုပ်ဖြစ်ခဲ့တာလဲ။
ကျွန်တော်တို့ ၂၀၁၂ မှာပြန်လာတယ်။ ကျွန်တော်ရယ်၊ ကျွန်တော့်သူငယ်ချင်း Jason ဆိုတဲ့တစ်ယောက်ရယ်၊ ပြီးတော့ ရဲနောင်ရယ်၊ ၃ ယောက်တိုင်ပင်ပြီးတော့လုပ်ကြတာ။ Jason ကအဲဒီတုန်းက ထိုင်ဝမ်မှာအလုပ်လုပ်နေတဲ့အချိန်။ သူနဲ့ အွန်လိုင်းကနေ အမြဲစကားပြောဖြစ်တယ်၊ ပြန်လုပ်ကြမလားဆိုတော့ လုပ်မယ်ဆိုတာနဲ့ သူ့ကိုပါခေါ်လိုက်တယ်၊ ပြီးတော့ ကျွန်တော်တို့နှစ်ယောက်ရယ်၊ ရဲနောင်ရယ်စပြီးတော့ လုပ်ဖြစ်တာ။ အဲဒီတုန်းက တခြားအပြင်က မြတ်သူဆိုတာလည်းပါသေးတယ်။ ကျွန်တော်တို့တွေအားလုံးပေါင်းပြီး အားလုံးစလုပ်ကြမယ်ဆိုပြီးလုပ်ကြရင်းနဲ့မှ ၂၀၁၂ နိုဝင်ဘာမှာ ကျွန်တော်တို့ပြန်လာပြီးလုပ်ဖြစ်တယ်။ ဒီဇင်ဘာ တစ်ရက်နေ့ကို Founded Based on လို့ ထားထားပြီးတော့ အခု လာမယ့် ဒီဇင်ဘာဆို ၄ နှစ်ပြည့်ပြီပေါ့။

 အဲဒီလို စလုပ်တဲ့အချိန်မှာ ကိုယ့်ရဲ့ အရည်အချင်းကိုရော ယုံကြည်မှုရှိနေပြီလား။
စလုပ်တဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ အကြီးကြီးတွေကိုင်လို့မရသေးဘူး။ ကျွန်တော်တို့အဲဒီတုန်းက မြူးဇစ်ဗီဒီယိုတွေရိုက်ဖြစ်တယ်။ သူများကိုလည်း ရိုက်ပေးနေသလို ကိုယ့်ဟာကိုယ်လည်း အမြဲတမ်းလေ့လာဖြစ်နေတယ်။ ကျွန်တော်တို့မှာ Teamwork ဆိုတာမရှိသေးဘူး။ ဒီ Team ဆိုတဲ့ဟာဖြစ်လာအောင်လည်း အရှေ့မှာ အများကြီးကြိုးစားလုပ်ခဲ့ရတယ်။ ကျွန်တော်တို့က တစ်ယောက်တည်းသွားချင်တာမျိုးမဟုတ်ဘဲ Team နဲ့သွားချင်တာဆိုတော့ Team ကိုမဖြစ်မနေကြိုးစားအကောင်အထည်ဖော်ရတယ်။ အချိန်ကြာလာ၊ ကျွန်တော်တို့လည်း Experience ရလာတော့မှ တဖြည်းဖြည်းနဲ့မှ Commercial တွေရိုက်တယ်။ တစ်ခုရိုက်၊ နှစ်ခုရိုက်နဲ့ Confidence ရှိလာတော့မှ ပရော့ဂျက်အကြီးကြီးတွေ ကိုင်တာပေါ့။ အခုကတော့ ကျွန်တော်တို့ ရုပ်ရှင်တစ်ခု ရိုက်ထားပြီးသွားပါပြီ။

Mainstream ပေါ်မှာပထမဆုံးရိုက်ခဲ့တာတွေက ဘာတွေဖြစ်မလဲဗျ။
အဓိက Official ရိုက်တာကတော့ Asia Wing Coperate Profile ပေါ့၊ Asia Wing Airline ကို ရိုက်ပေးတာပါ။ ကျွန်တော် နိုဝင်ဘာပြန်လာပြီး နှစ်လမြောက်ပေါ့၊ ဇန်န၀ါရီမှာ ကျွန်တော်ရိုက်ပေးဖြစ်ပါတယ်။ အဲဒါက ပထမဆုံး Commercial official လည်းဖြစ်တာပေါ့။ မြူးဇစ်ဗီဒီယိုကကျတော့ ထက်ယံနဲ့ ရဲရင့်အောင်တို့ရဲ့ " No More Cry " ဆိုတဲ့ သီချင်းမြူးဇစ်ဗီဒီယိုပါ။

ပထမဆုံး Commercial official ရိုက်ကူးရေးနဲ့ပတ်သက်ပြီးအမှတ်တရတွေကောရှိလား။
အမှတ်တရတွေကတော့ အများကြီးပေါ့။ ပြန်လာလာချင်းလည်းဖြစ်တယ်။ ဒီကနေရာတွေလည်း ကျွန်တော်သိပ်မသိဘူး။ ကျွန်တော့်မှာ Crew လည်းမရှိဘူး။ နောက်ပြီး ဒီကလူတွေအလုပ်လုပ်တဲ့ပုံစံနဲ့မတူဘူး။ ဥပမာ ပုံမှန်ဆိုလို့ရှိရင် ရှုတင်တစ်ခုမှာ ဒါရိုက်တာတစ်ယောက်ကိုခေါ်တယ်။ ပြီးရင် ကင်မရာငှါးတယ်။ DOP ခေါ်တယ်။ ပြီးရင် Lighting သမားခေါ်တယ်။ အဲလို တစ်ယောက်တစ်ယောက်ခေါ်ကြတာပေါ့နော်။ ကျွန်တော်က အဲဒါတွေကို မသိဘူး။ ကျွန်တော်အလုပ်လုပ်တဲ့ ပုံစံက Client ဆီက ပိုက်ဆံကို Package တစ်ခုအနေနဲ့ ဒီလောက်ဆိုပြီးယူလိုက်တယ်။ အဲဒါကို ကျွန်တော်က အစအဆုံးအကုန်လုပ်ပေးတယ်။ Client က ဘာမှထပ်လုပ်ပေးစရာမလိုဘူး။ အဲဒီအတွက် အခက်အခဲတွေက သူတို့က လုပ်နေကျပုံစံမျိုးမဟုတ်တော့   ကျွန်တော်က အစအဆုံး အဲလိုစီစဉ်ပေးတဲ့အခါ သူတို့က လုပ်နိုင်ပါ့မလားပေါ့။ ဒီမှာက ဒါရိုက်တာဆိုတာ တစ်ယောက်တည်းလာတယ်ပေါ့။ ကျွန်တော်က ဒါရိုက်တာ အာကာဆိုပြီး လာတာမဟုတ်ဘူး။ Arkar Production ဆိုပြီးလာတာ။ Team တစ်ခုလုံးအနေနဲ့လာတာ။ သူတို့ကြည့်ရတာက ဒီလိုမျိုးကြီးတွဲလုပ်တာ ရှိကော ရှိရဲ့လားပေါ့။ ပုံမှန်တော့ ဒါရိုက်တာတစ်ယောက်ခေါ်တယ်။ သူတို့ကြိုက်တဲ့ ကင်မရာမန်းကိုခေါ်တယ်။ သူတို့ကြိုက်တာကို တစ်ယောက်ချင်းစီခေါ်ပြီးတော့ Client က Arrange လုပ်ရတာ။ ကျွန်တော်တို့က အစအဆုံးဒီ Team နဲ့လုပ်မယ်ဆိုတော့ သူတို့က အံ့လည်းသြကြတယ်။ ကောင်းပါ့မလားလို့ သူတို့သံသယဖြစ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စမသ် ပြတဲ့အချိန်မှာ သူတို့ဒါကို လက်ခံလာကြတယ်ပေါ့။ နောက်ပိုင်းမှာတော့အဆင်ပြေလာပါတယ်။ အစပိုင်းမှာတော့ အဲဒီ System ကိုပြောင်းနေတဲ့ အချိန်မှာ နည်းနည်းအခက်အခဲရှိခဲ့တာပေါ့။

ဒီ Team တစ်ခုဖော်ဆောင်ဖို့အတွက်ကို အစ်ကို Risk တွေယူခဲ့ရမှာပေါ့။
ကျွန်တော့်မှာ Risk အများကြီးယူထားရတယ်။ ဒီလူတွေခေါ်ထားရတယ်။ ဒီလူတွေကို အမြဲတမ်းပေးထားရတယ်။ ကျွန်တော့်အလုပ်တွေမရရင်လည်း အိတ်စိုက်ပြီးပေးရမှာ။ အဲဒါကြောင့် ကျွန်တော့်မှာ Force ရှိတာက အလုပ်မရလို့မဖြစ်ဘူး။ အလုပ်မရှိရင် ဆက်သွားလို့မရဘူး။ ဒါပေမဲ့ အလုပ်သာကျွန်တော်တို့အမြဲတမ်းရှိလို့ရှိရင် တစ်ယောက်ချင်းစီရိုက်နေတဲ့လူတွေထက် အများကြီးသာတယ်။ ဘာတွေသာလဲဆိုတော့ ဒီလူတွေက ပုံမှန်အလုပ်မရှိလို့ရှိရင်လည်း ဒီ Team ထဲမှာ အမြဲတမ်းနေနေရတဲ့အတွက် တစ်ခုမဟုတ်တစ်ခုပြောဖြစ်နေတော့၊ ရှုတင်မှာ တစ်ခုခုမှားနေတဲ့ဟာကို အဲဒီလူကို ကျွန်တော့်စိတ်ထဲမှာ ပေါ်လာတဲ့ဟာကို ချက်ချင်းပြောလို့ရတယ်။ Edit လုပ်နေရင်းလည်း အဆင်မပြေတာ ချက်ချင်းပြောလို့ရတယ်။ ပြင်နိုင်တယ်။ အဲဒီအမှားတွေကို ပြင်တာများတော့ အပြင်ရောက်တဲ့အခါ ကျွန်တော်တို့တစ်ယောက်နဲ့တစ်ယောက်သိပ်ပြီး Worry ဖြစ်စရာမလိုဘူး။ ကျွန်တော့် Team ကိုကျွန်တော် လှည့်ကြည့်စရာမလိုဘူး။ အဲဒီ System ကို ကျွန်တော်အရမ်းကြိုက်တယ်။ ကျွန်တော်တစ်ခါမှ တစ်ယောက်တည်းထွက်ရိုက်တာမရှိသေးဘူး။ Team နဲ့ပဲသွားနေတယ်။

အစ်ကို့ရဲ့ လူသိများနာမည်ကြီးခဲ့တဲ့ An Untouched Gem ကို ၅ နှစ်လောက်ရိုက်ကူးထားတယ်ဆိုတယ်။ အဲဒီအကြောင်းနည်းနည်းပြောပြပါဦးဗျ။
ကျွန်တော်ပြောခဲ့သလို အရင်က ကျွန်တော့်အလုပ်က ခရီးတွေခ ဏခဏသွားရတယ်။ နိုင်ငံတော်တော်များများကို ခရီးတွေအရမ်းထွက်နေရတယ်။ တခြားနိုင်ငံရောက်ပြီဆိုရင် သူတို့က မေးတာ ဘယ်နိုင်ငံကလာတာလဲ၊ နာမည်ဘယ်လိုခေါ်လဲပေါ့။ ကျွန်တော်က မြန်မာလို့ပြောရင် မြန်မာက ဘယ်မှာလဲလို့ပြန်မေးခံရတယ်။ အဲဒီအချိန်ဆို အရမ်းဖီးလ်အောက်တယ်ဗျ။ မြန်မာဆိုတာ ဘယ်နားမှာရှိတာ၊ တရုတ်၊ ထိုင်း တို့နဲ့ကပ်ရက်ပေါ့။ အဲလိုတွေမြေပုံနဲ့ရှင်းပြရတယ်၊ သြော် ဒီနေရာလားပေါ့။ အဲလိုမှသိကြတယ်။ ကျွန်တော်အဲဒီမေးခွန်းကို နှစ်တွေအများကြီး၊ လူတွေအများကြီးမေးတာ ခံလာရတော့ ကျွန်တော် တော်တော်လေးစိတ်မကောင်းလည်းဖြစ်တယ်ဗျ။ မြန်မာဆိုတာ ဘာလဲဆိုတာ သိအောင်တော့လုပ်မယ်ပေါ့။ လုပ်မယ်ဆိုတာ သက်သက်မဲ့သီးခြားကြီးလည်း လုပ်မှာမဟုတ်ဘူး။ ကျွန်တော့်အလုပ်ကို မထိခိုက်ဘဲနဲ့ လုပ်လို့ရအောင်လုပ်မယ်ဆိုပြီးတော့ စိတ်တစ်ခုရှိတယ်။ ၅ နှစ်လုံး ကျွန်တော်ရိုက်ခဲ့တဲ့ File လေးတွေရှိတယ်။ နောက်ပြီး ပရော့ဂျက်မှာသွားရိုက်တယ်။ ပိုနေတဲ့ဟာတွေရှိတယ်။ အဲဒါတွေအားလုံး ပေါင်းလိုက်စုလိုက်ပြီးတော့ မြန်မာဆိုတဲ့ ဗီဒီယိုလေးထုတ်လိုက်တယ်။ အနည်းဆုံးတော့ ဒါကိုကြည့်ပြီးတော့ မြန်မာကို အတိုင်းအတာတစ်ခုထိသိသွားနိုင်တယ်ဆိုပြီးတော့။ အဲဒါကြောင့် အဲဒါလေးကို လုပ်ဖို့ အိုက်ဒီယာရသွားတာ။

"ဒုဌ၀တီကိုလွန်၍" ရုပ်ရှင်ဇာတ်ကားကိုလည်း အစ်ကိုတို့ ရိုက်နေတော့ ရိုက်တာပြီးသွားပြီလားဗျ။
ရိုက်ကူးရေးကတော့ ၉၅ % လောက်က ပြီးသွားပြီ။ ဒါပေမဲ့ တချို့အပိုင်းလေးတွေကျန်သေးတယ်။ ကားမှောက်သွားတဲ့အခန်းတွေပါတယ်။ ရဲကားမှောက်သွားတဲ့အခန်းဆိုရင် ကျွန်တော်ဖြစ်ချင်တာ ဒဂုံစင်တာအရှေ့ လူလယ်ခေါင်မှာ ကားကြီးမှောက်လိုက်မယ်ပေါ့။ မောင်းမယ့်သူလည်းရှိတယ်။ ကားထဲမှာလည်း အားလုံး Safety တွေတပ်ထားပြီးပြီ။ ဒါပေမဲ့ ရဲက ခွင့်ပြုချက်မပေးသေးဘူး။ ရဲကားမှောက်တာ ရဲက သိက္ခာကျတယ်၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ကျွန်တော်တို့လုပ်လို့မရသေးဘူး။ နောက်ထပ်ကတော့ တချို့အပိုင်းသေးသေးလေးတွေပဲကျန်တော့တယ်။ အဲဒီကျန်တဲ့အပိုင်းလေးတွေကို Actor တွေနဲ့ရော အကြမ်းဆက်ပြီးသွားတဲ့အချိန် ပြန်ထိုင်ပြီးတော့ တစ်ခေါက်ပြန်ထွက်ရိုက်ရဦးမယ်။ အဲဒီ ရိုက်ရမယ့် Percent က ၅% လောက်တော့ ကျန်သေးတယ်။

ပြီးမယ့် အချိန်က ဘယ်တော့လောက်ကို ပြီးမယ် ခန့်မှန်းလဲဗျ။
Edit ကတော့ နိုဝင်ဘာ အကုန်လောက်ဆိုပြီးပါပြီ။ Effect ပိုင်းတွေရှိတယ်။ Effect က Visual Effect ပိုင်းမှာဆိုရင် စစ်ကိုင်းတံတားကျိုးကျသွားတဲ့ အခန်းမျိုးတွေပါတယ်။ ကျွန်တော်တို့က Treasure Hunter ပေါ့နော်။ ရတနာရှာတဲ့ပုံစံမျိုးဆိုတော့ အဲဒီအထဲမှာပါတဲ့ တချို့ဆက်တင်တွေမှာ ပြန်ပြီးတော့ပြင်စရာ Effect  ပိုင်းလေးတွေရှိသေးတယ်။ အဲဒီ Visual Effect လုပ်တဲ့သူက အချိန် ၆ လလောက်ပေးရမှာဆိုတော့ သူလုပ်ရမယ့် အပိုင်းလေးတွေကျန်ဦးမယ်။

ပြည်ပကိုလည်း ထွက်ရိုက်ထားတယ်သိရတော့ ဘယ်နိုင်ငံတွေပါမလဲ။
ပြည်ပအနေနဲ့ တစ်ခုထွက်ရိုက်ထားပါတယ်။ ပြင်သစ်နိုင်ငံ ပဲရစ်မှာရိုက်ထားပါတယ်။ ကျန်တာကတော့ ပြည်တွင်း တွေပါပဲ။ ဘားအံပါတယ်။ အင်းဝပါတယ်။ မန္တလေးပါတယ်ပေါ့။

လောလောဆယ်မှာ နောက်ထပ်ဇာတ်ကားရိုက်ကူးဖို့ လက်ခံထားတာရှိလား။
ဒီကားကို ထုတ်တဲ့ ကုမ္ပဏီက  Golden Hour Entertainment ဆိုတဲ့ ကုမ္ပဏီကထုတ်တယ်။ ကျွန်တော်တို့နဲ့သူတို့နဲ့အခုလောလောဆယ် ၈ ကားစာချုပ်ချုပ်ထားပါတယ်။ ၂၀၁၇ ထဲမှာ တစ်ကားရိုက်ဖို့ ဏူညေ တော့ရှိတယ်။ ဒါပေမဲ့ ၂၀၁၈၊ ၁၉ အတွက်တော့ မရှိသေးပါဘူး။

ဇာတ်လမ်းပိုင်းကျတော့ရော အစ်ကိုတို့က ကြိုဝယ်ထားတာမျိုးရှိလားဗျ။
ဇာတ်လမ်းကြိုဝယ်ထားမျိုးတွေလည်း မရှိပါဘူး။ ကျွန်တော်တို့ရသအစုံရိုက်ချင်ပါတယ်။ ၀ယ်ရိုက်တာမျိုးလည်း နည်းလိမ့်မယ်။ ကျွန်တော်တို့ရေးတာဖြစ်မယ်၊ မဟုတ်ရင်လည်း ကျွန်တော်တို့တည်ထားတဲ့ Frame ကို အပြင်က ဇာတ်ညွှန်းသမားကိုအပ်တာမျိုးလည်းရှိရင်ရှိလိမ့်မယ်။ အခုကားဆိုလည်း ကျွန်တော်က အပြင်မှာထုတ်ရောင်းတဲ့ ၀တ္ထုကို ၀ယ်ရိုက်တာမဟုတ်တော့ အပြင်ကလူတွေလည်း မသိပါဘူး။ ရုပ်ရှင်မှာပဲ အပြီးပေးပါမယ်။

"ဒုဌ၀တီကိုလွန်၍" ဇာတ်ကားရဲ့ ကုန်ကျစရိတ်ကိုရော ပြောနိုင်ပြီလား။
ကုန်ကျစရိတ်ကတော့ အခုလောလောဆယ် Official တော့ ပြောရတာခက်ပါသေးတယ်။ ပုံမှန်ကားတွေထက်တော့ အများကြီးများပါတယ်။ ဒီပရိုဂျူဆာကလည်း မြန်မာနိုင်ငံမှာ ရုပ်ရှင်ကို လုံးဝ New Generation ပေါ့နော်။ Revolution ပုံစံမျိုးလုပ်ချင်တယ်။ ပထမကားတွေမှာ အမြတ်မယူဘူး။ အရင်းရရင် ကျေနပ်ပြီဆိုပြီး ကျွန်တော်တို့ လုပ်ခဲ့တယ်။ အရင်းကလည်း အရမ်းများတယ်။ အရင်းရရင်ကို ကျွန်တော်တို့အတွက် အမြတ်လို့သတ်မှတ်ထားလိုက်တယ်။ ကျွန်တော်တို့နာမည်ရမယ်။ ဒီကားပေါက်သွားရင် နောက်ကားတွေမှာ ကျွန်တော်တို့ ပရိသတ်အခိုင်အမာရမယ်။ အဲဒီကျရင် ပိုက်ဆံရလိမ့်မယ်။ Risk ကတော့ တအားများတယ်။ ကျွန်တော်တို့ အခုလုပ်ပြီးသွားပြီဆိုတော့ ရှေ့ဆက်လုပ်ဖို့ပဲရှိတော့တယ်။

အစ်ကိုက ဒီဘတ်ဂျက်ကိစ္စနဲ့ အရင် ပရိုဂျူဆာတစ်ယောက်နဲ့လည်း လမ်းခွဲခဲ့ဖူးတာရှိတော့ အစ်ကိုက ဘတ်ဂျက်မလောက်ရင် လုံးဝမရိုက်ဘူးလား။
ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရရင် အရင်တုန်းကဒီကားကို သိန်းတစ်ထောင်ရတယ်။ ဟောလိဝုဒ်က ပရိုဂျူဆာတစ်ယောက်ပဲ။ နာမည်တော့ ကျွန်တော်မပြောတော့ဘူး။ ဒီအတိုင်း ပြောရရင် ဒေါ်လာ တစ်သိန်းပေါ့။ တစ်သိန်းဆိုတာ 0.1 မီလီယံပဲရှိတယ်။ ကျွန်တော်တို့ ပုံမှန်ရုပ်ရှင်ကားတစ်ကားကို တန်းမီတဲ့ 50 မီလီယံ၊ 100 မီလီယံလောက်ထားပါတော့ Average ရိုက်နေတဲ့အချိန်မှာ ကျွန်တော်တို့ကို 0.1 မီလီယံ လောက်လာပေးပြီးတော့ ရုပ်ရှင်တစ်ကားရိုက်ချင်တယ်ပေါ့နော်။ သူတို့ရိုက်ချင်တဲ့ Demand လုပ်တဲ့ဟာတွေကလည်း ဘယ်လို Quality မှ၊ ဘာမှ ပြောလာတော့ အဲဒါအဆင်မပြေလိုက်ဘူး။ အဲဒီတော့ ဘတ်ဂျက်ထပ်မရရင် မရိုက်ဘူးဆိုပြီးတော့ အဲဒါကို Reject လုပ်လိုက်တယ်။ ၂၀၁၀ လောက်ကပေါ့၊ ဒီဇာတ်လမ်းက အဲဒီကတည်းကရေးထားတာ။ အခုကကျတော့ မြန်မာပရိုဂျူဆာပဲ။ ဒါပေမဲ့ ကျွန်တော်တို့လိုချင်တဲ့ Quality ကိုထုတ်ပေးမှာပေါ့ ဘတ်ဂျက်။ သူကလည်း အသစ်အဆန်းဖြစ်ချင်တယ်။ အကောင်းဆုံးလုပ်မယ်ဆိုပြီးသွားနေတဲ့ စိတ်ချင်းတူတဲ့လူဖြစ်နေတော့ သူက ကျွန်တော်တို့ကို ဘတ်ဂျက်အလုံအလောက်ပေးတယ်။ ဒါကြောင့် ဒီကားရိုက်ဖြစ်သွားတယ်။ နောက်ရိုက်မယ့်ကားတွေလည်း ဘတ်ဂျက်လုံလောက်မှပဲ ကျွန်တော်တို့ ရိုက်ဖြစ်မှာ။ ဘတ်ဂျတ်မလုံလောက်လဲ မြန်မြန်မြန်မြန်နဲ့ အများကြီးထုတ်နေဖို့လည်း ကျွန်တော်တို့မလိုအပ်ဘူးလေ။ ရုပ်ရှင်တွေသာများနေပြီး အရည်အချင်းရှိတဲ့ဟာထွက်မလာဘူးဆိုလို့ရှိရင် ကျွန်တော်တို့လည်း ရိုက်သာရိုက်ရတာ သိက္ခာကျတာပေါ့။ နောက်တစ်ခုက ရုပ်ရှင်ဆိုတာ နိုင်ငံတစ်ခုရဲ့ မျက်နှာတစ်စိတ်တစ်ဒေသပဲ။ ကျွန်တော်တို့က ခုနကပြောသလိုပေါ့။ ကျွန်တော်တို့က ရိုက်ပြီးတော့ တခြားနိုင်ငံမှာသွားပြလို့ရှိရင် လာကြည့်တဲ့သူက "ဒုဌ၀တီကိုလွန်၍"ဆိုတဲ့ ကားနာမည်နဲ့လာကြည့်တာမဟုတ်ဘူး။ ဗမာကားဆိုပြီးလာကြည့်တာ။ အဲဒီကားညံ့ရင် မြန်မာတွေ သောက်သုံးမကျပါဘူးကွာပဲပြောသွားမှာ။ အဲလိုမျိုး အဖြစ်မခံစေချင်ဘူး။ ကျွန်တော်တို့ အလုပ်ကို ကျွန်တော်တို့ကောင်းအောင်လုပ်မယ်။ ကျွန်တော်တို့ကားပေါက်လို့ရှိရင် ကျွန်တော်တို့လည်း နာမည်ရမယ်။ ပိုက်ဆံလည်းရမယ်။ ကျွန်တော်တို့ရိုက်တဲ့ကားတွေကြောင့် မြန်မာတွေနာမည်ပျက်ရ၊ မျက်နှာငယ်ရတာမျိုးကို ကျွန်တော်တို့မလိုချင်ဘူး။

လက်ရှိမှာ ဟော့နေတဲ့ "မြန်မာပေါကားများရပ်"ဆိုတာနဲ့ပတ်သက်ပြီးတော့ရော အစ်ကို့ကားကို ယုံကြည်မှုဘယ်လောက်ရှိလဲ။
ကျိန်းသေကျွန်တော်ပြောနိုင်တာကတော့ ကျွန်တော်တို့ အခုရိုက်ထားတဲ့ ကားက အခုသူတို့ပြောနေတဲ့ မြန်မာပေါကားဆိုတဲ့ပုံစံမျိုးနဲ့တော့ လုံးဝကို မတူဘူး။ အခုလက်ရှိလည်း ကျွန်တော်က အရမ်းကောင်းပါတယ်လို့မပြောချင်ဘူး။ ကောင်းတယ်မကောင်းဘူးတော့ ကြည့်တဲ့သူတွေကပဲ ဆုံးဖြတ်ပါစေ။ ကျွန်တော်ကတော့  ရိုက်တဲ့အပိုင်းကို အဲဒီအချိန်မှာတော့ အကောင်းဆုံးလုပ်ထားပေးတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ ရုပ်ရှင်တစ်ကားလုံးကို Rehearsal လုပ်ထားတဲ့ကားဆိုတာမရှိဘူး။ ကျွန်တော်တို့က ရုပ်ရှင်မရိုက်ခင်၊ တစ်ကားလုံးစာကို အောင်ဆန်းကွင်းထဲမှာသွားပြီးတော့ Indoor Studio မှာ ရုပ်ရှင်ရိုက်တဲ့အတိုင်းပဲ တစ်ကားလုံးကို Rehersal ရိုက်ထားတာ။ Scene ပေါ် ရောက်လို့ရှိရင် အဲဒီ Rehersal ကိုပြန်ပြပြီးတော့ အဲဒီအတိုင်းပဲပြန်ရိုက်တယ်။ နှစ်ခေါက်ရိုက်တယ်ဖြစ်သွားတယ်ပေါ့။ Actor  ဆိုလို့ရှိရင်လည်းပုံမှန် ရက် ၂၀ လောက်ပေးတဲ့အချိန်မှာ ကျွန်တော်တို့ ရက် ၉၀ ယူပြီးရိုက်ထားတယ်။ အဲလိုရိုက်ထားတဲ့အတွက် ပုံမှတ်ကားတော့မဟုတ်ဘူး။ ထူးခြားတဲ့ ကားတစ်ကားအနေနဲ့ ဒီအချက်အလက်တွေကြောင့် ဒီလိုတော့ဖြစ်နိုင်တယ်လို့ ကျွန်တော်ပြောလို့ရတယ်။ ဒါပေမဲ့ ရုပ်ရှင်ကြည့်ပြီးတော့ ကောင်းတယ်မကောင်းဘူးဆိုတာတော့ ကြည့်တဲ့သူတွေကပဲ Feedback ပေးပါလိမ့်မယ်။ ကျွန်တော်ကတော့ အကောင်းဆုံးလုပ်ထားပေးတယ်။

 

အောင်လင်းသစ်

PHOTOGRAPHED BY HLAING BANYAR(25 MINUTES)



Share this article

TOP 5 ARTICLES


Fashion News   |   Posted on Oct 17, 2017

Sneakers တွေကိုအရူးအမူးနှ...


Fashion News   |   Posted on Oct 17, 2017

Tapestery နာမည်နဲ့ တစ်ကျေ...


Art & Books   |   Posted on Oct 17, 2017

အထီးကျန်ချိန်တွေအတွက် To...


Film & Music   |   Posted on Oct 17, 2017

Sia ရဲ့ ထူးခြားဆန်းသစ်မှုန...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.