Makeup   |   Posted on Mar 8, 2018 by Su Yi Htet Aung

အနမ်းပေးချင်စရာ Lipstick Colors


ချစ်သူနဲ့ Date သွားတဲ့အခါ ဘယ်လိုအရောင်လေးတွေ ဆိုးကြလဲကောင်မလေးတို့ရေ။

Share this article

ချစ်သူနဲ့အတူရှိနေတဲ့အချိန်ဟာ မိန်းကလေးတွေအတွက်တော့ သာမန်အချိန်တွေထက်တော့ ပိုပျော်ရွှင်ကောင်းတာ အမှန်ပါပဲ။ဒီလို ပျော်ရွှင်စရာ ကောင်းတဲ့အချိန်လေးမှာ ချိုမြိန်တဲ့ အနမ်းတွေနဲ့ အမှတ်တရတွေကို သင်သိမ်းမထားချင်ဘူးလား။ကောင်မလေးတို့အတွက် ချစ်သူနဲ့ အတူတူရှိနေချိန်မှာ ဆွဲဆောင်မှုရှိရှိနဲ့ သင့်ရဲ့ နှစ်လိုဖွယ် နှုတ်ခမ်းလေးကို အနမ်းတွေပေးချင်လာအောင် ဘယ်လို နှုတ်ခမ်းနီအရောင်လေးတွေ
ရွေးချယ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။သေချာဖတ်ရှုပြီး သင့်ရဲ့ မမေ့နိုင်စရာ ချိုမြိန်တဲ့ အချိန်လေးတွေကို ဖန်တီးလိုက်ပါဦး။


Burgundy & Berry:

ပုံမှန် ဆိုးနေကျ နှုတ်ခမ်းနီတွေထက်စာရင် ခပ်ပုပ်ပုပ် အနီရင့်ရင့် နီညိုရောင် နှုတ်ခမ်းနီတွေက ထင်းရင်းပြီးပိုဆွဲဆောင်မှုရှိတဲ့ အသွင်ကို ပေးနိုင်ပါတယ်။ခပ်ရင့်ရင့် နှုတ်ခမ်းနီရောင်တွေက သင့်ကို ပိုပြီး Strong ဖြစ်စေသလို တစ်ဖက်သားကိုလည်း ပိုပြီး စိတ်ဝင်စားမှုမြင့်တက်စေတာ အမှန်ပါ။ဒီလို နီညိုရောင် နှုတ်ခမ်းနီက ကော်ဖီဆိုင်တွေ၊Bar တွေမှာ အေးအေးလူလူ စကားစမြည်ပြောရင်း ချစ်သူနဲ့ အချိန်ကုန်ဆုံးမယ့် ကောင်မလေးတွေ ရွေးသင့်တဲ့အရောင်ဖြစ်ပြီး ခေတ်ဆန်ဆန် ဟော့ရှောကောင်မလေးတွေ၊Classy ဖြစ်တဲ့ အမျိုးသမီးတွေအတွက်လည်း အဆင်ပြေပါတယ်။


Red:

အနီရောင်တောက်တောက် နှုတ်ခမ်းနီတွေကတော့ ချစ်သူနဲ့တွေ့ဖို့သွားတဲ့အခါ ဘယ်လိုမှ ချန်လှပ်ထားလို့မရတဲ့ နှုတ်ခမ်းနီတွေပါ။အနီရောင်က တောက်ပတယ်၊တက်ကြွတယ်။အချစ်ရဲ့ သင်္ကေတအရောင်လည်း
ဖြစ်တယ်။ဒါ့အပြင် သင့်ကို နဂိုရှိရင်းစွဲပုံစံကနေ ကွဲထွက်သွားစေပါတယ်။သင်က မိတ်ကပ်အများကြီး ပြင်ဆင်ရတာလည်း မကြိုက်ဘူး၊ပိုပြီး Simple ဖြစ်တဲ့ MakeUp Look ကို အသားပေးပြင်ဆင်သွားမယ်ဆိုရင် အနီရောင် နှုတ်ခမ်းနီရှိရုံနဲ့တင် အလုပ်ဖြစ်ပါတယ်။အနီရောင်ထဲမှာမှ အနီတောက်တောက် နှုတ်ခမ်းနီတွေ၊နီစွေးစွေး ဖြစ်တဲ့ အနီရောင်တွေက ဒိတ်အတွက် အသင့်တော်ဆုံးဖြစ်သလို မိန်းမဆန်ဆန် ၀တ်စုံတွေနဲ့ တွဲဖက်လို့ အကောင်းဆုံးပေါ့။


Nude:

အရောင်ဖျော့ပေမယ့် Nude Color တွေရဲ့ ညှို့ငင်အားက မသေးပါဘူး။နှုတ်ခမ်းသားလေးနဲ့ တစ်သားတည်းရှိနေမယ့် အရောင်တွေထဲမှာ Nude Color တွေ ပါဝင်သလို သင့်နှုတ်ခမ်းရဲ့ အရှိအတိုင်း ဆိုးလိုက်လို့ အဆင်ပြေမယ့်အရောင်တွေလို့တောင် တင်စားလို့ရပါတယ်။အသားရောင်နဲ့ အညိုဖျော့ရောင်ဘက်ရောက်တဲ့ Nude Color တွေက ဘယ်လိုအသားရောင်နဲ့မဆိုလိုက်ဖက်သလို မိန်းမဆန်ဆန် မိတ်ကပ်ပြင်ဆင်မှုနဲ့ပဲတွဲမလား၊ညဘက် Nightout သွားမယ့်အခါ ပြင်တဲ့ Smokey Eyes ပြင်ဆင်မှုနဲ့ပဲ တွဲမလား ကြိုက်တာရွေးချယ်လို့ ရပါတယ်။အဖြူဖောက်ပြီး အရမ်းဖျော့လွန်းတဲ့ Nude Color တွေကိုတော့ သိပ်ဦးစားမပေးသင့်ပါဘူး။ဒီနေရာမှာ Trick အနေနဲ့ သင့်နှုတ်ခမ်းသားလေးကို ဖူးဖူးအိအိလေးနဲ့ အနမ်းပေးချင်စရာ သဘာဝ နှုတ်ခမ်းလေးဖြစ်အောင် Glossy လည်း အရမ်းမဖြစ်၊Matte လည်း အရမ်းမဖြစ်တဲ့ ပုံမှန် Lipstick မျိုးထဲက Nude Color ကို သုံးပေးသင့်ပါတယ်။


Pink:

ပန်းရောင်ကတော့ ပျော်ရွှင်စရာ အရောင်ဖြစ်သလို ချိုမြပြီး နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။သင့်ရဲ့ ငယ်ရွယ်မှုတွေကို လှုပ်နှိုးစေနိုင်သလို သဘာဝဆန်ဆန် အသွင်အပြင်ကို ရစေတာ ပန်းရောင်နှုတ်ခမ်းနီလေးတွေပေါ့။
ငယ်ရွယ်သူတွေအတွက်တင် လိုက်ဖက်သလားလို့တော့ အတွေးမမှားစေချင်ပါဘူး။ပန်းရောင် နှုတ်ခမ်းနီတွေက အသက်အရွယ်မရွေး အမျိုးသမီးတိုင်းအတွက်ဖြစ်ပါတယ်။ပန်းရောင်ထဲမှာမှ
ပန်းရောင်ဖျော့ဖျော့လေးတွေနဲ့ အဖြူဖောက်ထားတဲ့ Baby Pink လို ပန်းရောင်တွေကတော့ ဆယ်ကျော်သက်ကောင်မလေးတွေနဲ့ လိုက်ဖက်ပြီး ပန်းရောင်တောက်တောက် နှုတ်ခမ်းနီတွေကတော့ သက်လတ်ပိုင်းအမျိုးသမီးတွေထိ Try ကြည့်နိုင်တဲ့ အရောင်တွေလို့ အကြံပြုချင်ပါတယ်။သေချာတာကတော့ ပန်းရောင်သမ်းတဲ့ နှုတ်ခမ်းလေးက သင့်ရဲ့ချစ်သူကို ပိုနမ်းချင်စိတ်တွေ ဖြစ်ပေါ်စေမှာပါ။


Coral:

သင်က သင့်ရဲ့ Date ကို စိတ်လှုပ်ရှားမှုနဲ့ ရင်ခုန်မှုတွေ ပေါင်းစပ်လိုက်ချင်တယ်ဆိုရင်တော့ Coral Color တွေကိုသာ ရဲရဲ ရွေးချလိုက်ပါ။သမားရိုကျ ပန်းရောင်နဲ့ အနီရောင်မဟုတ်တဲ့ သန္တာရောင် နှုတ်ခမ်းနီတွေက ပုံမှန်ကောင်မလေးတွေထဲက သင့်ကို ကွဲပြားနေမှာဖြစ်သလို သင့်ချစ်သူကိုလည်း ကြည့်ရ အမြင်ဆန်းစေပါတယ်။သန္တာရောင် နှုတ်ခမ်းနုလေးကို အနမ်းပေးတဲ့အခါ ခါတိုင်းနဲ့မတူတဲ့ ခံစားချက်တွေကိုရစေမှာလည်း အမှန်ပါ။ဒီလို နှုတ်ခမ်းနီရောင်က မီးခိုးမှိုင်းလို လိုင်နာပိုပိုသာသာ ထည့်ထားတဲ့ မိတ်ကပ်ပြင်ဆင်မှုတွေနဲ့ အထူးလိုက်ဖက်ပြီးတော့ ရှင်းရှင်းလင်းလင်း၊ပါးပါးကြည်ကြည် မိတ်ကပ်ပြင်ဆင်မှုတွေနဲ့လည်း တွဲဖက်လို့ ရပါတယ်။သန္တာရောင်နှုတ်ခမ်းနီကို ရွေးချယ်မယ်ဆိုရင်တော့ အစိုဓာတ်ပြည့်ဝတဲ့ Lipstick အမျိုးအစား သို့မဟုတ် Gloss အမျိုးအစားကိုပဲ ရွေးလိုက်ပါ။


Orange :

ဒီအရောင်ကိုတော့ ချစ်သူနဲ့ အတူရှိနေတဲ့အချိန်တွေအတွက် ဘယ်သူကမှ စဉ်းစားမိမှာမဟုတ်ပါဘူး။လိမ္မော်ရောင်က နွေးထွေးမှုကို ပေးစွမ်းနိုင်တဲ့အတွက် သင့်ရဲ့ နှုတ်ခမ်းဖျားလေးက ပြောသမျှ နွေးထွေးမှုဓာတ်တွေ အပြည့်ပါနေအောင် တစ်ခါလောက်တော့ Try ကြည့်သင့်ပါတယ်။အထူးသဖြင့် Shimmer တွေ၊အစိုဓာတ်တွေ မပါတဲ့ Matte Lipstick ထဲက လိမ္မော်ရောင်မျိုးက သင့်ကို ပိုတောက်ပသွားစေသလို မိန်းမဆန်မှုနဲ့အတူ ချစ်စဖွယ်ကောင်းစေပါတယ်။သင်က လိမ္မော်ရောင်ကို နှုတ်ခမ်းအပြည့် မဆိုးရဲဘူးဆိုရင်တောင် နှုတ်ခမ်းအတွင်းသားမှာ ဆိုးပေးပြီး အပေါ်ကနေ အကြည်ရောင် Lip Gloss လေးနဲ့ ထပ်ပေးလိုက်ပါ။ကိုရီးယားမလေးလို ချစ်စရာကောင်းပြီး ကျန်းမာလန်းဆန်းတဲ့ အသွင်နဲ့အတူ ချစ်သူနဲ့ အပြင်သွားဖို့ ပျော်ရွှင်နေတဲ့ ကောင်မလေးလို လှသွားပြီပေါ့။

Editor:Su Yi Htet



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Aug 18, 2018

Social Media တစ်ခုလုံးကို...


Cover Stories   |   Posted on Aug 18, 2018

MODA ရဲ့ 6th Anniversary...


Cover Stories   |   Posted on Aug 18, 2018

MODA ရဲ့ 6th Anniversary...


Cover Stories   |   Posted on Aug 17, 2018

MODA ရဲ့ 6th Anniversary...


Fashion News   |   Posted on Aug 17, 2018

ကြယ်ပွင့်သစ်လေးတွေကို Fai...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.