Trends   |   Posted on Aug 21, 2019 by Ja Seng Pan

Antique နားကပ်လေးတွေကို ဖက်ရှင်ကျအောင် ဝတ်ကြရအောင်


ပျိုမေတို့အကြားရေပန်းစားလာတဲ့ Handmade နားကပ်လေးတွေ

Share this article

နားကပ်ဆိုတာ ပျိုမေတို့အတွက် style ထုတ်နိုင်မယ့် accessories တွေထဲက တစ်မျိုးအပါအဝင်ပဲ ဖြစ်ပါတယ်။ နားကပ်ဟာ ပျိုမေတို့အတွက် မရှိမဖြစ် accessoriesတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ခေတ်အလိုက် ဖက်ရှင်ရေစီးကြောင်းပေါ်မူတည်ပြီး နားကပ်ပုံစံ အမျိုးအစားများစွာမြင်တွေ့နိုင်မှာပါ။ ဒါ့အပြင် ပျိုမေတို့ အပြင်သွားတဲ့အချိန်တွေမှာလဲ မိမိတို့ အဝတ်အစားနဲ့ လိုက်ဖက်မယ့် ဒီဇိုင်းမျိုးစုံကိုလည်း ရွေးချယ်နိုင်ပါတယ်။ နားကပ်လို့ဆိုလိုက်တာနဲ့ လူတန်းစားအလွှာမျိုးစုံက အမျိုးသမီးတွေဟာ မိမိတို့ နှစ်သက်ရာ အမျိုးအစားအလိုက် ဝတ်ဆင်ကြပါတယ်။ ဈေးကြီးပေးဝယ်ရတဲ့ စိန်နားကပ်မှ မဟုတ်ပါဘူး တစ်ခါတစ်မှာ မိမိတို့ ဝတ်ဆင်နဲ့ အဝတ်အစားနဲ့ လိုက်ဖက်တဲ့ နားကပ်တစ်စုံကလည်း သင့်ကို ဖက်ရှင်ကျစေမှာပါ။ အခုနောက်ပိုင်းမှာ ဈေးကြီးတဲ့ Brand တွေကို အသုံးပြုတာထက် စတိုင်လ်ကျမယ့် ဖန်စီနားကပ်တွေကို လူငယ်တွေ ပိုဝတ်ဆင်လာကြပါတယ်။ Handmade နားကပ်လေးတွေလဲ ပျိုမေတို့ကြား ရေပန်းစားလျှက်ရှိပါတယ်။ ဒီတော့ ပျိုမေတို့ ကိုယ်တိုင်လဲ ပြုလုပ်နိုင်မယ့် ၁၉၇၀ ခုနှစ်လောက်က ခေတ်စားခဲ့တဲ့ Handmade နားကပ်လေးတွေနဲ့ အခုခေတ်ကာလမှာ ပြန်လည်ဝတ်ဆင်လာကြတဲ့ နားကပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

 

Editor : Lin Lin



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.