Skin   |   Posted on Sep 6, 2016 by kiki

အပ်များ၊ ပင်အပ်များမပါပဲ တောက်ပချောမွေ့တဲ့ အသားအရေသစ်တစ်ခုကို ရရှိနိုင်မယ့် လက်ဆောင်တစ်ခု


Shiseido ရဲ့ White Lucent ထုတ်ကုန်သစ်က အသားအရေကုထုံးများရဲ့နည်းလမ်းအတိုင်း သင့်ရဲ့အမည်းရောင်အစက်အပျောက်တွေကို ပယ်ဖျက်ပေးမှာဖြစ်ပါတယ်

Share this article

အသားအရေကို ဖြူဖွေးစေတဲ့ သက်ရောက်မှုနဲ့ အသုံးပြုလိုက်တဲ့ အလှကုန်ပစ္စည်းများရဲ့သက်ရောက်မှု - သူတို့နှစ်ခုစလုံးကို ပစ္စည်းတစ်မျိုးတည်းနဲ့ တစ်ပြိုင်နက်အလုပ်လုပ်ဖို့ဆိုတာ သိပ်တော့မလွယ်ကူပါဘူး။ ဒါပေမယ့် ခု Shiseido ကထုတ်လိုက်တဲ့ White Lucent ထုတ်ကုန်အသစ်က whitening နဲ့ skincare နှစ်မျိုးကို ပေါင်းစပ်ထားတဲ့ ကမ္ဘာ့ပထမဆုံး skincare အသစ်တစ်မျိုးဖြစ်ပြီး သူ့မှာပါဝင်တဲ့ ဂုဏ်သတ္တိတစ်ခုချင်းစီဟာ အသားအရေထိန်းသိမ်းခြင်းနည်းလမ်းများ၊ ကုထုံးများနဲ့ အမည်းစက်များကို ပျောက်ကင်းကာကွယ်ပေးသော ကုထုံးတို့ကို မှီငြမ်းကွန့်မြူးထုတ်လုပ်ထားတာဖြစ်ပါတယ်။

ပြင်ပ UV rays များ၊ လေထုညစ်ညမ်းခြင်းကြောင့်ဖြစ်ပေါ်လာသော သက်ရောက်မှုများက မျက်နှာပေါ်မှာ အမည်းရောင် အစက်အပျောက်များကို ဖြစ်စေပြီး  Shiseido ရဲ့ SAKURA Resit Technology နည်းပညာသစ်က ဒီလိုသက်ရောက်မှုတွေကို လျော့ချပေးပါတယ်။

White Lucent ကနေထုတ်လုပ်လိုက်တဲ့ ပစ္စည်းတိုင်းမှာ  စွမ်းအားမြင့် နည်းပညာသစ်နဲ့ အသားအရည်ဆိုင်ရာထိန်းသိမ်းစောင့်ရှောက်တဲ့ ကုထုံးများကိုနည်းမူထားတဲ့ နည်းပညာကို ထည့်သွင်းဖော်စပ်ထားခြင်းကြောင့် အကျိုးသက်ရောက်မှုမြင့်မားတဲ့ whitening line တစ်ခုဖြစ်ပါတယ်။

Night package ဖြစ်ပေမယ့် softener နဲ့ serum ကိုမနက်ပိုင်းကိုယ့်ရဲ့ daytime skincare အဆင့်မှာ ထည့်သွင်းအသုံးပြုနိုင်တာကြောင့် တစ်ချက်ခုတ်နှစ်ချက်ပြတ် လုပ်ဆောင်မှုလို့ပြောနိုင်ပါတယ်။ စီးရီးတွဲမှာပါဝင်ထားတဲ့ ပစ္စည်းလေးမျိုးအကြောင်းကို မိတ်ဆက်ပေးလိုက်ပါတယ်။

Luminizing Infuser

(Lotion)

လေဆာကုထုံးတွေကို အသုံးပြုပြီး အသားအရေဖြူဖွေးစေတဲ့ နည်းစနစ်များအတိုင်းကိုကာငညငဖငညှါုည်ကျနမ က ပိုတောက်ပပြီး ပိုချော်မွေ့တဲ့ အသားအရေကို ဖန်တီးပေးပါတယ်။
Deep Infuse နည်းပညာကို အသုံးပြုထားတဲ့အတွက် အသားအရေကို နူးညံ့သွားစေကာ အသားဖြူစေတဲ့ ပစ္စည်းများရဲ့အာနိသင်ကို ပိုအစွမ်းတိုးစေပြီး အသားရေအတွင်းပိုင်းလွှာမှ အမည်းရောင်းအစက်အပျောက်များအထိရောက်ကာ ကာကွယ်ဖုံးလွှမ်းမှုဖြစ်စေပါတယ်။ အစက်အပျောက်ရှိတဲ့ အသားအရေတို့ရဲ့ မျက်နှာပြင်ဟာ မာကျောခြင်းရှိတာကြောင့် ဒီ lotion က အသားအရေကို နူးညံ့အောင် ပြုလုပ်ပေးခြင်းဖြင့် ပြဿနာကို ဖြေရှင်းပေးပါတယ်။

Micro Targeting Spot Corrector

(Serum)

လေဆာကုထုံးများသည် အမည်းရောင်အစက်အပျောက်များကို လျော့ချပေးတယ်ဆိုပေမယ့် ခု Micro Targeting Sport Correctorက အစက်အပျောက်များ ကင်းရှင်းသွားအောင် အမြစ်ပျက်တိုက်ထုတ်ပေးတဲ့ အဆင့်တစ်ဆင့် အပိုပါပါတယ်။ Micro Target နည်းပညာအကူအညီနဲ့ ဒီ serum လေးက မျက်နှာပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ အမည်းရောင်အစက်အပျောက်ငယ်လေးများကို လျော့ချပျောက်ကွယ်စေပါတယ်။ သူဟာ အသားရေအတွင်းပိုင်းအလွှာထိ ထိုးဖောက်ဝင်ရောက်ခြင်းဖြင့် အသားအရေကို  ပြန်လည်ကောင်းမွန်လာအောင်စွမ်းဆောင်ပေးပြီး ရလဒ်အဖြစ် ကြည်လင်သော၊ အစက်အပျောက်ကင်းစင်သော၊ တောက်ပဝင်းမွတ်သော အသားအရေကို ပေးစွမ်းပါတယ်။

 

Luminizing Surge

(Night emulsion)

ဒီ emulsion လေးကို iontophoresis ကုထုံးကနေ ကွန့်မြူးထုတ်လုပ်ထားတာဖြစ်ပါတယ်။ Iontophoresis ဆိုတာက အသားရေရဲ့ သဘာဝ ကုသနိုင်ခြင်းအစွမ်းကို တိုးမြှင့်ပေးတဲ့ဖို့အတွက် ဒုတိယမျက်နှာပြင်အလွှာကို ထောက်ပံ့ပေးဖို့ရာ မျက်နှာထိန်းသိမ်းခြင်းဆိုင်ရာ ကုထုံးများမှာအသုံးပြုတဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒါက အမည်းရောင်အစက်အပျောက်တွေကို တစ်ဖန်ပြန်လည်ဖြစ်ပေါ်လာခြင်းမှ ကာကွယ်ပေးပါတယ်။ မှေးမှိန်သွားတဲ့ အနက်ရောင်အစက်ပျောက်ငယ်လေးများဟာ တစ်ဖန်ပြန်လည်ဖြစ်ပေါ်နိုင်တဲ့အတွက် ဒီ emulsion က ပြဿနာမဖြစ်ခင်ကတည်းက ဖြေရှင်းပေးထားပါတယ်။ အယ်လ်ကိုဟောကင်းစင်တဲ့ဖော်မြူလာဖြစ်တာမို့ အသားအရေအတွက် အထူးသင့်တော်လှပြီး ဒါသည်လည်း cosmetic medical ကုထုံးတစ်မျိုးဖြစ်ပါတယ်။

 


MulitBright Night Cream

(Night Cream)

ဒီခရင်မ်လေးကိုတော့ IPL သို့မဟုတ် phototherapy ကုထုံးမှဖော်ထုတ်ထားတာဖြစ်ပါတယ်။ ဒီကုထုံးဟာ အသားအရေပြဿနာအမျိုးမျိုးဖြစ်တဲ့ အမည်းစက်ငယ်တွေ၊ အသားအရေညစ်ညမ်းမှုတွေ၊ ဝက်ခြံအမာရွတ်တွေနဲ့ enlarged pores များကို ကုသပေးတဲ့ ကုထုံးဖြစ်ပါတယ်။ ကုထုံးလိုပဲ ခု MulitiBright Night Cream လေးက အကုန်လုပ်ဆောင်ပေးပြီး သင်အိပ်စက်အနားယူနေစဉ်အတွင်းမှာ ဒီကုထုံးနည်းစဉ်များအားလုံးကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ MulitiBright နည်းပညာကို ထည့်သွင်းထားတာမို့ အသားအရေရဲ့ Moonlight Recharge Factor ကို နိုးကြားစေခြင်းဖြင့် အလုပ်လုပ်ဆောင်တာဖြစ်ပါတယ်။ မနက်ပိုင်းမှာ UV rays များနဲ့ ပြင်ပညစ်ညမ်းမှုအမျိုးမျိုးကနေ ဒဏ်ခံစားလာတဲ့ အသားအရေကို Moonlight Recharge Factor က ညတွင်းပိုင်းအချိန်မှာ ကောင်းမွန်စွာ ပြန်လည်ဖွဲ့စည်းတည်ဆောက်စေပါတယ်။ ဒါကြောင့် တစ်ညလောက်သုံးလိုက်တာနဲ့ ညစ်ညမ်းနေတဲ့ အသားအရေကို နှုတ်ဆက်လိုက်ပါ။

ပိုမိုမြင်သာတဲ့ အကျိုးသက်ရောက်မှုတွေကို ခံစားချင်ရင်တော့ ဒီအဆင့်လေးဆင့်ကို အသုံးပြုပေးသင့်ပါတယ်။ တစ်ပတ်အတွင်းမှာ အသားအရေနူးညံ့လာခြင်း၊ ပိုတင်းရင်းတောက်ပလာခြင်း စတဲ့အကျိုးကျေးဇူးတွေကို ခံစားရမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်များကို shiseidomyanmar facebook page မှာဝင်ရောက်မေးမြန်းနိုင်ပါတယ်။



Share this article

TOP 5 ARTICLES


Sex & Relationships   |   Posted on May 25, 2017

ချစ်တင်းနှောစဉ်ရှောင်ကြဉ်...


Health & Fitness   |   Posted on May 25, 2017

ဟော်မုန်းတားဆေးတွေကြောင့်...


Celebrity News   |   Posted on May 25, 2017

Stevie Nicks နဲ့ ‘Landsli...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.