Sex & Relationships   |   Posted on May 29, 2016 by kiki

အချစ်ကြောင့် ဘာတွေတိုးတက်ပြောင်းလဲလာလဲ


အချစ်နဲ့ ပတ်သက်ပြီး ဆိုးကျိုးတွေကိုပဲ ခံစားနေရတာလား။

Share this article

အချစ်ကို ဆိုးတယ်လို့ မြင်နေမိသူလား။ အဲဒါတွေအားလုံးအတွက် အခုဆောင်းပါမှာ အဖြေတွေရှာဖွေတွေ့ရှိပါလိမ့်မယ်။ အခုဖော်ပြပါ အချက်တွေကို သေချာဖတ်ပါ။ သေချာလေ့လာပါ။ အချစ်က ကိုယ့်ဘဝကို ဘာတွေတိုးတက်ပြောင်းလဲလာတယ်ဆိုတာကို အဖြေရှာတွေ့ပါလိမ့်မယ်။

 

သံယောဇဉ်ထားတတ်လာခြင်း

မိန်းကလေးတွေတိုင်းကတော့ သံယောဇဉ်ထားတတ်ကြပါတယ်။ ဒါပေမယ့် ကိုယ့်သူငယ်ချင်းကိုချစ်တာ၊ ကိုယ့်အရုပ်လေးကိုချစ်တာ၊ ကိုယ့်မိဘတွေကိုချစ်တာထက်ပိုတဲ့ သံယောဇဉ်ကိုတော့ ကိုယ့်ချစ်သူပေါ်မှာပဲ ထားတတ်ကြတာပါ။ ၁၅၀ဝ အချစ်ကို မခံစားတတ်တဲ့အချိန်တုန်းက မိန်းကလေးတော်တော်များများက လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အရာဝတ္ထုတစ်ခုကိုဖြစ်စေ တွယ်တာတတ်ခြင်း၊ သံယောဇဉ်ထားတတ်ခြင်းမရှိသေးပါဘူး။ ဒါကြောင့်မို့လို့ ခပ်မိုက်မိုက်၊ခပ်ကဲကဲမိန်းကလေးတွေ တကယ်ချစ်တဲ့သူကိုတွေ့လာပြီဆိုရင်တော့ သံယောဇဉ်ထားတတ်လာတယ်။ လိမ္မာတတ်လာပြီး ချစ်တတ်လာပါလိမ့်မယ်။ ဒါကတော့ ပထမအချက် အချစ်ရဲ့ကောင်းကျိုးတွေနော်။

 

အလေးထားတတ်လာခြင်း

သံယောဇဉ်ရှိလာတဲ့အတွက် အရင်က ပေါ့ပေါ့နေပေါ့ပေါ့စား မိန်းကလေးတွေ တစ်စုံတစ်ယောက်ကို အလေးထားလာတတ်ကြပါတယ်။ တစ်စုံတစ်ယောက်ကိုအလေးထားလာတတ်ကြတဲ့အတွက် အလေးထားခံရသူရဲ့ ဆုံးမမှုကို နာခံတတ်လာတတ်ခြင်း၊ စည်းကမ်းရှိလာတတ်ခြင်း၊ဦးစီးဦးဆောင် ဆောင်ရွက်နိုင်မှုတွေရှိလာနိုင်မှာ အသေအချာပဲဖြစ်ပါတယ်။ အသက် ၁၈ နှစ်မှ ၃၀ အတွင်းအမျိုးသမီးများကို လေ့လာသုံးသပ်ချက်များအရ ၈၀ရာခိုင်နှုန်းသော အမျိုးသမီးတွေဟာ ချစ်သူတွေရှိပြီးနောက်ပိုင်းမှာ ကိုယ့်ချစ်သူကိုသာမက အခြားအရေးကြီးလူပုဂ္ဂိုလ်တွေကိုပါ အလေးထားရကောင်းမှန်းသိလာတယ်လို့ ဆိုကြပါတယ်။

 

 

ချစ်တတ်လာခြင်း

ချစ်တတ်တာနဲ့ ချစ်သူထားတတ်တာ မတူပါနဲ့။အချစ်ဆိုတာ စိတ်ခံစားမှုတစ်ခုဆိုပေမယ့် ချစ်တတ်ဖို့ဆိုတာကလည်း အရမ်းကို ခက်ခဲပါတယ်။ ခပ်ငယ်ငယ်မိန်းကလေးတော်တော်များများကတော့ အချစ်ဆိုတာကို အပေါ်ယံ အပျော်အဖြစ်သာ သတ်မှတ်ထားကြပြီး တကယ့်ကို လေးလေးနက်နက်ချစ်တတ်လာကြတာ တကယ်ချစ်တဲ့ အမျိုးသားချစ်သူကိုမှသာဖြစ်ပါလိမ့်မယ်။ အချိန်မှန်ပျော်ပါး၊ ကလပ်ပါတီတွေကိုသာ အချစ်လို့ မှတ်ယူနေတဲ့ မိန်းကလေးတွေအတွက် တကယ့်လူသားတစ်ဦးကိုချစ်တဲ့ အချစ်စစ်နဲ့ချစ်လာတတ်တာလည်း အချစ်ရဲ့ စွမ်းအင်ပါပဲ။

 

စဉ်းစားတတ်လာခြင်း

မိန်းကလေးတော်တော်များများ ဆယ်ကျော်သက်အရွယ်မှာ သူငယ်ချင်းတွေနဲ့ပေါင်းသင်းမယ်။ ပျော်မယ်ပါးမယ် ပွဲတက်မယ်။ သီချင်းနားထောင်မယ်ဆိုတာလောက်ကိုပဲ စဉ်းစားတတ်ကြတာပါ။ ချစ်သူရှိလာတဲ့အတွက် အိမ်က သဘောတူသည်ဖြစ်စေ၊သဘောမတူသည်ဖြစ်စေ ချစ်သူနဲ့ဘယ်လိုသွား၊ ဘယ်လိုနေ၊ ဘယ်လိုစားကစပြီးစဉ်းစားတတ်လာကြပါတယ်။ ဘဝလက်တွဲဖော်အတွက် စဉ်းစားနည်းပေါ့နော်။ ဒီလိုစဉ်းစားတတ်လာတာဟာ ကောင်းတဲ့ လက္ခဏာတစ်ရပ်ပါပဲ။ ရေပေါ်စီနေသလို ဘဝကနေ အနာဂတ်ဆိုတာကို မြင်လာပြီး အနာဂတ်ကိုစဉ်းစားတတ်လာတာပေါ့။

 

 

ညှိနှိုင်းဆောင်ရွက်တတ်လာခြင်း

အချစ်ဆိုတာ နှစ်ယောက်ပေါင်းမှဖြစ်လာတာပါ။ ကိုယ်တစ်ယောက်တည်းချစ်နေပြီဆိုတာနဲ့ တဖက်သတ်အချစ်ပဲပေါ့။ နှစ်ယောက်သားချစ်တတ်ပြီဆိုတာနဲ့ ချိန်းဆိုမှုတွေကအစ အတူသွား၊အတူလာ ၊အတူတွေ့ဆုံမှုတွေကို ညှိနှိုင်းဆောင်ရွက်ရမှာပဲလေ။ အရင်က သူငယ်ချင်းနဲ့ဖြစ်စေ၊ မိသားစုနဲ့အိမ်မှာဖြစ်စေ ဗိုလ်ကျစိုးမိုးတာတွေပျောက်သွားပြီး ချစ်သူနဲ့ဆိုရင် ညှိမယ်ဆိုတာပဲဖြစ်သွားမှာကတော့ အသေအချာပါပဲ။

 

ပုးပေါင်းတတ်လာခြင်း

ချစ်သူထားတယ်၊ ရည်းစားထားတယ်ဆိုတာကလည်း တစ်ဦးတည်းထားလို့မရတဲ့ အလုပ်လေ။ နှစ်ဦးပေါင်းမှ ချစ်သူ၊ ရည်းစားလို့ ခေါ်လို့ရတာဆိုတော့ နှစ်ဦးပေါင်းခံစားချက်ဖန်တီးတဲ့ အလုပ်တစ်ခုလို့လည်းပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ ချစ်သူထားတယ်။ရည်းစားထားတယ်ဆိုတာနဲ့ပတ်သက်ပြီး ကောင်းကျိုးတစ်ခုကို ပြောရမယ်ဆိုရင်တော့ ပူးပေါင်းတတ်လာတယ်ဆိုတဲ့ ခံစားချက်တွေကိုပဲပြောရမှာပါ။ နှစ်ယောက်ပေါင်းမှ တဘဝမဖြစ်သေးပေမယ့် နှစ်ယောက်ပေါင်းစည်းဖို့အတွက် ပထမအဆင့်အနေအထားမှာ ရှိနေပြီဆိုတော့ သွားအတူ၊လာအတူ၊ထိုင်အတူ၊ စားအတူလောက်တော့ ပူးပေါင်းဖြစ်မှာ အသေအချာပါပဲ။

 

အတွေ့အကြုံတစ်ခုရရှိခြင်း

ချစ်ခြင်းရဲ့ ကောင်းကျိုးတစ်ခုလို့ပြောနိုင်တဲ့အရာတစ်ခုဟာ အတွေ့အကြုံကောင်းတစ်ခုရရှိနိုင်ခြင်းပါ။ အတွေ့အကြုံဆိုတာကလည်း နေရာတိုင်းမှာ ရရှိနိုင်တာ မဟုတ်သလို ရတဲ့အချိန်မှာလည်းတစ်ချို့က အတွေ့အကြုံတွေကို သိကြမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ချစ်ခြင်းကြောင့် ခံစားချက်အတွေ့အကြုံတွေ၊ ရည်းစားရှာဖွေတတ်တဲ့အတွေ့အကြုံတွေ၊ လူ့သဘောကို သိရှိနိုင်တဲ့အတွေ့အကြုံကောင်းတွေကိုလည်း ရရှိနိုင်မှာ အသေအချာပါပဲ။ ဒီအတွေ့အကြုံတွေ တဘဝလုံးကောင်းတဲ့ဘက်မှာ အသုံးချသွားရင် ကိုယ့်အတွက်ကောင်းမွန်တဲ့ရလဒ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

 

ပြဿနာရှင်းတတ်လာခြင်း

ရည်းစားမထားခင် ငယ်ဘဝမှာ ငယ်သူငယ်ချင်းရန်ဖြစ်တာလောက်၊ ပစ္စည်းပျောက်တာလောက်ပဲ ပြဿနာတွေ့ကြုံရတတ်ပါတယ်။ ဒီလိုပြဿနာတွေဖြေရှင်းရမှာလည်း မိဘ ဒါမှမဟုတ် အုပ်ထိန်းသူတွေကပဲ ဖြေရှင်းပေးသွားခဲ့တာပါ။ ဒါပေမယ့် အချစ်ပြဿနာဖြေရှင်းရာမှာတော့ ကိုယ်တိုင်ကလွဲလို့ အခြားသူဘေးဝင်ဖြေရှင်းနိုင်ဖို့ကလည်း မလွယ်ဘူးလေ။ အဲဒီတော့ ပိုချစ်လေ ပိုရှုပ်လေဖြစ်တဲ့အတွက် ပြဿနာဆိုတာကတော့ မဖြစ်မနေ အမြဲလိုလိုတွေ့နေရမှာပဲလေ။ ရည်းစားထားခြင်းရဲ့ နောက်ဆက်တွဲကောင်းကျိုးအဖြစ် ကိုယ်ကအချစ်ရဲ့ရှေ့နေမလေးဖြစ်နေတော့တာပါပဲ။

 

ရွေးချယ်တတ်လာခြင်း

ဘဝမှာ ရွေးချယ်စရာတွေအများကြီးပါ။ အဲဒီအထဲမှာမှ အချစ်ရေးမှာလည်း ရွေးချယ်စရာအများကြီးရှိပါတယ်။ ကိုယ့်အနေနဲ့ ရည်းစားတွေအများကြီးထားပြီး တစ်ယောက်ကိုပဲအတည်ရွေးရမှာလေ။ ရည်းစားနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မိန်းကလေးတိုင်းကတော့ ဘဝလက်တွဲဖော်အတွက် ရွေးချယ်ရမှာ အသေအချာပဲလေ။ ဒီတော့ ရွေးချယ်မှု မှန်ကန်ဖို့အတွက် အချစ်ရေးအတွေ့အကြုံတွေ၊ ရည်းစားထားတတ်တဲ့အတွေ့အကြုံတွေကလည်း အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို တင်ပြလိုက်ပါတယ်။ မိန်းကလေးတွေအားလုံး အချစ်ရေးမှာ ကံကောင်းကြပါစေ။



Share this article

TOP 5 ARTICLES


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...


Celebrity Style   |   Posted on Nov 8, 2019

မိုးဟေကိုရဲ့ Myanmar Trad...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.