Horoscopes   |   Posted on Nov 3, 2016 by Elijah htang

ဆရာစံဇာဏီဘိုရဲ့ အချစ်ဗေဒင်ဟောစာတမ်းများ


နိုဝင်ဘာလအတွက် (၁၂)ရာသီခွင်နှလုံးသားအချစ်ဗေဒင်

Share this article

မိဿရာသီ(မတ်၂၁ မှ ဧပြီ၂၀)

အတိတ်ကံစေစားမှုအောက် အချစ်နှလုံးသားကျရောက်၏။ မြတ်သော တန်ခိုးရှင်ထံတောင်းဆိုမှု ပြုမှုများပြည့်စုံမည်။ ဝေးကွာသော ချစ်သူနှင့် ပြန်လည်ဆုံဆည်းမည်။ ထူးခြားသော အိပ်မက်များ မြင်မက်မည်။ ဝိဥာဉ်ပေါင်းစပ်မှု အတိတ်ပါရမီပါသူနှင့် ဆုံတွေ့မည်။ စစ်မှန်သော သစ္စာကြောင့် အချစ်ဆုတောင်းမှန်သမျှ ပြည့်စုံစေမည်။ အချစ်ရေး၊ မေတ္တာရေးတွင်ကြုံတွေ့နေသောအညံ့အဆိုး ဟူသမျှ ကင်းဝေးမည်။ သဝန်ကြောင်အနိုင်ယူစိုးမိုး၍ စစ်မှန်သော မေတ္တာမရှိဘဲ အသည်းခွဲရန် ကြံရွယ်သူများဘေးမှ လက်တလုံးခြားလွတ်ကင်းမည်။ အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့တွင် မွေးသောသူများနှင့် ဆက်စပ်၍ ဖြစ်သော စိတ်အနှောင့်အယှက်များ ကင်းဝေးသွားမည်။
ယတြာ- မိုးပျံပူဖောင်းအပြာတစ်ခု၊ အနီရောင်တစ်ခုပူးတွဲချည်ပါ။ ပြီးလျှင် အမြင့်သို့လွှတ်တင်ပါ။

ပြိဿရာသီ(ဧပြီ၂၁ မှ မေ၂၁)

အချစ်ကံကောင်းခြင်းနှင့် ပျော်ရွှင်ချမ်းမြေ့မှုအလုံးစုံကို ဆောင်ကြဉ်းပေးသည့် အချစ်တန်ခိုးရှင် နတ်သားငယ်၏ ကောင်းချီးပေးမှုကို ခံယူမည်။ အချစ်ရေးတွင် ကြုံနေသော အညံ့အဆိုးမှန်သမျှ ကင်းစင်မည်။ ဝေးကွာနေသော သူများနျင့် ပြန်လည်ဆုံဆည်းမည်။ စစ်မှန်သော ဖူးစာရှင်နှင့် ဆုံတွေ့ရန် ကံအခြေအနေဖန်တီးမှုကို ကြုံမည်။ ဆက်ဆံနေသော အချစ်ရပ်ဝန်းတွင်လည်း အပြောင်းအလဲများဖြစ်ပေါ်မည်။ ယခင်တစ်ကြိမ်တစ်ခါမှ မကြုံဖူးသော ရင်ခုန်ဖွယ်နှင့် စိတ်လှုပ်ရှားစရာများပြည့်နှက်နေသည်။ တစ်ဦးထက်မကသောချစ်သူရှိသူများအတွက် တစ်ဦးတစ်ယောက်ကို ပြတ်သားစွာ ရွေးချယ်ရန် အခြေအနေကောင်းကြုံမည်။
ယတြာ - အနီရောင်ဝတ်၍ တောင်အရပ်ကို မျက်နှာမူကာ ဓါတ်ပုံအရိုက်ခံရန်ထောင်ထားပါ။

မေထုန်ရာသီ(မေ၂၂ မှ ဇွန်၂၁)

စစ်မှန်သော ဖူးစာရှင်ကို ရွေးချယ်လက်တွဲစေသည့် မြင့်မြတ်သော အချစ်နတ်ဒေဝီ၏ စိုးမိုးမှုကို ကြုံမည့်ကာလဖြစ်သည်။ ပါရမီဖြည့်ဖက်ကို ဖူးစာမော်ကွန်းရေးထိုးကာ တွေ့ကြုံဆုံစည်းစေသော ဖန်ဆင်းမှုအောက်တွင် ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းနှင့် ဖူးစာကံကောင်းခြင်းကို ကြုံရမည်။ ရပ်တန့်ထားသော အချစ်ရေးကိစ္စများ ပြန်လည်စတင်နိုင်မည်။ ချစ်သူနှင့် ပဋိပက္ခဖြစ်ပြီးမှ ပြန်လည်သင့်မြတ်အေးချမ်းမည်။ တပြိုင်နက်တည်းနှစ်ဦးမှ အထက် အချစ်ရေးကိစ္စရပ်များကြုံမည်။ သံယောဇဉ်ဟောင်းများနှင့် ပြန်လည်ငြိတွယ်မည်။ အဆင်ပြေဆုံစည်းနိုင်စွမ်းမရှိဟု အများက သတ်မှတ်ထားသောသူနှင့် အချစ်ရေး နီးစပ်ရန် အကြောင်းတရားကြုံမည်။
ယတြာ - ကြံရည်တစ်ခွက်ကို ၂၃ ကြိမ်ငုံ့၍ သောက်သုံးပါ။

ကရကဋ်ရာသီ(ဇွန်၂၃ မှ ဇူလိုင် ၂၃)

ချည်နှောင်ချိတ်ဆွဲခံထားရသော ဇောက်ထိုးမိုးမျှော် လူသားတစ်ဦး၏ ဘဝအလား အရာရာ ကပြောင်းကပြန်နှင့် ပြောင်းဆန်အောင် စိတ်ညစ်ရခြင်းကြုံ၏။ အနှောင်အဖွဲ့များနှင့် ကြုံမည်။ ပေးထားသော ကတိစကားအပေါ်တည်မြဲအောင် ထိန်းသိမ်းနိုင်ခြင်းမရှိသူများနှင့်ကြုံမည်။ မေတ္တာအပေါ် အလေးမထားခြင်းကြောင့် အပြစ်ပေးခံရသော သူအလား အနေအထားကြုံမည်။ နှောင်ဖွဲ့ ချုပ်ချယ်မှု အကြားမှ တစ်ဝက်တစ်ပျက်သာ ရုန်းထွက်နိုင်သည့် ချစ်သူကြောင့် စိတ်မောရကိန်းကြုံမည်။ ငြိမ်းချမ်းနေသော မေတ္တာအခြေအနေမှ စိတ်အနှောင့်အယှက်ပ ဋိပက္ခများကြုံတွေ့တတ်သည်။
ယတြာ - ကမာနွံတစ်ခုအတွင်းကျောက်အရိုင်းတုံးတို့ကို ထည့်၍ အနောက်မြောက်အရပ်အမြင့်တစ်နေရာတွင်ထားရှိပါ။

သိဟ်ရာသီ(ဇူလိုင်၂၃ မှ သြဂုတ် ၂၃)

ကြိုးချည်တုပ်နှောင်ထားသည်မှ ရုန်းထွက်လွန်မြောက်လာသော စိတ်နှောက်နေသော သူတစ်ဦး၏ ပုံရိပ်သည် ထိုကာလအချစ်ကံကြမ္မာအပေါ် လွှမ်းမိုးနေသည်။ လွတ်လပ်၍ လွတ်မြောက်နေသော အချစ်ဝိဥာဉ်စေစားမှုနောက်တွင် စိတ်နောက်ကိုယ်ပါ ထင်ရာစိုင်းကာ စိတ်ဆန္ဒကို ရှေု့တန်းထားမည်။ ပတ်ဝန်းကျင်ဝေဖန်မှု၊ မိသားစုဝန်းကျင်တို့၏ ချုပ်ချယ်မှု အားလုံးကို အလေးမထားတော့ ဘဲ ထင်တိုင်းကြဲကာ မိုက်မိုက်မဲမဲ အချစ်သူရဲကောင်းဘဝကို ရူးသွပ်စွာ ခံယူနေလိမ့်မည်။ ဂုဏ်ပကာသနများ ပစ်ပယ်၍ စစ်မှန်သော မေတ္တာရှိရာ လိုက်ပါသွားမည်။
ယတြာ- အဖြူရောင်ြွေကပန်းအိုးအတွင်းနှင့် နှင်းဆီပန်းအနီရောင်ထိုး၍ အမြင့်တင်ပါ။

ကန်ရာသီ(သြဂုတ် ၂၃ မှ စက်တင်ဘာလ ၂၂)

အချစ်နတ်မိစ°ာမှ အချစ်တွင် ယစ်မူးစေသော အချစ်သေရည်ကို သွန်းလောင်း၍ သောက်သုံးစေသည့် နိမိတ်ပုံသည် ထိုကာလအချစ်ကံကြမ္မာဖြစ်စေသည်။ အချစ်နှင့်ပတ်သက်၍ ထင်ရာစိုင်းမည့် စိတ်သဘာဝများဖြစ်ပေါ်နေမည်။ သံယောဇဉ်မထားသင့်သူကို ထားခြင်း၊ အချစ်မှား၊ ဆုံးဖြတ်ချက်မှားခြင်းများ ဖြစ်ပေါ်မည်။ မှားမှန်းသိလျက်နှင့် ဇွတ်ရှေ့တိုးမည်။ အချစ်သည်သာ ကိုးကွယ်ရာဟူ၍ ယုံစားသတ်မှတ်ကာ အရာရာကိုစွန့်လွှတ် ၊အချစ်အတွက် အခက်အခဲမှန်သမျှကို ရင်ဆိုင်သော အနေအထားများရှိမည်။
ယတြာ- အိမ်ခန်း၏ အနောက်မြောက်ထောင့်တွင် ဖဲပြားအဖြူ၊ ငွေရောင်၊ မီးခိုးရောင်သုံးခုချည်၍ အမြင့်တွင်တင်ပါ။

တူရာသီ(စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂)

အလွန်စန်းပွင့်မည်။ အချစ်ရေးကံကောင်းသည်။ စစ်မှန်သော မေတ္တာနှင့် ငြိမ်းချမ်းသော ဘဝကို ရရှိမည်။ ကိုယ့်အပေါ်အမှန်တကယ်မြတ်နိုးသော သူများနှင့် မေတ္တာနှောင်ဖွဲ့မည်။ အချစ်နှင့်ဆက်နွယ်သော စိတ်ချမ်းမြေ့မှုအလုံးစုံကို ပိုင်ဆိုင်ရယူနိုင်မည်။ ချစ်သူမရှိသေးသော လူလွတ်များအတွက် ရေရှည်တည်မြဲသော အချစ်ရေးကိစ္စနှင့် ကြုံမည်။ ချစ်သူရှိသူများအဖို့လည်း နှစ်ဦးကြား ဖြစ်ပေါ်နေသော အညံ့အဆိုးများ ငြိမ်းချမ်းသွားမည်။ မေတ္တာစန်းပွင့်သော အနေအထားကောင်းများ ကြုံပေရာ တစ်ဦးထက်မကသော သံယောဇဉ်နှောင်ဖွဲ့မှုများကြုံရမည်။ တနင်္လာနေ့၊သောကြာနေ့၊အင်္ဂါနေ့မွေးသောသူများထံမှ တစ်ဦးဦးနှင့်မေတ္တာမျှနေသူများ အချစ်ရေးကံအေးချမ်းမည်။
ယတြာ- ရွှေရောင်ဇီးကွက်ဖိုမတစ်စုံကို မိမိအနားအပါးတွင်ထားပါ။

ဗြိ စ°ာရာသီ(အောက်တိုဘာ၂၃ မှ နိုဝင်ဘာ ၂၂)

နှစ်ဦးကြား ပြဿနာဆိုးများ ဝင်ရောက်မည်။ ရန်ပြဿနားများနှင့် ထိပ်တိုက်ကြုံမည်။ ကတိစကား ပျက်ယွင်းမှုများကြောင့် စိတ်သောကဖြစ်ရမည်။ စီစဉ်ဆုံးဖြတ်ထားသည်များ အားလုံးအဆုံးသတ်ပါဦးမှ စိတ်အနှောင့်အယှက်ဖြစ်ရမည်။ အပြိုင်အဆိုင်အားလုံးနှင့် ရင်ဆိုင်ဖြေရှင်းရနိုင်မည်။ နားလည်မှု နည်းပါးသောသူများနှင့်တွေ့တတ်သည်။ ချစ်ဟန်ဆောင်၍ လှည့်ဖြားသူများနှင့်ကြုံမည်။ အေးချမ်းလျှို့ဝှက်စွာ ကြည်နူးဆွတ်ပျံ့ရသော ဘဝအနေအထားအားလူသိထင်ရှားဖြစ်စေရန်နှင့် အနှောင့်အယှက်များ ဝင်ရောက်စေရန ဆောင်ရွက်သူများနှင့် ကြုံမည်။ အတိတ်မှ ပြဿနာဟောင်းများဖော်ထုတ်ကာ နာမည် သိက္ခာထိခိုက်အောင် နှောင့်ယှက်သူများနှင့်ကြုံတတ်သည်။
ယတြာ - ရွှေရောင်ချိတ်နှစ်ခုကို အပြန်အလှန်ချိတ်၍ ပိုက်ဆံအိတ်တွင်ဆောင်ပါ။

ဓနုရာသီ(နိုဝင်ဘာ၂၂ မှဒီဇင်ဘာ၂၁)

နှစ်ဦးကြားဖြစ်ပေါ်နေသော ပြဿနာများအေးချမ်းသွားမည်။ ဝေးကွာနေသော သူများနှင့်ပြန်လည် ဆုံစည်းမည်။ စိတ်အနှောင့်အယှက်များ၊ အခက်အခဲများကို ကျော်လွှားနိုင်မည်။ တစ်ဖက်သတ် စွဲမှတ်အထင်မှား၍ ကိုယ့်အပေါ် အပြစ်မြင်နေသူအား ကိုယ်တိုင်ဖြေရှင်းခြင်းမဟုတ်ဘဲ အခြားသူတစ်ဦးတစ်ယောက်ကြားဝင်ဖြေရှင်းရန်ဖြစ်စေ၊ အကြောင်းတစ်စုံတစ်ရာနှင့်တိုက်ဆိုင်လာသောကြောင့်ဖြစ်စေ၊ ပြဿနာများ အေးငြိမ်းသွားမည်။ အတိတ်ကာလမှ သူတို့၏ အနှောက်အယှက်ဒဏ်ကို ကျော်လွှားဖယ်ရှားနိုင်မည်။ အမည်အတွင်း၊(အ၊ဥသ၊ဟ)ပါသော သူတို့ကြောင့် ပြဿနာများငြိမ်းချမ်းသွားမည်။
ယတြာ- အိပ်ရာ၏ အနောက်တောင်ထောင့်တွင် ဖဲကြိုးအနီနှင့် အပြာ ကို ပူးချည်၍ အမြင့်တင်ပါ။

မကာရရာသီ(ဒီဇင်ဘာ ၂၂ မှဇန်နဝါရီ၂၀)

လှည့်စားခံရတတ်သည်။ အသည်းခွဲဘဝထိ ခိုက်အောင်ပြုသော အချစ်မုဆိုးတို့၏ မြားဆိပ်မိသော သားကောင်သဖွယ် အတိဒုက္ခရောက်နိုင်သည်။ အထီးကျန်မှု၏ အေးငြိမ်းခြင်းကို ကျောခိုင်းရန်မသင့်။ အားနာမှုနှင့် လိုက်လျောမှုလွန်ကဲမှုကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်တို့ကို တွက်ဆသင့်သည်။ စွပ်စွဲခံရတတ်သည်။ သူတစ်ပါးပြုထားသည့်အမှားများကို ကိုယ်ကကြားမှ အပြစ်ခံယူရသော ကိန်းဆိုက်သည်။ မဖြစ်သင့်မဖြစ်ထိုက်အပ်သည့် အမှားအယွင်းများကို ကြိုတင်ထိန်းသိမ်းကာကွယ်သင့်လှသည်။ အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့ မွေးသောသူများ ဒုက္ခပေးလိမ့်မည်။ ရုတ်တရက် အိမ်ထောင်ကျတတ်သည်။
ယတြာ- လက်ကိုင်ပုဝါအဖြူ၏ ထောင့်တွင် အပ်ချည်ကြိုးအနီနှင့် ပန်းပွင့်ပုံစက်ပန်းထိုး၍ ဆောင်ပါ။

ကုမ်ရာသီ (ဇန်နဝါရီ ၂၁ မှဖေဖော်ဝါရီ ၁၉)
ဘဝလမ်းသစ် တစ်ခု၏ စတင်ခြင်းကာလဖြစ်သည်။ ဆုံးဖြတ်ချက်သစ်များ ချမှတ်ရမည်။ နာကြည်းဖွယ် ကောင်းသော အတိတ်ကို ကျောခိုင်း၍ ပျော်ရွှင်ချမ်းမြေ့ဖွယ် အနာဂါတ်အသစ်ကို စတင်နိုင်သည်။ အခက်အခဲ အလုံးစုံကို ကျော်လွှား၍ အေးချမ်းသော ဘဝသစ်တစ်ခုကို စတင်နိုင်သည်။ ကာလအတန်အကြာ အမှန်တကယ် ချစ်မြတ်နိုးခြင်း မရှိသူနှင့်လက်တွဲဖြုတ်ကာ လွန်လေပြီးသော အတိတ်ကာလမှ အချစ်ဟောင်း ထံဦးတည် ပေါင်းစည်းရန်အခါကျရောက်သည်။ အချစ်ရေးအညံ့အဆိုး ကိစ္စမှ တစ်စတစ်စ လွတ်ကင်းကာ ပျော်ရွှင်ချမ်းမြေ့ခြင်း ဘက်သို့ရောက်ရှိမည်။
ယတြာ - ကြွေပန်းကန်ပေါ်တွင် ငှက်ပျောဖက်ခင်း၍ စံပယ်ပန်း(၇)ပွင့်တင်ကာ အနီးတွင်ထားရှိပါ။

မိန်ရာသီ(ဖေဖော်ဝါရီ၂၀ မှ မတ် ၂၂)

အိပ်စက်နေသော နှလုံးသားအား အချစ်ကြယ်စင်အလင်းတန်းထိတွေ့မည်။ အချစ်နတ်သား ဖန်တီးစေစားမှုအောက်ကံကြမ္မာကျရောင်ပါ။ အမြင့်ကြယ်စင် နှင့် မြေပြင်လူသားပမာဘဝအခြေအနေချင်းမတူခြားနားသည့် အချစ်ဇာတ်လမ်းကို ကြုံမည်။ ဆုံစည်းရန် ခက်ခဲသော သူနှင့်မေတ္တာမျှမည်။ အချစ်ရေးကံကောင်းမည်။ ချစ်သူမရှိသူချစ်သူရမည်။ တစ်ဦးထက် မကသော မေတ္တာရေးကိစ္စများ ကြုံမည်။ အချစ်ရေးကို စိတ်မဝင်စားသူများပင်လျှင် စန်းပွင့်မည်။
ယတြာ- ကြေးပန်းအိုးအတွင်းနှင်းဆီအဝါတစ်ပွင့် ၊ အနီ၁ ပွင့်ထိုး၍ အမြင့်တင်ပါ။

 

 



Share this article

TOP 5 ARTICLES


Fashion News   |   Posted on Nov 17, 2017

Victoria’s Secret ရဲ့အလှတ...


Fashion News   |   Posted on Nov 17, 2017

Balmain နဲ့ပူးပေါင်းပြီး...


Art & Books   |   Posted on Nov 17, 2017

ဘာကြောင့် Tattoo မထိုးသင်...


Celebrity News   |   Posted on Nov 17, 2017

Victoria’s Secret Fashion...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.