Film & Music   |   Posted on Dec 30, 2016 by Elijah htang

အင်တာဗျူးမကြိုက်တဲ့ အဆိုတော်


ချေတတ်လိုက်တာ Adele ရယ်

Share this article

ကမ္ဘာကျော်အဆိုတော် Adele တစ်ယောက် နောက်နှစ် သြစတေးလျမှာ ပြုလုပ်မယ့်ဖျော်ဖြေပွဲတွေအတွက် ဘယ်အင်တာဗျူးကိုမဆို ငြင်းပယ်ခဲ့ပါတယ်။ အဲဒီလို ငြင်းပယ်မှုကို ဝါရင့်သတင်းတင်ဆက်သူကြီး Richard Wilkins ကတော့ ဒေါသထွက်နေလေရဲ့။ အတွင်းသတင်းတွေအရ ဒီအဆိုတော်က သတင်းမီဒီယာတွေကို စိတ်မဝင်စားဘူးဆိုပဲ။ ဒီတော့ ဆရာကြီး Richard စိတ်ဆိုးမယ်ဆိုလည်း ဆိုးလောက်ပါတယ်။ "Adele ကို ချဉ်းကပ်ဖို့ Richard ကတော့ နည်းမျိုးစုံ ကြိုးပမ်းနေပါတယ်.. Adele နဲ့ရင်းနှီးသူ မှန်သမျှကို ပြောပေးဖို့ စည်းရုံးနေပေမဲ့ မအောင်မြင်သေးပါဘူး"လို့ News Corp က ပြောပါတယ်။ Adele ရဲ့ သြစတေးလျဖျော်ဖြေပွဲကို ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး နယူးဇီလန်နိုင်ငံမှာလည်း ဖျော်ဖြေပွဲတွေ ကျင်းပသွားဖို့ ရှိပါတယ်။

REF: Daily Mail



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Apr 20, 2018

Busking ပုံစံ Public Area...


Film & Music   |   Posted on Apr 19, 2018

April လမှာ လက်မလွှတ်ပဲ နား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.