Celebrity News   |   Posted on Sep 6, 2016 by Elijah htang

၂၀၁၆-၂၀၁၇အတွက်အနုပညာကြေးအမြင့်ဆုံး ကိုရီးယား မင်းသား၁၀ယောက်


ဇာတ်လမ်းတွဲအသစ်မထွက်တာတောင် သူက နံပါတ်တစ်ဝင်ငွေအကောင်းဆုံးဖြစ်နေတုန်းပဲနော်

Share this article

ဒီခေတ်မှာ ဖျော်ဖြေရေး အပိုင်းဟာ လူတယောက်ရဲ့ ဘဝ အတွက်မရှိမဖြစ်အရာတွေထဲက တခုလာဖြစ်ပြီး သူ့နိုင်ငံအလိုက် ဖျော်ဖြေရေးတွေပုံစံတွေ ကွဲပါတယ်။ကိုရီးယာ နိုင်ငံဟာ အလွန်တော် ပြီး အလွန်လှပတဲ့ သရုပ်ဆောင်မင်းသား မင်းသမီးများစွာရှိပါတယ်။ သူတို့ဟာ လည်း ကမ္ဘာ့ဖျော်ဖြေရေး ဈေးကွက်မှာ အလွန်အမင်း လူကြိုက်များတဲ့ သူတွေဖြစ်ပါတယ်။

10. Ji Chang Wook
တောင်ကိုးရီးယားနိုင်ငံရဲ့ အချောဆုံး မင်းသားတွေထဲကတယောက်ဖြစ်ပါတယ်။သူ့အောင်မြင်ဆုံး ဇာတ်လမ်းတွဲ တွေကတော့ Warrior Baek Dong-so, Express Ki နဲ့ Healar တို့ပဲဖြစ်ပါတယ်။သူဟာ ဇာတ်လမ်းအပိုင်းတပိုင်းအတွက် အနုပညာကြေး $42,000ရရှိပြီး ၁၀ ယောက်မြောက်အနုပညာကြေးအမြင်ဆုံးမင်းသားဖြစ်ပါတယ်။

9. Son Joong Ki
သူကတော့ သရုပ်ဆောင်နဲ့ အစီအစဉ်ကြေငြာသူအလုပ်ကို လုပ်ကိုင်တဲ့သူဖြစ်ပါတယ်။ Sungkyunkwan Scandle ဇာတ်လမ်းတွဲ နဲ့ နာမည်ကြီးလာသူဖြစ်ပြီ သူအကျော်ကြားဆုံး ဇာတ်လမ်းတွဲကတော့ Desendent of the sun ဖြစ်ပါတယ်။သူဟာ ဇာတ်လမ်းအပိုင်းတစ်ပိုင်း အတွက် $50,300 ရရှိပါတယ်။

8. Lee Jon Suk
တောင်ကိုးရီးယာရဲ့သရုပ်ဆောင်မင်သားတယောက်ဖြစ်ပြီး Seoul Fashin Week ရဲ့ တသက်တာအသက်အငယ်ဆုံး model ဆုကို ရရှိထားတဲ့သူဖြစ်ပါတယ်။ သူ့ရဲ့အအောင်မြင်ဆုံး ဇာတ်လမ်းတွဲတွေကတော့ School 2013 နဲ့ Doctor Stranger တို့ပဲဖြစ်ပါတယ်။သူကတော့ $50,300နဲ့ နံပတ် ၈ နေရာမှာ ရပ်တည်နေပါတယ်။

7. Yoo Ah In
တောင်ကိုးရီးယား ရဲ့ အချေားဆုံးမင်းသား စာရင်းမှာပါဝင်းပြီး သူ့ရဲ့ အောင်မြင်နေတဲ့ဇာတ်လမ်းတွဲ တွေကတော့ Punch, Secret Love Affair နဲ့ Six Flying Dragon တို့ပဲဖြစ်ပြီးဇာတ်လမ်းတစ်ပိုင်းအတွက်အနုပညာကြေး $58,700 ရရှိပြီး နံပတ် ၇နေရာမှာရှိနေတာပါ။

6. Lee Seung Ki
သူကတော့ သရုပ်ဆောက်မင်းသား အဆိုတော် အခမ်းအနားမှူး ကပြဖျော်ဖြေတင်ဆက်သူစသည်ဖြင့်အောင်မြင်နေတဲ့သူတယောက်ပါ။ ပြီးတော့  လူရှာအများဆုံး မင်းသာ ၂၀ထဲကတယောက်ဖြစ်ပါတယ် သူ့အနုပညာကြေးဟာဆိုရင် $58,700နဲ့ နံပတ်ခြောက်နေရာမှာ ရပ်တာနေတာပါ။

5. Lee Min Ho
Lee min ho ဟာ အရုပ်ဆောင်မင်းသား အဆိုတော်နဲ့ မော်ဒယ်လ် တယောက်ဖြစ်ပါတယ်။သူဟာရုပ်ရှင် ဆုပေါင်းများစွာရှိထားသူတယောက်ဖြစ်ပါတယ်။နာမည်ကြီးဇာတ်ကားများဖြစ်တဲ့ The Heirs, City Hunter နဲ့ Personal Faith တို့မှာပါဝင်သရုပ်ဆောင်ပြီး အနုပညာကြေး $58,700နဲ့ နံပတ် ၅ နေရာမှာ ရှိနေပါတယ်။

4.So Ji Sub
သူကတော့ သူရဲ့ ဝါသနာကို jean မော်ဒယ် အနေနဲ့စတင်ခဲ့ တဲ့ မင်းသားဖြစ်ပါတယ်။သူကတော့ တကယ့် နာမည်ကြီး ဇာတ်လမ်းတွဲပေါင်း များစွာကို ရိုက်ခဲ့ပြီး အထွက်အထိပ်အောင်မြင်ခဲ့တာတော့ Master's Sun ပဲဖြစ်ပါတယ်။ ဒါကြောင့်သူဟာ အခုစာရင်းမှာ နံပတ် ၄ နေရာနဲ့ အနုပညာကြေးကတော့ ဇာတ်လမ်း တစ်ပိုင်းအတွက် $67,100ကို ရရှိသူဖြစ်ပါတယ်။

3.Jo In Sung
သူကတော့ နာမည်ကြီး အချစ်ဇာတ်လမ်းတွဲတွေဖြစ်တဲ့ What Happened in Bali, That Winter, The Wind Blow, It's Okay That's Love နဲ့ တခြားဇာတ်လမ်းတွဲတွေရဲ့ မင်းသားတယောက်ပဲဖြစ်ပါတယ်။ သူဟာ စွယ်စုံရ မင်းသားတယောက်ဖြစ်ပြီး အနုပညာကြေးကတော့ ဇာတ်လမ်း တစ်ပိုင်းအတွက် $67,100နဲ့ နံပတ်သုံးနေရာမှာ ရပ်တည်နေသူဖြစ်ပါတယ်။

 

2. Hyun Bin
သူဟာ နာမည်ကြီးဇာတ်လမ်းတွဲMy name is Kim Sam-soon ရယ် ပြီးတော့ Secret Garden နဲ့ အရမ်းလူကြိုက်များပြီး နာမည်ကြီးခဲ့တဲ့မင်းသားတယောက်ဖြစ်ပါတယ်။သူရဲ့ အနုပညာကြေးကတော့ ဇာတ်လမ်းတစ်ပိုင်းအတွက် $83,900 ရရှိပြီး ဒီ စာရင်းရဲ့နံပတ်၂ နေရာကို ရယူထားတာဖြစ်ပါတယ်။

 

1.Kim Soo Hyun
သူကတော့ဒီစာရင်း ရဲ့ နံပတ် ၁ ကိုရှိထားတဲ့မင်းသားပဲဖြစ်ပါတယ်။သူဟာ ဇာတ်လမ်းတွဲ ကော ရုပ်ရှင်ကော ရိုက်တဲ့မင်းသားဖြစ်ပါတယ်။သူ့နာမည်ကြီး ဇာတ်လမ်းတွဲ တွေကတော့ Dream High နဲ့ My love from the Star တို့ဖြစ်ပြီး သူ့အအောင်မြင်ဆုံး ရုပ်ရှင်တွေကတော့ The Thieves, Secretly နဲ့ Greatly တို့ပဲဖြစ်ပါတယ်။ အနုပညာကြေးအနေနဲ့$83,900နဲ့ ၂၀၁၆-၁၇ရဲ့ ကြေးအမြင့်ဆုံးမင်းသားဖြစ်ပါတယ်။

 



Share this article

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.