gay & lesbians   |   Posted on Aug 18, 2016 by Elijah htang
Australia X-Factorမှာ ဒိုင်တစ်ယောက်ဖြစ်လာတဲ့ ADAM LAMBET
Gayလို့ ဖွင့်ပြောလိုက်တာဟာ စိတ်ကိုရှင်းရှင်းနေချင်လို့ ပါ
Share this article
Adam Lambertဟာ Australia X-Factor ကိုရောက်ရှိလာတဲ့အချိန်မှာ အရင်နှစ်တွေထက် လူတွေက ဒီအစီအစဉ်ကိုပိုပြီးအာရုံစိုက်စိတ်ဝင်စားလာကြပါတယ်။ဘာကြောင့်လဲဆိုတော့ Adam ဟာ American Idol ရဲ့Finalist တစ်ဦးဖြစ်တဲ့အပြင် သူ့ ရဲ့ဖျော်ဖြေမူနှင့် လူနေမူပုံစံတွေက လူအများကို ဆွဲဆောင်နေလို့ ပဲဖြစ်ပါတယ်။Adam ဟာပြိုင်ပွဲဝင်နေစဉ်အတွင်းမှာဘဲ သူဟာGayတစ်ယောက်ဖြစ်တာကို  ကြော်ငြာခဲ့လို့ သူ့ ကို သဘောကျနှစ်ခြိုက်တဲ့လူတချို့ ဟာ အံ့သြသင့်ခဲ့ရပါတယ်။ ဘာကြောင့်ဒီလောက်ထိန့် လန့် ခဲ့ရသလဲဆိုတော့ Adam ဟာပြိုင်ပွဲစဉ်တစ်လျှောက်Rock သီချင်းနှင့် Blue, Jazz သီချင်းတွေကိုသာ သီဆိုခဲ့ပြီးလို့ ပါ။ Adamဟာသီချင်းပြိုင်ပွဲဝင်နေစဉ်တစ်လျှောက်  ဒိုင်တွေရဲ့  အထူးချီးမွမ်းခြင်းကိုခံရပြီး Steven Tyler ကမင်းက Rock လောကမှာ အံ့သြစရာ ကောင်းလောက်အောင် ထူးခြားကောင်းမွန်တဲ့ အဆိုရှင်တစ်ယောက်ပါ။ မင်းရဲ့ ဖြေဖျော်မူ တစ်ခုစီတိုင်းမှာ Rockဆိုတဲ့စစ်မှန်တဲ့ အနှစ်သာရကို အပြည့်အဝ ခံစားနိုင်စေတယ်  လို့ ချီးမွမ်းစကားဆိုခဲ့ပါတယ်။
Adam နှင့် Duet ဆိုရတာအရမ်းမိုက်တယ်။သူရဲ့Higt Noteသီဆိုနိုင်မူဟာ ကျွန်မKeyနှင့်နီးနီးလေးပါ။ သူ့ ခံစားသက်ဝင်မူနှင့်   သူရဲ့ဆိုပုံဆိုပေါက်တွေဟာ ပရိတ်သတ်တွေကိုဖြေဖျော်ရေးသက်သက်မဟုတ်ဘဲ၊ နားထောင်နေတဲ့သူရဲ့ ခံစားမူကိုအမြင့်ဆုံးရောက်အောင်ပို့ ဆောင်ပေးနိုင်ပါတယ်။သူ့ လိုလူနောက်တစ်ယောက်ဖြစ်ဖို့  ဆိုတာတော်တော်လေးရှားပါတယ်လို့ Leona Lewis ကချီးမွမ်းစကားဆိုထားပါတယ်။
Adam ဟာ Queen Bandနှင့်လက်တွဲပြီး တကိုယ်တော်Tourဖြေဖျော်ရေးပွဲတော်ကျင်းပပြီး ဖျော်ဖြေတဲ့မြို့ တိုင်းမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့ပြီး၊ တကိုယ်တော်ဖြေဖျော်ရေးပွဲတွေမှာလည်း သူ့ ပရိတ်သတ်တွေနှင့် ပိုမိုနွေးထွေးမူရှိစေမယ့် သီချင်းတွေကိုသာ သီဆိုခဲ့ပါတယ်။ ဒါ့အပြင်ပရိတ်သတ်တွေကို ခံစားမူအသစ်တွေ ရရှိစေချင်တဲ့အတွက် သီချင်းပုံစံတွေကိုလည်း Versionပြောင်းပြီး ဖျော်ဖြေခဲ့တာကို တွေ့ ရပါတယ်။
လက်ရှိ Austraila X-Factors မှာ ဒိုင်တစ်ယောက်အဖြစ်ပါဝင်လာမယ့် Adam ဟာဖွင့်ပွဲစတာနှင့် ပွဲကိုဆူစေပြီးဖြစ်ပါတယ်။သူဘယ်လိုထပ်ပြီးအောင်မြင်မူတွေကိုထပ်ပြီးသိမ်းပိုက်မလဲဆိုတာအားပေးရင်း ဆက်လက်ကြည့်ရူအားပေးစေချင်ပါတယ်။
Share this article
TOP 5 ARTICLES
Celebrity News   |   Posted on Oct 16, 2017
Reputation ရဲ့အပိုင်းအစတခ...
Sign Up for MODA Newsletters
Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.