Parties & Events   |   Posted on Nov 14, 2018 by Min Chit Paing

A|X Armani Exchange ရဲ့ Fall / Winter 2018 Collection Launching Party


အမိုက်စားဖက်ရှင်တွေနဲ့ စတိုင်ကျကျ Celebrities တွေကို မြင်တွေ့ရတဲ့ Super Fashion Sunday Night

Share this article

A|X  Armani Exchange ရဲ့ Fall / Winter 2018 Collection Launching Party ကို နိုဝင်ဘာ ၄ ရက်နေ့၊ တနင်္ဂနွေရဲ့ ညနေခင်းအချိန်အခါ တစ်ခုတွင် Myanmar Plaza ရှိ Armani Exchange ဆိုင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲတွင် A|X Armani Exchange ရဲ့ Fall / Winter 2018 Collection တွေကို နာမည်ကျော်မော်ဒယ်တွေ ဖြစ်တဲ့ ချာလီ၊ မိုးမာန်၊ မေရတီဇော်နဲ့ ထက်ထက်တွန်း တို့က ဝတ်ဆင်ပြီး တင်ဆက်ပြသခဲ့ပါတယ်။ MODA မဂ္ဂဇင်းမှ Fashion Stylists များက Armani Exchange ရဲ့ Fall / Winter 2018 Collection ထဲမှ အလှဆုံးသော ဝတ်စုံတွေကို မော်ဒယ်တွေ ဝတ်ဆင်ဖို့ ရွေးချယ်ဆင်ယင်ပေးခဲ့ပြီး မော်ဒယ်တွေရဲ့ ဝတ်ဆင်ပြသမှုများနဲ့ ပတ်သက်ပြီး A|X  Armani Exchange Collection အကြောင်းကိုလည်း ရှင်းပြပေးခဲ့ပါတယ်။ အဲဒီပွဲကို အေးမြတ်သူ၊ ပိုင်ဖြိုးသု၊ စန္ဒီမြင့်လွင်၊ ဝါဆိုမိုးဦး၊ ချမ်းမင်းရဲထွဋ် ၊ Sofia ၊ မေတိုးခိုင် နဲ့အတူ အခြားအနုပညာရှင်များ၊ influencer များလည်းတက်ရောက်ခဲ့ပါတယ်။

ဒီပွဲတွင် တင်ဆက်ပြသခဲ့တဲ့ A|X Armani Exchange Men Fall Winter 2018 Collection ကို လူငယ်ဆန်တဲ့ အငွေ့အသက်တွေနဲ့ အတူ A|X ရဲ့ Signature အတိုင်း လွတ်လပ်ပေါ့ပါးပြီး တက်ကြွတဲ့ ခံစားမှုတွေကို ခံစားရမှာဖြစ်ပါတယ်။ ဒီနေ့ခေတ်ရဲ့ Trend မှာ ရေပန်းစားနေတဲ့ Over Size T-Shirt တွေ၊ တစ်ထည်လုံးပြည့် အမိုက်စား Printed Design T-Shirt တွေနဲ့ တမူထူးခြားပြီး လှပနေတဲ့ Logo T-Shirt တွေက အားလုံးရဲ့ ရင်ထဲကို ရောက်ရှိစေမှာ အမှန်ပဲဖြစ်ပါတယ်။ အရောင်အသွေး စုံလင်သော Geometric Pattern တွေအပြင် ဆန်းသစ်တဲ့ ဒီဇိုင်းတွေဖြင့် ပုံဖော်ထားတဲ့ ဝတ်စုံတွေနဲ့ တွဲဖက်အသုံးဆောင်တွေက ဖက်ရှင်ချစ်သူတွေကို အကြိုက်တွေ့သွားစေမှာ ဖြစ်ပါတယ်။ လွတ်လပ်မှုကို ထင်ဟပ်စေတဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ဖန်းတီးထားပြီး သွက်လက်နုပျိုတဲ့ လူငယ်တွေရဲ့ ဟန်ကိုရရှိစေတဲ့ Bombar Jackets တွေ၊ Cargo ဘောင်းဘီတွေနဲ့  Hoodies အနွေးထည်တွေပါဝင်တဲ့ A|X ရဲ့ Collection ကတော့ ဒီနှစ်ဆောင်းရာသီအတွက် မရှိမဖြစ် Collection တစ်ခုပဲဖြစ်ပါတယ်။

A|X Armani Exchange Women Fall Winter 2018 Collection ကိုတော့ ၁၉၈၀ အငွေ့သက်တွေလွှမ်းနေတဲ့ ဖက်ရှင်ဒီဇိုင်းတွေကို ခေတ်နဲ့ လျော်ညီအောင် ပြန်လည်ဆန်းသစ်ဖန်တီးပြီး ဒီရာသီအတွက် အကောင်းဆုံး Collection တစ်ခုအဖြစ် အသက်သွင်းခဲ့ပါတယ်။ မိန်းကလေးတွေရဲ့ ပင်ကိုယ်အလှအပနဲ့ ကောက်ကြောင်းအလှကို ပေါ်လွင်ထင်ရှားစေတဲ့ ဘောင်းဘီတွေကို ဇာအသားကပ်ခြေအိတ်ရှည်တွေ၊ Boots တွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ အများနဲ့ ကွဲထွက်ပြီး ကျော့ရှင်းထင်ပေါ်နေမှာ ဖြစ်ပါတယ်။ ဆောင်းတွင်းရဲ့ အငွေ့အသက်တွေရရှိအောင် အနီရောင်၊ ပန်းရောင်၊ လိမ္မော်ရောင်နဲ့ ခရမ်းရောင်တွေကို အဖြူ၊ အနက်နဲ့ တွဲဖက်ပြီး ရိုးရှင်းကျော့မော့တဲ့ အသွင်တစ်ခုအတိုင်း ဝတ်ဆင်နိုင်သလို ရွှေရောင်၊ ငွေရောင် စတဲ့ တလက်လက်တောက်ပတဲ့ အရောင်တွေနဲ့ တွဲဖက်ပြီး ထင်ပေါ်လင်းလက်တဲ့ အသွင်တစ်ခုကိုလည်း ဖန်တီးရယူနိုင်ပါတယ်။ လွတ်လပ်ပေါ့ပါးပြီး စတိုင်ကျတဲ့ T-Shirt နဲ့ Hoodies အတွဲအဖက်ကို လှပတဲ့ Accessories တွေပေါင်းစပ်ပြီး လူငယ်ဆန်တဲ့ ဖက်ရှင်တွေကို ဖန်တီးနိုင်မှာပါ။ မိန်းကလေးတွေရဲ့ ယုံကြည်မှုနဲ့ အလှတရားအတွက် ညှို့အားပြင်းစတိုင်ကျတဲ့ ဖက်ရှင်ဒီဇိုင်းတွေသာမက သဘာဝကျရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ ဒီဇိုင်းတွေနဲ့ပါ ပုံဖော်ဖန်တီးထားတဲ့ Collection တစ်ခုဖြစ်လို့ ဖက်ရှင်ချစ်သူ အားလုံးအတွက် ကျေနပ်မှု ရရှိစေမှာ အသေချာပဲဖြစ်ပါတယ်။

Editor: Min Chit Paing

 

 



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.