Trends   |   Posted on Nov 18, 2017 by Elijah htang

Balmain နဲ့ပူးပေါင်းပြီး Limited Collection တွေမိတ်ဆက်ဦးမယ့် The Victoria’s Secret Fashion Show


ပိုက်ဆံတွေစုထားတော့နော် ကောင်မလေးတွေ . . .ဒါတွေကလည်းအရမ်းမိုက် . . .

Share this article

အမျိုးသမီးထုကြီးရဲ့ အသည်းစွဲ Victoria’s Secret ကတော့ဒီတစ်ခါမှာလည်း နာမည်ကြီး Balmainနဲ့ပူးပေါင်းပြီး Limited edition တွေအနေနဲ့ #VSxBalmain collection တွေကိုမိတ်ဆက်ပေးတော့မှာပါ။ အဲ့ Balmain collection တွေကိုမကြာခင် Shanghai မှာကျင်းပမယ့် Victoria’s Secret Fashion Show ကြီးရဲ့  Runway မှာလည်းမြင်တွေ့ရမှာဖြစ်သလို ၀ယ်လည်းဝယ်ယူနိုင်မယ် လို့ပြောပါတယ်။ Balmain ရဲ့  Designer နဲ့ Creator ဖြစ်တဲ့ Olivier Rousteing လည်းသူ့ရဲ့New Collaboration ကိုအခုလိုပြောပြပါတယ်။ “ ကျွန်တော်တို့ရဲ့ဖန်တီးမှုက အမျိုးသမီးတိုင်းရဲ့  ရဲ့ရင့်ပြတ်သားမှု၊ကိုယ်ရည်ကိုယ်သွေးပြည့်ဝမှုနဲ့မိမိကိုယ်ကိုယုံကြည်မှုရှိမှုတွေကိုရည်ညွှန်းပါတယ်။ ကာလာတွေကိုလည်းရဲရင့်မှုကိုကိုယ်စားပြုတဲ့အနီရောင်နဲ့အနက်ရောင်ကို metallic/glitter နဲ့ embellished details တွေနဲ့ပေါင်းစပ်ဖန်တီးထားပါတယ်” လို့ပြောပါတယ်။ ကဲ Runway ကြီးပေါ်မှာဘယ်အမိုက်စားမော်ဒယ်တွေက#VSxBalmainဖက်ရှင်တွေကိုဝတ်ပြီးလျှောက်ပြဦးမလဲစောင့်ကြည့်ကြရအောင်။

Ref: EllE

Editor: May Shoon



Share this article

TOP 5 ARTICLES


Beauty Box   |   Posted on Nov 14, 2018

The Body Shop ရဲ့ ရင်ခုန်...


Celebrity Beauty   |   Posted on Nov 14, 2018

DRAMA SERIES အသစ်တစ်ခုထွက...


Celebrity Beauty   |   Posted on Nov 14, 2018

လှပလွန်းတဲ့ ရွှေမှုံရတီရဲ့...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.