Makeup   |   Posted on Dec 8, 2016 by kiki

Beauty Junkie,Bloggerနဲ့ Artistတွေ သဘောကျဦးမယ့် တက်တူးများ


အလှအပရေးရာကိုစိတ်ဝင်စားပြီးအမြဲထိတွေ့ကိုင်တွယ်နေရတဲ့သူတွေအတွက်တော့ ဒီတက်တူးတွေက ထိုးချင်လာအောင် စွဲဆောင်နိုင်ဦးမှာ အသေအချာပါပဲ။

Share this article

နှုတ်ခမ်းနီနဲ့နှုတ်ခမ်းပုံပါတဲ့ တက်တူးဒီဇိုင်းလေးဟာ အရမ်းလည်းမကြီး အရမ်းလည်းမသေးတဲ့အပြင် အရမ်းချစ်ဖို့ကောင်းတဲ့အတွက် ကြိုက်ကြဦးမှာပါ။နှုတ်ခမ်းနီခရေဇီတွေအတွက် ပိုမိုက်နေမှာပါ။

ဆံပင်ညှပ်ဆရာတွေနဲ့ဆံပင် Stylistတွေအတွက်တော့ ကပ်ကြေးပုံတက်တူးသေးသေးလေးက လိုက်ဖက်စေပါလိမ့်မယ်။

နှုတ်ခမ်းနီမှနှုတ်ခမ်းနီဆိုသူတွေအတွက် နှုတ်ခမ်းနီတစ်တောင့်တည်းလေးပေါ့

အိမ်ကလည်းဆူမှာကြောက်တယ်တက်တူးလည်းထိုးချင်တယ် ကိုယ်ကလည်း Beauty Junkieလေးလည်းဖြစ်တယ်ဆိုရင် မျက်တောင်ပုံစံလေးကို စမ်းကြည့်သင့်ပါတယ်။

Bobby Pinလေးတွေကလည်းဆံပင် ပြင်တဲ့အခါ တကယ်ကိုအရေးကြီးတယ်နော်။ဒီလောက်အရေးကြီးပြီးချစ်စရာကောင်းတဲ့ Bobby Pinလေးကိုလည်း ပစ်မထားသင့်ပါဘူး။

လက်သည်းနီတွေမှောက်သွားတဲ့အခါ အရမ်းစိတ်ညစ်ရ ၀မ်းနည်းရပါတယ်။ဒါပေမယ့် လက်သည်းနီပုလင်းလေးမှောက်နေတဲ့ပုံကို ဒီဇိုင်းလေးဖော်ပြီး ထိုးလိုက်မယ်ဆိုရင် တစ်မျိုးဆန်းပြီး ချစ်စရာကောင်းနေမှာပါ။

တချို့တွေက နှုတ်ခမ်းနီစုရတာ ၀ါသနာပါကြပါတယ်။တချို့ကတော့ မျက်တောင်ကော့ဆေးတွေ၊ပါးနီတွေ စုရတာ ၀ါသနာပါပါတယ်။နှုတ်ခမ်းနီတွေက အပေါ်မှာပြပြီးသားမို့ မျက်တောင့်ကော့ဆေးပုံလေးကို အကြုံပြုပါရစေ။အရမ်းချစ်စရာကောင်းပြီး ထင်းရင်းနေမှာပါ။

နှုတ်ခမ်းနီကိုမှ ရိုးရှင်းတာကို မကြိုက်သူတွေအတွက်ကတော့ ဒီဒီဇိုင်းလေးက အမြင်သစ်ကိုပေးစွမ်းမှာပါ။3Dပုံစံရောင်စုံ နှုတ်ခမ်းနီလေးက တကယ်ဆန်းသစ်နေတာတော့အမှန်ပါပဲ။

မိတ်ကပ်ပစ္စည်းတွေကို အသည်းပုံနောက်ခံလေးနဲ့ ပြထားတဲ့ဒီဇိုင်းလေးဟာ Makeup Artistတွေ အတွက်တော့ ရင်ခုန်ချင်စရာပါပဲ။

ဘရပ်ရှ်လေးတွေကလည်းအရေးပါတာမို့လို့ မမေ့သင့်တဲ့အထဲမှပါပါတယ်။

သင်ကbrandချစ်သူတစ်ယောက်ဆိုရင်လည်းကိုယ့်ရဲ့အသည်းစွဲCosmetics Brandလေးကိုဒီလိုရေးလို့ရသေးတယ်နော်။

www.instyle.com

SuYiHtet

 

Save



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Apr 20, 2018

Busking ပုံစံ Public Area...


Film & Music   |   Posted on Apr 19, 2018

April လမှာ လက်မလွှတ်ပဲ နား...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.