Interiors   |   Posted on Oct 25, 2017 by Elijah htang

Beverly Hills မှာ ဒေါ်လာ 8 million တန် အိမ်ကြီးဝယ်ယူလိုက်တဲ့ Kendall Jenner


ဒီအိမ်ရဲ့စားဖိုဆောင်ကိုတော့ သဘောအကျဆုံးပဲ . . .

Share this article

Kendell Jenner ဟာပြီးခဲ့တဲ့အပတ်ကဘဲ Beverly Hills မှာ ဒေါ်လာ 8.55 မီလီယံတန်ဖိုးရှိတဲ့အိမ်ကြီးကိုဝယ်ယူလိုက်ပြန်ပါတယ်။ Kendall တစ်ယောက်သူ့သူငယ်ချင်းတွေနဲ့ Party လုပ်ဖို့နေရာတစ်ခုထပ်ရသွားပြီပေါ့။ 6,625 square feet ကျယ်ဝန်းတဲ့ Kendall ရဲ့ Spanish­-Style အိမ်ကြီးက Mulholland Estate မှာတည်ရှိပါတယ်။ အဲ့ဒီ့ ရပ်ကွက်မှာ သီးသန့် security တွေလည်းရှိသလို Christina Aguilera နဲ့ DJ Khaled တို့လိုတခြား Celebrity တွေလည်းနေကြပါတယ်။ အ၀င်ဂိတ်ကလည်းတော်တော်လုံခြုံတာမို့ Kendall တော့ Paparazzi တွေ   နှောင့်ယှက်တဲ့ဒဏ်ကနေအေးအေးဆေးဆေးအနားယူနိုင်မှာသေချာတယ်။ ဒီ manison အသစ်ကြီးမှာပါဝင်တဲ့ facilities တွေကတော့ အိပ်ခန်းငါးခန်း၊ ရေချိုးခန်းခြောက်ခန်း၊ ရေတံခွန်၊ ရုပ်ရှင် theater ၊ ရေကူးကန်၊ spa၊ တင်းနစ်ကွင်း၊ Kendall ရဲ့ တူ၊တူမလေးတွေကစားဖို့ကစားကွင်း စသည်ဖြင့်အများကြီးပါဝင်ပါတယ်။ ဒီအိမ်ကြီးကိုအရင်က Charlie Sheen တို့ Tom Gores တို့လည်းနေထိုင်ဖူးပါတယ်။ အခုတော့ Kendall ပိုင်ဆိုင်သွားပြီဖြစ်တဲ့ ဒီအိမ်ကြီးရဲ့  အပြင်အဆင်တွေကိုတစ်ချက်လောက်လေ့လာကြည့်ရအောင်။

Ref: EllE



Share this article

TOP 5 ARTICLES


Celebrity Style   |   Posted on Nov 15, 2019

မြန်မာဝတ်စုံအလှနဲ့ Teresa...


Celebrity News   |   Posted on Nov 8, 2019

Nihi Sumba resort ကို Hon...


Parties & Events   |   Posted on Nov 8, 2019

MDS မှ Junction Square တွ...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.