travel   |   Posted on Oct 5, 2016 by Elijah htang

ဗီယက်နမ်ရဲ့ နှလုံးသား Hochiminh မြို့တော်သို့လည်ပတ်ခြင်း


ံHochiminh ကိုရောက်ရင် မသွားမဖြစ်နှင့် အသွားသင့်ဆုံးနေရာများ

Share this article

ဟိုချီမင်းဟာ ဗီယက်နမ်နိုင်ငံရဲ့ အထင်ကရ ကမ္ဘာလှည့်ခရီးသည်တွေအများအပြား ဝင်ထွက်သွားလာရာ စည်ကားတဲ့မြို့တော်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရန်ကုန်မြို့တော်နဲ့ ၂၀၁၂ ခုနစ်မှာ ညီအမမြို့တော်တစ်ခုအဖြစ် စာချုပ်ချုပ်ဆိုခဲ့ပြီး  အခြားနိုင်ငံက အထင်ကရ မြို့တော်ပေါင်းများစွာနဲ့ စာချုပ်ချုပ်ဆိုထားတဲ့ ချစ်ကြည်ရေးမြို့တော်တစ်ခုလည်းဖြစ်ပါတယ်။ သမိုင်းကြောင်းရှည်လျားတဲ့ မြို့တော်တစ်ခုဖြစ်ပြီး  လည်ပတ်စရာ စိတ်ဝင်စားစရာ နေရာတွေများပြားတဲ့ အတွက် မြန်မာပြည်က ပရိသတ်တွေအားလုံး သွားလာလည်ပတ်ရေးမှာ အထူးအဆင်ပြေစေဖို့ရည်ရွယ်ပြီး Vietnam Airline က မြန်မာမီဒီယာများအတွက် အထူးစီစဉ်ပေးခဲ့တဲ့ ဗီယက်နမ်ခရီးစဉ်များထဲက ဟိုချီမင်းမြို့တော်အကြောင်းကို တင်ပြပေးလိုက်ပါတယ်။

War Remnants Museum
Location        Ho Chi Minh City , Vietnam
Address                  28 Ð Vo Van Tan cnr Ð Le Quy Don
Telephone     +84 8 3930 5587
More information www.baotangchungtichchientranh.vn
Prices admission 15,000d
Opening hours 7.30am-noon & 1.30-5pm

ဗီယက်နမ်ရဲ့ စစ်ပွဲတွေဖြစ်တဲ့ တရုတ်ဗီယက်နမ်စစ်ပွဲ၊ တရုတ်အမေရိကန်စစ်ပွဲတွေတုန်းက ကျန်ရှိခဲ့တဲ့ စစ်ဘက်ဆိုင်ရာသုံး ပစ္စည်းများနဲ့ စစ်တွင်းပုံရိပ်များကို ပြန်လည်ခံစားနိုင်တဲ့ ပြတိုက်တစ်ခုပါ။ စစ်ရဲ့ အနိဌာရုံတွေအများအပြားကို ပြတိုက်အတွင်းမှာ အထွေအထူးတွေ့ရှိရမှာလည်းဖြစ်ပါတယ်။  စစ်အတွင်းရန်သူတို့ရဲ့  ရက်စက်ခြင်းတွေကို ယနေ့လူသားတွေ သိရှိနိုင်စေဖို့အထူးရည်ရွယ်ဖန်တီးထားတဲ့ ပြတိုက်တစ်ခုပဲဖြစ်ပါတယ်။  ပြတိုက်ရဲ့ မြေညီထပ်မှာတော့  စစ်ဆန့်ကျင်ရေး ဓါတ်ပုံတွေ ပိုစတာတွေကိုလည်း ပြသထားပြီး စစ်ဒဏ်ခံရတဲ့ ကလေးသူငယ်တွေရဲ့ ပုံရိပ်လေးတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ အပေါ်ထပ်မှာတော့ သေလွန်သူတွေကို ဆုတောင်းထားတဲ့  ပြခန်းတွေကို မြင်တွေ့ရမှာပါ။  စစ်ပွဲဓါတ်ပုံဆရာ Tim Page ရဲ့  ဓါတ်ပုံတွေကို တွေ့မြင်ရမှာဖြစ်ပြီး တော်လှန်ရေးတိုက်ပွဲအတွင်းမှာ သေဆုံးခဲ့ကြရတဲ့ Lurry Burrows eJY  Robert Capa တို့ရဲ့ ဓါတ်ပုံတွေကိုလည်းတွေ့ မြင်ရမှာဖြစ်ပါတယ်။ အဆိုပါ အဆောက်အဦးဟာ ယခင်က US Information Service building ဖြစ်ပြီး  ပြတိုက်အတွင်းရှိစာတမ်းတွေကိုတော့ အင်္ဂလိပ်လို ၊ ဗီယက်နမ်လိုမျိုးစာတမ်းတွေ ရေးထိုးထားပါတယ်။

Notre Dame Cathedral
Location - Ð Han Thuyen • interesting places nearby
Location - Ho Chi Minh City , Vietnam
Address - Ð Han Thuyen
Opening hours - Mass 9.30am Sun

၁၈၇၇ ခုနစ် နဲ့ ၁၈၈၃ ခုနစ်မှာ တည်ဆောက်ခဲ့တဲ့ Notre Dame Cathedral ခရစ်ယာန်ဘုရားရှိခိုးကျောင်းဟာ ဟိုချိမင်းမြို့တော်ရဲ့ အလယ်ဗဟိုမှာ တည်ရှိပြီး အစိုးရ ဝန်ကြီးဌာနတွေ တည်ရှိရာ  Ð Dong Khoi ရပ်ကွက်နဲ့  မျက်နှာချင်းဆိုင်လျက်တည်ရှိပါတယ်။ အုတ်သားဖြင့် တည်ဆောက်ထားတဲ့ ရိုမန်ကက်သလစ် ဘုရားကျောင်းဖြစ်ပြီး ၄၀ မီတာရှည်လျားတဲ့ ခေါင်းလောင်းတိုင်ကြီးဖြင့် ခန့်ထည်စွာ ကြည့်ရှုမဝနိုင်တဲ့ ဘုရားကျောင်းကြီးဖြစ်ပြီး အပျိုစင် မယ်တော် မာရီယာကို ကိုယ်စားပြု တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ အတွင်းနံရံတွေမှာတော့ သမ္မကျမ်းစာပါ နံရံဆေးရေး ပန်းချီတွေကို မြင်တွေ့ရမှာဖြစ်ပြီး အချိုနေရာတွေကိုတော့ ဖန်သားပြင်တွေနဲ့ ကာရံထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာဖြင့်  ပြောဆိုနိုင်တဲ့ တိုးရစ်ဂိုက်တွေကိုတော့ မနက် ၉ နာရီကနေ ၁၁ နာရီအထိ ထားရှိပေးထားတဲ့အတွက် အင်္ဂလိပ်မေးမြန်းပြောဆိုချင်တယ်ဆိုရင်တော့ အဆိုပါအချိန်တွေမှာ သွားရောက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

သတိပြုရန်
အဲဒီကို သွားမယ်ဆိုရင်တော့  ရှေ့ပေါက်ဝတံခါးက ပိတ်နေတဲ့အတွက်  Renufication နန်းတော်ဘက်ကနေ ဝင်ရောက်ဖို့ အထူးသတိပြုလိုက်ပါ။

 

Jade Emperor Pagoda
Location - Ho Chi Minh City , Vietnam
Address- 73 Ð Mai Thi Luu
Opening hours - 7am-6pm, on 1st & 15th of lunar month 5am-7pm
၁၉၀၉ ခုနစ်မှာ ကျောက်စိမ်းဘုရင်လို့ အမြတ်တနိုးခေါ်ဝေါ်ကြတ Ngoc Hoangဲ့   ဘုရင်းအရှင်သခင်      Taoist god အတွက် ရည်ရွယ်တည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းတစ်ခုဖြစ်ပြီး  လေဝင်လေထွက်ကောင်းအောင်ကျယ်ဝန်းတဲ့အတွက် လာရောက်ဖူးမျှော်သူများပြားတဲ့ ဘုရားကျောင်းတစ်ခုအဖြစ် တည်ရှိနေပါတယ်။ ထူးခြားတဲ့ ရုပ်ထုတွေဖြစ်တဲ့ phantasmal divinities ၊grotesque heroes တွေကိုလည်း ဖူးတွေ့နိုင်ပါတယ်။ ဘုရားကျောင်းရဲ့အတွင်းပိုင်းမှာလည်း  ဗုဒ္ဓရုပ်ပွားတော်တစ်ခုအပြင် တရုတ်ဗုဒ္ဓရုပ်ပွားတော်တွေကိုလည်း ဖူးမြင်နိုင်မှာဖြစ်ပါတယ်။ ညာဘက်ကို လှည့်လိုက်မယ်ဆိုရင်ကတော့  ၄ မီတာ အမြင့်ရှိ တဲ့ နဂါးစိမ်းကြီးကို တိုက်ခိုက်နေတဲ့ စစ်သေနာပတိချုပ်ကြီးကိုတွေ့ရပါလိမ့်မယ်။ ဘယ်ဘက်မှာတော့ ကျားဖြူကြီးကို တိုက်ခိုက်နေတဲ့ စစ်ဗိုလ်ချုပ်ရုပ်ထုကို တွေ့ရပါလိမ့်မယ်။  အဲဒီအခန်းထဲကနေထွက်ပြီး အပြင်ဘက်ကို ရောက်မယ်ဆိုရင် ဘယ်ဘက်အခန်းထဲကို ဝင်လိုက်ပါ။  တဝက်တပြက် အခန်းငယ်အတွင်းမှာ ပိတ်ထားတဲ့   Thanh Hoang ငရဲမင်းချုပ်ကြီးကိုတွေ့ရမှာ အသေအချာပဲဖြစ်ပါတယ်။ နောက်ပြီး ငရဲသားတွေက အပြစ်သားတွေကို အပြစ်ပေးတဲ့ အခန်းတွေ၊ ငရဲကြီး ၁၀ ထပ်အကြောင်းတွေကိုလည်း တွေ့ မြင်ရမှာဖြစ်ပါတယ်။ အမျိုးသမီးများအနေနဲ့မြို့စောင့်နတ်မင်းကြီးကို တန်းစီဖူးမျှော်နိုင်ပြီး အလှူငွေထည့်ကာ  ဆီမီးပူဇော်ဆုတောင်းနိုင်ပါတယ်။

Binh Tay Market
Location- Ho Chi Minh City , Vietnam
Address-57a ÐL Thap Muoi
More information-www.chobinhtay.gov.vn
Binh Tay Market ဟာ  နာရီစင်ကြီးတစ်လုံးအပါအဝင် လှပတဲ့ ဥယျာဉ်ငယ်တစ်ခုတည်ရှိတဲ့ ဈေးတန်းတစ်ခုဖြစ်ပါတယ်။ ကုန်းပစ္စည်းတွေကို အများအားဖြင့် လက္ကားရောင်းချလေ့ရှိပြီး ကမ္ဘာလှည့်ခရီးသည်တွေနဲ့ အမြဲလိုလိုစည်ကားနေတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။ ၁၈၈၀ ခုနစ်ပြင်သစ် ဗိသုကာပညာရှင်တွေနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး  အခုလက်ရှိအချိန်မှာတော့ ကွမ်ကျိုးမြို့က ပရဟိတဦးဆောင်သူ    Quach Dam က ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။  ဈေးမှာ မနက်စာစား ဗီယက်နမ်ကော်ဖီသောက်ရင်း ကိုယ့်ရဲ့ မိုးသောက်ချိန်ခါကို ကုန်ဆုံးဖို့အတွက်လည်း တိုက်တွန်းလိုက်ပါတယ်။

Central Post Office information
Location-Ho Chi Minh City , Vietnam
Address- 2 Cong Xa Paris

Notre Dame Cathedral ရဲ့ ညာဘက်ခြမ်းမှာရှိတဲ့ လမ်းကို ကူးပြီး ပြင်သစ်စတိုင်လ် တည်ဆောက်ထားတဲ့ ဗဟိုစာတိုက်ကြီးကို တွေ့ရမှာဖြစ်ပါတယ်။ ၁၈၈၆ ခုနစ်ကနေ ၁၈၉၁ ခုနစ်အထိ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံဖြစ်ပြီး  Eiffel Tower ကို ဒီဇိုင်းဆွဲခဲ့တဲ့  Gustave Eiffel ဒီဇိုင်းရေးဆွဲတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အဆောက်အဦရဲ့ အတွင်းနံရံတွေမှာဆိုရင် ဗီယက်နမ်နိုင်ငံတောင်ပိုင်း၊ ဆိုင်ဂုံမြို့မြေပုံနဲ့ ခ့သူသည ဈေးတို့ရဲ့ မြေပုံတွေကို ရေးဆွဲထားပြီး ထူးခြားချက်တွေဖြစ်တဲ့ြွေကပြားကပ် ကြမ်းပြင်နဲ့ ထူးခြားတဲ့ သံမဏိမပါတဲ့ လက်မှု လက်ရာတွေကို တွေ့ရမှာဖြစ်ပါတယ်။

Bitexco Financial Tower information
Location-Ho Chi Minh City , Vietnam
Address-2 Hai Trieu
More information-www.saigonskydeck.com
Prices- adult/children 200,000/130,000d
Opening hours- 9.30am-9.30pm

၆၈ ထပ်ပါရှိပြီး အမြင့်ပေ ၂၆၂ မီတာမြင့်တဲ့ မိုးမျှော်တိုက်အမျိုးအစားဖြစ်ပါတယ်။ ကြာဖူးပုံစံ ဖန်တီးထားပြီး စီဒီခွေအထပ်များ ထပ်ထားသလိုပုံစံ ဖန်တီးထားတဲ့အတွက် ထူးခြားတဲ့ ဗိသုကာလက်ရာတွေကိုလည်း ရှုမြင်ရမှာ အသေအချာပဲဖြစ်ပါတယ်။ တိုက်ရဲ့ ၄၈ ထပ်မှာတော့ ရှေ့ကို ရှေထွက်နေတဲ့ လဟာပြင် ဝရန်တာကို ဖန်တီးထားပြီး   Eon Heli Bar    မှာနေဝင်ဆည်းဆာ အလှများနဲ့  မြို့ပြအလှတွေကို ခံစားနိုင်ပြီဖြစ်ပါတယ်။

အထက်ပါ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တော် ခရီးစဉ်ကို Vietnam Airline ရဲ့ မြန်မာပြည် မီဒီယာများနဲ့ချစ်ကြည်ရေးခရီးစဉ်မှာ သွားရောက်ခဲ့တဲ့ ခရီးစဉ်တွေထဲက ကောက်နုတ်တင်ပြထားခြင်းဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းပြီး ပျော်ရွှင်စရာကောင်းတဲ့အပြင် အကုန်အကျလည်း အထူးသက်သာစေတဲ့အတွက် ပရိသတ်တွေအားလုံးလည်း Vietnam Airline နဲ့အတူ ဟိုချီမင်းမြို့တော်ကို အလည်သွားနိုင်ဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။

 

 

 



Share this article

TOP 5 ARTICLES


Sex & Relationships   |   Posted on Apr 29, 2017

နာမည်ကျော်ရုပ်ရှင်ဇာတ်ကား...


Celebrity News   |   Posted on Apr 29, 2017

Zombie ကမ္ဘာပျက်ကိန်းသာတစ်...


Celebrity News   |   Posted on Apr 29, 2017

ကမ္ဘာလှည့်ခရီးသည်ကြီး Shak...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.