Style Note   |   Posted on Feb 22, 2018 by Su Yi Htet Aung

BRIT Awards ပွဲမှာ ရင်သပ်ဖွယ် Couture Princess Dress ကို ၀တ်ဆင်လာခဲ့တဲ့ Dua Lipa


Dua Lipa ကို ဒီလို ၀တ်စုံနဲ့ ထူးထူးခြားခြား မြင်ရတာပါ။

Share this article

ပေါ့ပ်လောကရဲ့ နတ်သမီးတစ်ပါးဖြစ်တဲ့ Dua Lipa ဟာ မနေ့က လန်ဒန်မှာ ကျင်းပတဲ့ Brit Awards ပွဲကို ပုံပြင်ထဲက မင်းသမီးလေးတစ်ပါးအလား ထင်မှတ်ရအောင် ၀တ်ဆင်လာခဲ့ပါတယ်။အသက် ၂၂ နှစ်အရွယ် အဆိုကျော်ကောင်မလေး Dua Lipaဟာ ကော်ဇောနီထက်ကို the label ရဲ့ Spring 2018 Couture Collection က Giambattista Valli Gown ကိုဝတ်ဆင်လာခဲ့တာပါ။သူမရဲ့ ၀တ်စုံဟာ ပန်းဖျော့ရောင်ပါးပါးလေးဖြစ်ပြီး အထပ်ထပ် အလွှာလွှာတွေနဲ့ နောက်ကို ရှည်သွားအောင် ဖန်တီးထားတာဖြစ်ပါတယ်။ခါးနားမှာတော့ အနက်ရောင် ခါးပတ်တစ်ခုနဲ့ အလှဆင်ထားပြီး နောက်ဘက်က ကြည့်လိုက်ရင်လည်း ၀တ်စုံက တော်တော်လေး မိုက်တာ အမှန်ပါပဲ။


ဝတ်စုံက အထပ်ထပ်အလွှာလွှာတွေနဲ့ ၀တ်ရတာ ခက်ခဲတယ်လို့ ထင်ရပေမယ့်လည်း Dua  ကကော်ဇောနီပေါ်ကို အေးအေးဆေးဆေး ရောက်သွားခဲ့ပါတယ်။ကော်ဇောနီပေါ်မှာတော့ နည်းနည်း ဖြန့်ပေးခဲ့ရပေမယ့် Dua ဟာ သူမကိုယ်သူမ လုံးဝယုံကြည်မှုအပြည့်နဲ့ပါပဲ။



ဒီတစ်ခေါက်မှာတော့ ၀တ်စုံက မိန်းမလည်းဆန်ပြီး Princess လေးတစ်ယောက်လို ပုံဖော်ထားတာဆိုတော့ Dua ရဲ့ထုံးစံအတိုင်း Accessories တွေကို များများမသုံးထားတာ ထူးခြားချက်တစ်ခုဖြစ်ပါတယ်။
ဖိနပ်ကိုတော့ သူမရဲ့ ခါးပတ်နဲ့ လိုက်ဖက်အောင် အနက်ရောင်ကြိုးသိုင်း Strappy Heeled Sandals ကို ၀တ်ထားပြီး လက်ထဲမှာလည်း #Time’sUp Movement အတွက် အဖြူရောင်နှင်းဆီပန်းတစ်ပွင့် ကိုင်ဆောင်ထားခဲ့ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ပုံမှန်အားဖြင့် 90s Inspired လုပ်ထားတဲ့ အတွဲအစပ်တွေ၊Athleisure Fashion တွေနဲ့သာ တွေ့ရတဲ့ Dua Lipa မဟုတ်ဘဲ မင်းသမီးလေးလို ချစ်စဖွယ်ကောင်မလေးဖြစ်နေတဲ့ Dua Lipa ဖြစ်နေတာကိုတော့ သင်လက်ခံရမှာပါ။


Ref:vogue.com

Editor:Su Yi Htet

 



Share this article

TOP 5 ARTICLES


Parties & Events   |   Posted on Jun 19, 2018

ဥရောပနည်းပညာဖြင့် Bangkok...


Parties & Events   |   Posted on Jun 19, 2018

Season 3 ကိုရောက်ရှိလာပြီ...


Art & Books   |   Posted on Jun 14, 2018

လတိုင်း ဘယ်လိုငွေစုရမလဲ

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.