Red Carpet   |   Posted on May 15, 2019 by Yin Moe Shinn

Cannes Film Festival နဲ့ Red Carpet Fashion


ကိန်းရုပ်ရှင်ပွဲတော်နဲ့ အနုပညာရှင်တို့ ရဲ့ ပွဲတက်ဖက်ရှင်တချို့ .....

Share this article

ပြင်သစ်နိုင်ငံကိန်းမြို့ တွင်နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ Cannes Film Festival ပွဲကိုမေလမှာကျင်းပလေ့ရှိပြီးကမ္ဘာအရပ်ရပ်ကအမျိုးမျိုးသောရုပ်ရှင်ဇာတ်ကားသစ်တွေကို မြည်းစမ်းပြီးဆုချီးမြှင့်တဲ့ပွဲတော်ပါ။ဒီရုပ်ရှင်ပွဲတော်ကဆိုရင် ၁၉၄၆ ကတည်းကစတင်ခဲ့တာဖြစ်ပြီးမေလထဲမှာ

သာကျင်းပလေ့ရှိတဲ့ပွဲလေးပါ။ Festival International Du Film လို့ ခေါ်တဲ့ Cannes Film Festival ပွဲကဒီနှစ်ဆိုရင်နှစ်စဉ်ကျင်းပတာ ၇၂ ကြိမ်မြောက်ပွဲတော်နေ့ ဖြစ်ပြီး ကိန်းရုပ်ရှင်ပွဲတော်၂၀၁၆ ရဲ့ အကောင်းဆုံးဒါရိုက်တာဆုရခဲ့ သူ မက်ဆီကန်ဒါရိုက်တာ

Alejandro Gonzalez Inarritu ကဒီနှစ်ပွဲတော်ရဲ့ Jury President အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ကိန်းရုပ်ရှင်ပွဲတော်ကတော့ဖိတ်ကြားခံရသူအနုပညာရှင်တွေသာတက်ရောက်ခွင့်ရှိတဲ့ပွဲလေးဖြစ်ပြီးဒီနှစ်ရုပ်ရှင်ပွဲတော်ရဲ့ ဖွင့်ပွဲရုပ်ရှင်ကတော့ zombie comedy

film အမျိုးအစားဖြစ်တဲ့ The Dead Don't Dieဘဲ ဖြစ်ပါတယ်။ဒီဇာတ်ကားကိုကမ္ဘာကျော်ဒါရိုက်တာကြီးဖြစ်တဲ့  Jim Jarmuschရိုက်ကူးပုံဖော်ထားတာဖြစ်ပြီးအဓိကဇာတ်ကောင်တွေအဖြစ် Adam Driver , Bill Murray ,Selena Gomez ,Chloe Sevigny ,Tilda Swinton တို့ နဲ့ အတူအခြားနာမည်ကြီးအနုပညာရှင်များစွာလည်းပါဝင်ပါတယ်။ကမ္ဘာကျော်အဆိုတော်ဖြစ်တဲ့ Selena Gomezကအဆိုပိုင်းသာမကသရုပ်ဆောင်ပိုင်းမှာလည်းပီပြင်သူဖြစ်ပြီးသူမရဲ့ ဇာတ်ကားများစွာထဲမှာမှComedy Zombieအမျိုးအစားဖြစ်တဲ့ဒီဇာတ်ကားကိုလည်လူအများစိတ်ဝင်တစားစောင့်မျှော်နေမှာအသေအချာပါ။ဒီဖွင့်ပွဲဇာတ်ကားကို June 14 မှာစတင်ဖြန့်ချီမယ်လို့ သိရပါတယ်။ကဲဒီတော့ကိန်းရုပ်ရှင်ပွဲတော်ရဲ့ ဖွင့်ပွဲဇာတ်ကားဖြစ်တဲ့ The Dead Don’t Die ဇာတ်ကားသရုပ်ဆောင်တချို့ နဲ့ အတူအခြားအနုပညာရှင်တချို့ ရဲ့ Cannes Film Festival ပွဲတက်ဖက်ရှင်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

Editor : Bo

 

 

 



Share this article

TOP 5 ARTICLES


Hair   |   Posted on May 21, 2019

ပုဝါတစ်ထည်နဲ့ HAIR LOOK အ...


Trends   |   Posted on May 21, 2019

2019 ရဲ့ Runway ပေါ်က Seou...


Fashion News   |   Posted on May 20, 2019

Fenty Beauty ပြီးတော့ lux...


Fashion News   |   Posted on May 17, 2019

Calvin Klein ရဲ့ New Camp...

Sign Up for MODA Newsletters







Why we asked you this information to be in touch with us? We will regularly send you some news, invitations, promotions, etc, by email or by SMS.